လူမျိုးရေး သွေးထိုးမှုလုပ်တတ်တဲ့ မြန်မာစစ်တပ် ရှမ်းမြောက်စစ်ပွဲ အဆုံးအရှုံးကြုံနေချိန်မှာ စစ်တပ်လိုလားသူတွေဇောင်းပေးနေသလို တရုတ်ဆန့်ကျင်ရေးနဲ့ လူမျိုးရေးထောက်ချောက်ထဲ ကျမသွားဖို့ တရုတ်၊ မြန်မာ နိုင်ငံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာလှကျော်ဇောက သတိပေးပါတယ်။ ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
အခုစက်တင်ဘာလထဲမှာ စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းတွေ ထပ်မံမြင့်တက်လာလို့ တောင်သူတွေ အခက်ကြုံနေရပါတယ်။ ဒီသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျက ဘယ်လိုရှိပါသလဲ။ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီအကြီးအကဲ စစ်တိုင်းဌာနချုပ်များ စည်းရုံးရေးခရီးစဉ်အတွင်း လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ၊ ဆုံးရှုံးနယ်မြေတွေ တန်ပြန် ထိုးစစ်ဆင်မယ်လို့ ကြုံးဝါး၊ အရပ်သားနေရာများ စစ်တပ်လေကြောင်းထိုးစစ် ကလေးများပါ သေဆုံး၊ တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အာဖရိကတိုက် အရှေ့မြောက်ပိုင်း ဆူဒန်နိုင်ငံမှာ ရေသွင်းစိုက်ပျိုးရေးအတွက် ကုန်ကျစာရိတ်များပြီး ပုံမှန်မရတဲ့ လျှပ်စစ်မီး အစား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေကို အသုံးပြုလာကြရာကနေ ဆိုလာနဲ့ပတ်သက်ပြီး အပိုပစ္စည်းရှားပါးလာတဲ့အတွက် ထုတ်လုပ်မှုအပိုင်းမှာ အခက်အခဲတွေရှိလာပါတယ်။
မြန်မာပြည်အလယ်ပိုင်း ပူပြင်းချောက်သွေ့တဲ့ ရေနံချောင်းတို့ ချောက်တို့မှာ အပင်တွေကို ရေသိပ်လောင်းစရာ မလိုပဲ၊ ရေငတ်ဒဏ် ခံနိုင်အောင် ကူညီတဲ့ ဗက်တီဗာ မြက်အကြောင်း ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
အိန္ဒိယကုန်သွယ်ရေးကို မြှင့်တင်ဖို့အတွက် ဒေါ်လာ(၉)ဘီလျံ တန်ဖိုးရှိတဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့်ကို ဝန်ကြီးချုပ်မိုဒီအစိုးရက ခွင့်ပြု၊ ဗီယက်နမ်မှာ မိုးသည်းထန်တာကြောင့် နဂါးမောက်သီးနဲ့ အခြားစားပင်စိုက်ခင်းတွေ ရေမြုပ်ဆုံးရှုံးရတဲ့အတွက် ခြံသမားတွေ အခက်တွေ့နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အမေရိကန်ရဲ့ တောင်ဘက် တိုင်းပြည်တွေကနေ ထွက်ပြေးလာကြသူတွေဟာ အရီဇိုးနား ပြည်နယ်ထဲက သဲကန္တာရကို ခြေလျင် ဖြတ်ကျော်ပြီး အမေရိကန်မှာ အခြေချနိုင်ဖို့ ကြိုးစားကြတာပါ။ သူတို့တွေရဲ့ ဒုက္ခ နဲ့ အသက်ဘေးကို ကူညီဖို့ ကြိုးစားကြပုံအကြောင်းကို ရိုက်တာ သတင်းဆောင်းပါး အခြေခံပြီး ဦးတင်မောင်သန်း က တင်ပြထားပါတယ်။
မျောက်ကျောက်လို့ လူသိများခဲ့တဲ့ Mpox ရောဂါ ဘယ်လို စကူးစက်ခဲ့ပြီး၊ ဘယ်လိုကာကွယ်နိုင်ပါလဲ။ ဒီအကြောင်း နယူးယောက်မြို့ Wyckoff Heights ဆေးရုံ အထွေထွေရောဂါကုဌာန ဒုဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကို အင်တာနက်ဖုန်းကတဆင့် ကူညီပေးလာခဲ့တဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ကိုဝင်းမင်းက မေးထားပါတယ်။
စစ်မှုထမ်း တပ်သားသစ်အတွက် ပြည်ပရောက် ‘ဝ’ အမျိုးသားတွေကို ‘ဝ’ တပ်ဖွဲ့ UWSA နေရပ်ပြန်လာဖို့ ခေါ်ထား၊ ချင်းပြည်နယ်၊ ဟားခါးမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသားပြတ်လပ်မှုကြောင့် Non-CDM ဝန်ထမ်းတွေကိုလည်း လစာပုံမှန် ထုတ်မပေးနိုင်တော့တဲ့ အခြေအနေ ရောက်သွား၊ စသည်
ကရင်နီပြည် ဒီးမော့ဆိုမြို့အနီး နန်းမယ်ခုံမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့၊ တဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကတော့ ဒေသခံပြည်သူတွေကို အကူအညီပေးဖို့ ဆောင်ရွက်နေကြတာတွေ့ရပါတယ်။ ကရင်နီဒေသကနေ ရိုက်ကူးတင်ဆက်ထားတာပါ။
စက်တင်ဘာ ၅၊ ၂၀၂၄ - မျောက်ကျောက်လို့ လူသိများခဲ့တဲ့ Mpox ရောဂါ ဘယ်လို စကူးစက်ခဲ့ပြီး၊ ဘယ်လို ကာကွယ်နိုင်ပါလဲ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။