သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိရီးယားနဲ႔ ဂ်ပန္ခရီးသြားေတြအတြက္ ျပည္ဝင္ခြင့္ဗီဇာ တ႐ုတ္ဆုိင္းငံ့ 


တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Qin Gang

[[Zawgyi/Unicode]]

တရုတ္ခရီးသြားေတြ ကုိဗစ္ပိုးစစ္ေဆးရမယ္ဆုိတဲ့ စည္းကမ္းထုတ္ျပန္ထားတဲ့ ေတာင္ကုိရီးယားနဲ႔ ဂ်ပန္ႏုိင္ငံက ခရီးသြားေတြအတြက္ ျပည္ဝင္ခြင့္ဗီဇာကို တရုတ္ႏုိင္ငံက ဆုိင္းငံ့လုိက္ပါတယ္။ ေတာင္ကုိရီးယားခရီးသြားေတြအတြက္ ရက္တုိဗီဇာဆုိင္းငံ့လုိက္ေၾကာင္း ဆိုးလ္ၿမိဳ ႔မွာရွိတဲ့ တ႐ုတ္သံရုံးရဲ ႔တရားဝင္ WeChat လူမႈစာမ်က္ႏွာမွာ အဂၤါေန႔က ေဖာ္ျပလုိက္တာပါ။

တရုတ္ျပည္သူေတြအေပၚ ခြဲျခားသတ္မွတ္ထားတဲ့ ဒီစည္းကမ္းေတြ ေတာင္ကိုရီးယားအစိုးရက ရုပ္သိမ္းလိုက္မွ သူ႔ဘက္ကလည္း ျပည္ဝင္ခြင့္ျပန္ေပးမယ္လို႔လည္း အဲဒီ ေၾကညာခ်က္ မွာ ေဖာ္ျပထားတာပါ။ ေတာင္ကိုရီးယားႏုိင္ငံျခားေရးဝန္ႀကီး Park Jin နဲ႔ တရုတ္ႏုိင္ငံျခားေရးဝန္ႀကီး Qin Gang တို႔ တယ္လီဖုန္းနဲ႔ ေျပာဆိုခ်ိန္အတြင္း ခုလိုကိုဗစ္ပိုးစစ္ေဆးမႈစည္းကမ္းအေပၚစိုးရိမ္မႈရွိေၾကာင္း တရုတ္ဝန္ႀကီးက ေျပာလိုက္ၿပီး ေနာက္တေန႔မွာပဲတရုတ္ႏုိင္ငံရဲ႕ေၾကညာခ်က္ ထြက္ေပၚလာတာျဖစ္ပါတယ္။

ဝန္ႀကီး Park ကလည္း ေတာင္ကိုရီးယားရဲ ႔ျပည္ဝင္ခြင့္စည္းကမ္းဟာ သိပၸံနည္းက်အခ်က္အလက္ကို အေျခခံထားတာျဖစ္ေၾကာင္း ျပန္လည္ေျပာၾကားခဲ့တယ္လို႔ သူ႔ရုံးကေျပာပါတယ္။ ဂ်ပန္ခရီးသြားေတြကို တရုတ္က ျပည္ဝင္ခြင့္တားျမစ္ထားတယ္လိ္ု႔လည္း ခရီးသြားေအဂ်င္စီေတြကအေၾကာင္းၾကားလာေၾကာင္း ဂ်ပန္ က်ိဳဒုိသတင္းဌာနကလည္း ေဖာ္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ကိုရီးယားနဲ့ ဂျပန်ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ တရုတ်ဆိုင်းငံ့

တရုတ်ခရီးသွားတွေ ကိုဗစ်ပိုးစစ်ဆေးရမယ်ဆိုတဲ့ စည်းကမ်းထုတ်ပြန်ထားတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကို တရုတ်နိုင်ငံက ဆိုင်းငံ့လိုက်ပါတယ်။ တောင်ကိုရီးယားခရီးသွားတွေအတွက် ရက်တိုဗီဇာဆိုင်းငံ့လိုက်ကြောင်း ဆိုးလ်မြို့မှာရှိတဲ့ တရုတ်သံရုံးရဲ့တရားဝင် WeChat လူမှုစာမျက်နှာမှာ အင်္ဂါနေ့က ဖော်ပြလိုက်တာပါ။

တရုတ်ပြည်သူတွေအပေါ် ခွဲခြားသတ်မှတ်ထားတဲ့ ဒီစည်းကမ်းတွေ တောင်ကိုရီးယားအစိုးရက ရုပ်သိမ်းလိုက်မှ သူ့ဘက်ကလည်း ပြည်ဝင်ခွင့်ပြန်ပေးမယ်လို့လည်း အဲဒီ ကြေညာချက် မှာ ဖော်ပြထားတာပါ။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang တို့ တယ်လီဖုန်းနဲ့ ပြောဆိုချိန်အတွင်း ခုလိုကိုဗစ်ပိုးစစ်ဆေးမှုစည်းကမ်းအပေါ်စိုးရိမ်မှုရှိကြောင်း တရုတ်ဝန်ကြီးက ပြောလိုက်ပြီး နောက်တနေ့မှာပဲတရုတ်နိုင်ငံရဲ့ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဝန်ကြီး Park ကလည်း တောင်ကိုရီးယားရဲ့ပြည်ဝင်ခွင့်စည်းကမ်းဟာ သိပ္ပံနည်းကျအချက်အလက်ကို အခြေခံထားတာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သူ့ရုံးကပြောပါတယ်။ ဂျပန်ခရီးသွားတွေကို တရုတ်က ပြည်ဝင်ခွင့်တားမြစ်ထားတယ်လို့လည်း ခရီးသွားအေဂျင်စီတွေကအကြောင်းကြားလာကြောင်း ဂျပန် ကျိုဒိုသတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG