ကရင်နီဒေသဟာ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ရှိခဲ့ပေမယ့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု စုဖွဲ့မှုမှာ ပြည်နယ်အဆင့် အစိုးရအနေနဲ့ ရပ်တည်မှာ ဖြစ်တယ်လို့ KNPP အတွင်းရေးမှုးလည်းဖြစ်၊ ကရင်နီအစိုးရ ဒု-ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ခူး ဒယ်နီရယ် က ပြောပါတယ်။
တရားထိုင်တာ စိတ်ငြိမ်စေတယ်၊ စိတ်ပူပန်မှုတွေ ပျောက်စေလို့ တရားထိုင်ဖြစ်ကြတယ်လို့ နယူးယောက်မြို့မှာနေတဲ့ မြန်မာကလေးငယ်တွေက ပြောပါတယ်။ ကလေးလည်း ကလေးအလျောက် ကျောင်းစာတွေနဲ့ပတ်သက်ပြီး ဖိစီးမှုတွေ ကြုံရတာပါ။ ကလေးတွေနဲ့ အတူတူ တရားထိုင်တာနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စကားတွေကို မကြေးမုံ ပြောပြထားပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ ခက်ခဲမှုတွေကြောင့် ရေကြည်ရာမြက်နု နိုင်ငံခြားတွေ ရွှေ့ပြောင်းအခြေချသူတွေထဲ ရုပ်သေးရုပ်လေးတွေလည်း ပါဝင်ပါတယ်။ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ ပြည်ပမှာ ဖျော်ဖြေနေတာပါ။ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ မညိုညိုလွင် တင်ဆက်ပေးထားပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်ဆလင်တွေ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကြုံခဲ့ရတာ ၇ နှစ်ပြည့်သွားခဲ့ချိန်မှာတော့ ဒီအကြမ်းဖက်မှုရဲ့ ဓားစာခံ အမျိုးသမီးငယ်လေး တဦးကတော့ အမေရိကန်လွှတ်တော်မှာပါ လူ့အခွင့်အရေး ပြောဆိုတင်ပြခွင့်ရသူ ဖြစ်နေပါပြီ။ မခင်လေး ဆက်သွယ် စကားပြောထားပါတယ်။
ပြင်သစ်နိုင်ငံ မာဆေးမြို့က ဥရောပသမိုင်း ပြတိုက်ကို အဝတ်ဗလာနဲ့ ဝင်ကြည့်ခွင့်ရ၊ နယ်သာလန်နိုင်ငံမှာတော့ အနီရောင်ဆံပင်ရှိသူတွေ နှစ်တိုင်းတွေ့ဆုံနေကြ စုဝေးပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဘယ်အတိုင်းအတာ လုပ်နိုင်ခဲ့ပါလဲ။ အပြောင်းအလဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့အကြောင်း စာအုပ်သစ်ထုတ်လိုက်တဲ့ စီးပွားရေး အထူးအကြံပေး စီးပွားရေးပညာရှင် Sean Turnell ကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
တည်ငြိမ်ကောင်းမွန်တဲ့ဆက်ဆံရေးကိုလိုလားပါတယ်လို့ တရုတ်သမ္မတရှီကျင်းပင်က အမေရိကန်လုံခြုံရေးအကြံပေးJake Sullivanကိုပြောဆိုခဲ့ပါတယ်ဂျပန်ကတော့ကာကွယ်ရေးအသုံးစားရိတ်တိုးမြှင့်ဖို့ပြင်ဆင်နေပါတယ်။ အင်ဒိုနီးရှားနဲ့ သြစတျေးလျားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့သဘောတူလိုက်ပါတယ်ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်
လက်နက်ကိုင် နွေဦးတော်လှန်ရေးအတွင်း ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသူတွေအတွက် ရေရှည်ထောက်ပံ့မှု လိုအပ်နေတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
ခက်ခဲနေသူတွေအတွက် ကူညီနေကြတဲ့ အလှူရှင်တွေ၊ စေတနာဝန်ထမ်းတွေကို ကုလသမဂ္ဂက ဂုဏ်ပြုပြီး နှစ်စဉ် စက်တင်ဘာ (၅) ရက်ကို အပြည်ပြည်ဆိုင်ရာ အလှူဒါနနေ့အဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာမှာ ဘယ်နိုင်ငံတွေက လှူဒါန်းပေးကမ်းမှု အရက်ရောဆုံးပါလဲ သတင်းတွေထဲက သုတအစီအစဥ်မှာ မညိုညိုလွင် တင်ပြထားပါတယ်။
ဘဝတန်ဖိုးနဲ့ စံတန်ဖိုးထားစရာ မူတွေက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ နိုင်ငံရေးမှာ အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီညီလာခံ မိန့်ခွန်းတွေမှာ ပြောသွားကြပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာမှာ ဦးတင်မောင်သန်းက ကောက်နှုတ်တင်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုတွေအပေါ် အမေရိကန်က ထိတွေ့မှုတွေ ရှိပေမဲ့ တရုတ် အပါအဝင် နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့မှာ စစ်ပွဲအဖြေကပဲ အရေးပါတယ်လို့ သုတေသီတဦးက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကလည်း အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သုတေသီ Igor Blaževič ကို ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။