AI မော်ဒယ်တခု ဖြစ်တဲ့ ChatGPT မှာ လူသားတွေလို မေးခွန်းတွေ ဘာ့ကြောင့် မေးလို့ရပါသလဲ။ ChatGPT ကို သုံးနိုင်တဲ့ အားသာချက်နဲ့ အားနည်းချက်က ဘာပါလဲ။ AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
လူမှုအသိုင်းအဝိုင်းအတွင်းမှာ ကောင်းမွန်တဲ့ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်လာအောင် စွမ်းဆောင်နိုင်သူတွေကို ဂုဏ်ပြုတဲ့ နယူးယောက်အခြေစိုက် Schneps Media အဖွဲ့ကြီးရဲ့ Impact Award ဆုကို မြန်မာတဦးဖြစ်တဲ့ ဒေါက်တာ နီလာသွင် ဒီနှစ် ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်ခံခဲ့ရပါတယ်။
Bitcoin တွေ ဈေးတက်လာတာကြောင့် အင်ဒိုနီးရှားနိုင်ငံက Bitcoin ဝယ်စုထားသူတွေ အမြတ်ပိုရဖို့ မျှော်လင့်နေ၊ ကာကွယ်ရေးသုံးပစ္စည်း တင်ပို့ ရောင်းချတဲ့နိုင်ငံ ဖြစ်လာစေဖို့ ကြိုးပမ်းနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ ထုတ်လုပ်နေပြီး ယူကရိန်းကို တင်ပို့မယ့် အလားအလာရှိနေပါတယ်
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
အသင့်စားအစားအသောက်တွေကနေ ကျန်းမာရေးမထိခိုက်ရအောင် သတိထား ကြည့်ရှုစစ်ဆေးသင့်တာတွေ ရှိနေပါလား။ မြန်မာက အမေရိကန်ကို တရားဝင်တင်သွင်းတာမဟုတ်တဲ့ စားကုန်ချို့ကို မသုံးစွဲဖို့ သတိပေးလာချိန်၊ ဒီအသင့်စားကုန်တွေမှာ သတိပြု ကြည့်ရှုစစ်ဆေးရမှာတွေကို အာဟာရပညာရှင်တွေက ထောက်ပြနေပါတယ်။
ယူကရိန်းကို တိုက်တဲ့ ရုရှား ကျူးကျော်စစ်ရဲ့ တာရှည် သက်ရောက်မှုကတော့ ကလေးတွေ ရဲ့ စိတ်ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကနေ Lesia Bakalets ပို့လိုက်တဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက ပြောပြပါမယ်။
တရုတ်အစိုးရဲ့ ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်၊ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲကရွာနဲ့ မိုးဗြဲမြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လသား အရွယ် ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ ယောက် သေဆုံးခဲ့၊ စသည်
တရုတ်စကားပြောရုပ်ရှင်လောကရဲ့ အော်စကာလို့ တင်စားကြတဲ့ ရွှေမြင်းဆုပေးပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့က ထိုင်ဝမ်မှ ကျင်းပသွားပါတယ်။ ကိုရီးယားပေါ့ပ်ဂီတ MAMA ဆုပေးပွဲကိုတော့ အမေရိကန်နဲ့ ဂျပန် ၂ နေရာခွဲပြီး ၃ ရက် ကျင်းပသွားပါတယ်။ ဒီလို နာမည်ကျော်ကြားသူတွေ အနုပညာသတင်းတွေကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
အမေရိကန်နိုင်ငံက Macy ကုန်တိုက်ကြီးရဲ့ အလှပြလှည့်လည်ပွဲ Macy’s Thanksgiving Day Parade ကို အခုလို Thanksgiving Day ကျေးဇူးတော်နေ့ရောက်တိုင်း New York မြို့မှာပြုလုပ်လေ့ရှိပါတယ်။ အလှပြလှည့်လည်ပွဲ ကြိုတင်ပြင်ဆင်နေပုံတွေအကြောင်း ကိုခင်မောင်စိုးမင်းက ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ဟာ အသက် ၁၈ နှစ်အောက် အထောက်အထားလက်မှတ်တစုံတရာမရှိပဲ ဒါမှမဟုတ် အုပ်ထိန်းသူမပါဘဲ မက္ကဆီကိုဘက်ကနေ အမေရိကန်ထဲ ဝင်ရောက်လာရာ အဓိကနေရာတခု ဖြစ်ပါတယ်။ အရင်နှစ်ထက်စာရင်တော့ အဲဒီလို ဝင်ရောက်သူဦးရေ လျော့နည်းလာပေမဲ့လည်း ကလေးတွေ ရင်ဆိုင်ရတဲ့ အန္တရာယ်ကတော့ စိုးရိမ်စရာပါ။
နိုဝင်ဘာ ၂၈၊ ၂၀၂၄ - အသင့်စား အစားအသောက်တွေကနေ ကျန်းမာရေး မထိခိုက်ရအောင် သတိထား ကြည့်ရှု့စစ်ဆေးသင့်တာတွေ ရှိနေပါလား။
အညာပျူစောထီးနဲ့ စစ်ကောင်စီ I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - PDF တပ်ဖွဲ့တွေ အများအပြားရှိတဲ့ အညာဒေသမှာ ပျူစောထီးတွေ အားကောင်းအောင် စစ်ကောင်စီတပ်က ဆောင်ရွက်နေတာကြောင့်၊ PDF ကွန်ရက်နဲ့ ပျူစောထီးကွန်ရက် အားပြိုင်ဖို့အခြေအနေဖြစ်လာကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။