ကမ္ဘာတဝန်းမှာ ၂၀၂၃ ခုနှစ်အတွင်း သတင်း အလုပ်လုပ်ရင်း အသတ်ခံရတဲ့ သတင်းထောက်အရေအတွက်ဟာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၄၅ ယောက် ရှိတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ RSF ကပြောကြားလိုက်ပါတယ်။ ၂၀၀၂ ခုနှစ်ထဲကဆိုရင် အနည်းဆုံးအရေအတွက်ကို ကျဆင်းသွားတာဖြစ်တယ်လို့ RSF ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီ တရားရုံးက ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အာဏာသိမ်း စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာကြောင့် သတင်းသမားတွေရဲ့ အသက် လုံခြုံရေးနဲ့ ဘဝ ရှင်သန် ရပ်တည်ရေးမှာ အခက်အခဲ စိန်ခေါ်မှုတွေ ပို များလာတယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့တွေက ပြောဆိုကြပါတယ်။
မြန်မာပြည်သူတွေကြား မှန်ကန်ပြီးဘက်မလိုက်တဲ့ လွတ်လပ်တဲ့ သတင်းအချက်အလက်တွေ ရရှိနေအောင် လွန်ခဲ့တဲ့ ၂၅ နှစ် ကာလအတွင်း ကြိုးပမ်းအားထုတ်ခဲ့သလို ဒီအတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ မဇ္ဈိမသတင်းဌာနတည်ထောင်သူလည်းဖြစ်၊ စီမံညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဦးစိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။
ဒီမိုကရက်တစ် မြန်မာ့အသံ DVB နဲ့ မဇ္စျိမရုပ်သံ တို့ကို ရုပ်သံထုတ်လွှင့်ခ အကြွေးကျန်တွေ မပေးဘဲ စည်းကမ်းချိုးဖောက်မှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ပေးဆောင်ရမယ့် ကြွေးကျန်တွေမပေးလို့ လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းခဲ့ရတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ မီဒီယာတွေအပေါ်ဖိနှိပ်ချုပ်ကိုင်မှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတော့တဲ့အပြင် လုံခြုံရေးအတွက်ပါစိုးရိမ်လာကြရတာကြောင့် မြန်မာနိုင်ငံတွင်းကနေတိမ်းရှောင်လာကြရတဲ့ သတင်းသမားတွေဟာ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ စိန်ခေါ်မှုတွေအကြောင်း မညိုညိုလွင်က မေးမြန်းတင်ဆက်ထားပါတယ်။
အီရန်မှာ မငြိမ်မသက် ဖြစ်နေတာတွေ ၆လနီးပါးကြာလာချိန်မှာ အစိုးရကသဘောထားကွဲလွဲသူတွေကို ထောင်သွင်းအကျဉ်းချသလို သတင်းမီဒီယာတွေကိုလည်း ခြိမ်းခြောက်နေပါတယ်။ဒါ့ပေမယ် ဒီနည်းကသတင်းသမားတွေကို ကြောက်အောင် မလုပ်နိုင်းဘူးလို့ ကျွမ်းကျင်သူတချို့က ထောက်ပြကြပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါသလဲ။ မေလ (၃) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထူးအစီအစဉ်အဖြစ် မြန်မာ့ဒီမိုကရေစီရေးရာ ကဏ္ဍမှာ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီကနေ့ မေလ (၃)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထူးအစီအစဉ်အဖြစ် စစ်အာဏာသိမ်းပြီးနောက် သတင်းသမားတွေရင်ဆိုင်နေရတဲ့ အခြေအနေကို မအင်ကြင်းနိုင်က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို Zoom ကနေ ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။
သတင်းလွတ်လပ်ခွင့်ကို စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေပေမယ့် သတင်းသမားမီဒီယာတွေကလည်း စိန်ခေါ်မှုအခက်အခဲတွေ ကျော်လွှားပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို အချိန်နဲ့ တပြေးညသတင်းဝန်ဆောင်မှု ပေးနိုင်ခဲ့တယ်လို့ မြန်မာ-အမေရိကန် သတင်းသမားနေသန်မောင်က ဗွီအိုအေကိုပြောပါတယ်။မအင်ကြင်းနိုင်စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့် လုံးဝ ဆုံးရှုံးသွားပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အခြေအနေဟာလည်း အဆိုးဆုံးအနေအထားကို ရောက်နေတယ်လို့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်