အာဏာသိမ်းစစ်ကောင်စီက လူငယ်တွေကို စစ်တပ်ထဲ အတင်းသွတ်သွင်းနေတာကြောင့် ကြံရာသီမှု ကြံခုတ်ဖို့ လူငယ်ရှားပါးပြီး စက်ရုံအရောက် ပို့ဖို့တောင် အခက်တွေ့နေပါတယ်။ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
ရခိုင်မှာ အရေးပါတဲ့ စစ်စခန်းတွေ ကျဆုံးသွားချိန်မှာပဲ စစ်ကောင်စီထိပ်ပိုင်း ရာထူးအချို့ အပြောင်းအလဲတွေဖြစ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA သိမ်း၊ မာနယ်ပလောလည်း KNU လက်အောက်ပြန်လည်ရောက်ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ပိုမို ကျယ်ပြန့်လာနေတာနဲ့အမျှ ဒေသအလိုက် ကိုယ့်ရပ်ရွာပြည်သူတွေကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ ပိုပြီး စဥ်းစား ပြင်ဆင် ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးနဲ့စစ်ရေး လေ့လာသုံးသပ်သူ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။
မြန်မာစစ်တပ်အတွင်း ထိပ်ပိုင်းရာထူးတချို့ အပြောင်းအလဲဖြစ်ပြီး၊ အရေးပါတဲ့ ကြည်းရေလေ ညှိုနှိုင်းကွပ်ကဲရေးမှုးအဖြစ် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းဖြစ်လာပါတယ်။
၂၀၂၄ စိတ်ကြည်နူးဖွယ် အခိုက်တံ့များ “လူကြည့်များ ဆိုရှယ်မီဒီယာ” အဆိုတော်ကြီး ဒေးဗစ်ဘိုဝီကို ဂုဏ်ပြုပြီး ပြင်သစ်မှာ လမ်းနာမည်ပေး၊ နာမည်ကြီး အီတလီဖက်ရှင်တံဆိပ် Prada က လပေါ်သွားမဲ့ အာကာသယာဉ်မှူးဝတ်စုံ ဖန်တီး၊ ဒီလို ၂၀၂၄ ရဲ့ အမှတ်ရစရာအခိုက်အတံ့တွေကို နှစ်ကုန်အထူးအဖြစ် မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
မြန်မာ့ နိုင်ငံရေးပဋိပက္ခတွေ၊ စီးပွားရေးအကြပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအခြေချလာသူ ၂၀၂၄ ခုနှစ် ဇူလိုင်လထိ ခန့်မှန်းစာရင်းဇယားတွေအရ အနည်းဆုံး (၄) သန်းကျော်ရှိသွားပြီလို့ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM က အာရှဒေသဆိုင်ရာ ဒုအကြီးအကဲက ပြောပါတယ်။
တီဘီ (Tuberculosis - TB) အဆုပ်နာရောဂါရဲ့ ပြင်းထန်မူနဲ့ ကုသနိုင်မူ ဘယ်လို ရှိလာခဲ့ပါလဲ။
KNU ရဲ “မာနယ်ပလော” ဌာနချုပ်ကို နှစ်ပေါင်း ၃၀ အကြာမှာ စစ်ကောင်စီလက်ကပြန်သိမ်းယူ၊ ရခိုင်၊ အမ်းမြို့မှာ စစ်ကောင်စီတပ်သားအများအပြား အာရက္ခတပ်တော် AA ဆီမှာ လက်နက်ချ၊ တိုက်ပွဲပြင်းထန်ချိန် ရိုးရာပွဲတွေမလုပ်ဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး စတဲ့သတင်းတွေနဲ့အတူ တိုင်းရင်းသားဒေသက သတင်းတွေ..။
အာဏာရှင်စနစ်အမြစ်ဖြတ်မယ့် ကချင်တပ် I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - စစ်အာဏာရှင်ကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်ချေမှုန်းမယ့် KIA ကချင်စစ်တပ်အကြောင်း ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
ဘရာဇီးလ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဥရုဂွေးနိုင်ငံသား ဟိုဆေးလူးဝစ်ဂါစီယာ ဆိုတဲ့ အမျိုးသားတဦး ကိုဗစ်ကပ်ဘေးကာလအတွင်း အလုပ်ပြုတ်သွားတာကြောင့် အလုပ် ပြောင်းပြီး ခွေးကျောင်းတဲ့အလုပ် လုပ်ရပါတယ်။ ဒီအလုပ်ကို သူတယောက်တည်း လုပ်တာမဟုတ်ပဲ သူ့လက်ထောက်အနေနဲ့ ပါဘလိုဆိုတဲ့ ဝက်လေးတကောင်ကို ခန့်ခဲ့ပါတယ်။
အွန်လိုင်းပေါ်မှာ အရောင်းအဝယ်လုပ်တဲ့ e-commerce အီးကော်မာ့စ်လုပ်ငန်းကြီးတခုဖြစ်တဲ့ Amazon က ဥရောပမှာ ပထမဆုံးအကြိမ်အနေနဲ့ ဒီဇင်ဘာလအစပိုင်းက အီတလီနိုင်ငံမှာ ဒရုန်းနဲ့စမ်းသပ်ပြီး ပစ္စည်းပို့ဆောင်တာ အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။ အီတလီအလယ်ပိုင်း Abruzzo ဒေသက San Salvo မြို့မှာ စမ်းကြည့်ခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။