ကမ္ဘာကျော် ပေါ့အဆိုတော် Taylor Swift တရုတ်ပြည်ရှန်ဟိုင်းမြို့မှာ ဖျော်ဖြေဖို့ ဆွေးနွေးနေပါတယ်။ BTS အဖွဲ့က J-Hope ကတော့ တကိုယ်တော် ဖျော်ဖြေရေးထွက်မှာပါ။ ဒီလို နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြား သူတွေနဲ့ အနုပညာလောကက သတင်းတိုတိုထွာထွာတွေကို သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုတိုးလာတဲ့ တချိန်တည်းမှာဘဲ ပြည်တွင်း အသားတင် ထုတ်လုပ်မှုကလည်း ကျသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ လူထုရဲ့ လူနေမှု အဆင့်အတန်း ထပ်ပြီး ကျဆင်းသွားနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရွေးကောက်ခံ သမ္မတ Donald Trump တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုပွဲ အထူး အစီအစဥ်အနေနဲ့ တင်ဆက်ပေးမှာပါ။ သူအနေနဲ့ သမ္မတတာဝန် စတင် ယူပြီးနောက် ဘယ်လို မူဝါဒတွေ စတင် အကောင်အထည်ဖေါ်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကိုအောင်အောင်ကို ဆက်သွယ်မေးမြန်းတင်ပြပါမယ်။
ဒီအပတ် နော်သဇင်က ပြင်သစ်နိုင်ငံ ပါရီမြို့က ကမ္ဘာအကြီးဆုံး အနုပညာပြတိုက်ကို သွားရောက် လေ့လာခဲ့ပါတယ်။ ပန်းချီကားတစ်ချပ်ကို စက္ကန့် ၃၀ ကြည့်ရင်တောင် ပန်းချီကားအားလုံးကို ကြည့်နိုင်ဖို့ ၄လလောက် အချိန်ယူရလောက်အောင် ကြီးတဲ့ Louvre လုဗ်ပြတိုက်ကို နော်သဇင်နဲ့အတူ လေ့လာကြရအောင်ပါ။
၂၀၂၄ ခုနှစ် မတ်လကနေ ဒီဇင်ဘာလအထိ ၁၀ လတာကာလအတွင်းမှာ လျှပ်စစ်မီးပြတ်တောက်မှုက ပြည်သူတွေအတွက် အဓိကအခက်အခဲ ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာ အချက်အလက် အခြေပြုဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြန်လည်ဖွဲ့စည်းဖို့လိုသလား၊ဘယ်လို ပြန်လည်ဖွဲ့စည်းသင့်သလဲ။ NUG ရဲ့ အားနည်းချက်တွေက ဘယ်အရာတွေလဲ။ NUG ရဲ့ အားသာချက်တွေကရောဘယ်အချက်တွေလဲဆိုတာကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကရင်ပြည်နယ် ရွှေကုက္ကိုလ်စီမံကိန်းထဲမှာ အွန်လိုင်းငွေကြေးလိမ်လည်နေတဲ့ တရုတ်ကျားဖြန့်လုပ်ငန်းကုမ္ပဏီပေါင်း ရာနဲ့ချီရှိနေကြောင်း အွန်လိုင်းမှာ ငွေလိမ်လည်ဖို့ စေခိုင်းခံခဲ့ရသူ ကိုမောင်မောင်က ဗွီအိုအေကိုပြောပါတယ်။
နေရာဒေသကို လိုက်ပြီး သင့်တော်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး ဘဝရဲ့ အောင်မြင်မှုကို ရယူဖို့အတွက် မကြေးမုံက အမေရိကန်အင်္ဂလိပ်စကားနဲ့ ရောပြီး ရှင်းပြထားပါတယ်။ မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ် စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ရင်း မသန်စွမ်းဘဝရောက်ခဲ့ရသူ တယောက်ကတော့ ဘာဘူလို့ သိကြတဲ့ DJ သီဟ ဖြစ်ပါတယ်။ သူက လက်တဖက် ဆုံးရှုံးခဲ့ရပေမဲ့ ဘဝရပ်တည်ရေးအတွက် ကြိုးစားရင်း တော်လှန်ရေးအတွက်ပါ တတ်နိုင်တဲ့ဘက်က ဆက်လက်ပံ့ပိုးပေးနေတာပါ။ နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံက အထက်တန်းကျောင်းသား တဦးဖြစ်တဲ့ ကိုဖုန်းမြတ်ပြည့်စုံဟာ ဘောလုံးအားကစား ထူးချွန်လို့ အမေရိကန်ထိပ်တန်းပုဂ္ဂလိက အထက်တန်းကျောင်းမှာ ပညာတော်သင်ဆု ရခဲ့ပါတယ်။ သူက အမေရိကန်ဘောလုံး အကယ်ဒမီမှာ ရွေးချယ်ခံရတဲ့ ပထမဆုံး မြန်မာကျောင်းသားပါ။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း မဟာကွန်းမေလဘာသာရေးပွဲတော်မှာ လူသန်း ၂၀ ကျော် မြစ်ဆုံမှာ ရေချိုးဆင်း၊ ပါကစ္စတန်အရှေ့ပိုင်း ပန်ချပ်ပြည်နယ်မှာ ကန်ရွေးကောက်ခံသမ္မတ Trump လူတူ လူသိများပြီး ဈေးရောင်းကောင်း၊ ဒီလို ကမ္ဘာတလွှားက ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။