သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကုိ အေမရိကန္နဲ႔ အေနာက္ႏုိင္ငံေတြ ဒဏ္ခတ္မႈအသစ္ေတြခ်မွတ္ 


၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၂ ရက္ေန႔က ေနျပည္ေတာ္တြင္ေတြ႔ရသည့္ စစ္ကားတခ်ိဳ႕ 

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုနဲ႔ မဟာမိတ္ႏိုင္ငံေတြက အဂၤါေန႔မွာပဲ ျမန္မာစစ္ေကာင္စီိကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ထပ္ၿပီးခ်မွတ္လိုက္ပါတယ္။ စစ္အာဏာသိ္မ္း ၂ ႏွစ္ျပည့္တဲ့အခ်ိန္မွာပဲ စြမ္းအင္က႑က အရာရွိေတြ၊ စစ္ေကာင္စီအဖြဲ႔ဝင္ေတြနဲ႔ အျခားလူပုဂိၢဳလ္ေတြကို ခုလိုထပ္မံ ဒဏ္ခတ္ပိတ္ဆို႔လိုက္တာျဖစ္ပါတယ္။

ေရြးေကာက္ပြဲေကာ္မရွင္၊ သတၱဳတူးေဖာ္ေရးလုပ္ငန္း၊ စြမ္းအင္ေရးရာအရာရွိေတြ၊ လက္ရွိနဲ႔ အရင္စစ္ဘက္အရာရွိေတြကို ဒဏ္ခတ္ပိတ္ဆို႔လိုက္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ လက္ရွိခ်မွတ္ထားတဲ့ ျမန္မာစစ္ေကာင္စိီကို ဒဏ္ခတ္ပိတ္ဆု႔ိထားတဲ့ အစီအစဥ္ေအာက္ကေန MOGE ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႔လုပ္ငန္းအရာရွိေတြကို အေမရိကန္က ပထမဆုံး ပစ္မွတ္ထား ဒဏ္ခတ္လိုက္တာျဖစ္တယ္လို႔ ဘ႑ာေရးဝန္ႀကီးဌာန ေျပာခြင့္ရက ေျပာဆိုပါတယ္။

ကေနဒါ၊ ၾသစေၾတးလ်နဲ႔ ၿဗိတိန္ႏိုင္ငံတို႔လည္း စစ္ေကာင္စီအေပၚ ဒဏ္ခတ္ပိတ္ ဆို႔ေၾကာင္း အဂၤါေန႔မွာ အသီးသီးထုတ္ျပန္ေၾကညာခဲ့ၾကတာပါ။ စစ္ေကာင္စီအတြက္ ဝင္ေငြအမ်ားဆုံးရွာေပးေနတဲ့ အစိုးရပိုင္ MOGE ကိုဒဏ္ခတ္ပိတ္ဆို႔ဖို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက တိုက္တြန္းေနၾကေပမယ့္ အေမရိကန္က ခုမွ ဒဏ္ခတ္လိုက္ တာျဖစ္ပါတယ္။

ကေနဒါကေတာ့ လူပုဂိၢဳလ္ ၆ ဦးကို ပစ္မွတ္ထားဒဏ္ခတ္လိုက္တာျဖစ္ၿပီး ကုန္စည္တင္ပို႔ေရာင္းခ်မႈေတြနဲ႔ ေလယာဥ္ဆီ ေရာင္းခ်မႈေတြကိုလည္း တားျမစ္လိုက္ တာပါ။ ၾသစေၾတးလ်ကေတာ့ စစ္ေကာင္စီအဖြဲ႔ဝင္ေတြနဲ႔ စစ္တပ္ပိုင္ကုမၸဏီတခုကို ဒဏ္ခတ္လိုက္တာျဖစ္ပါတယ္။ ၿဗိတိန္ႏိုင္ငံကေတာ့ အျပစ္မဲ့ျပည္သူေတြကို ဗုံးႀကဲတိုက္ခိ္ုက္ေနတဲ့ ျမန္မာေလတပ္အတြက္ ေလယာဥ္ဆီေတြဝယ္ယူေပးေနတဲ့ ကုမၸဏီ ၂ ခုနဲ႔ လူပုဂိၢဳလ္ ၂ ေယာက္ကို ဒဏ္ခတ္လိုက္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================
{{Unicode]]

စစ်ကောင်စီကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဒဏ်ခတ်မှုအသစ်တွေချမှတ်

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက အင်္ဂါနေ့မှာပဲ မြန်မာစစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ပြီးချမှတ်လိုက်ပါတယ်။ စစ်အာဏာသိမ်း ၂ နှစ်ပြည့်တဲ့အချိန်မှာပဲ စွမ်းအင်ကဏ္ဍက အရာရှိတွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကို ခုလိုထပ်မံ ဒဏ်ခတ်ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စွမ်းအင်ရေးရာအရာရှိတွေ၊ လက်ရှိနဲ့ အရင်စစ်ဘက်အရာရှိတွေကို ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိချမှတ်ထားတဲ့ မြန်မာစစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆု့ိထားတဲ့ အစီအစဉ်အောက်ကနေ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအရာရှိတွေကို အမေရိကန်က ပထမဆုံး ပစ်မှတ်ထား ဒဏ်ခတ်လိုက်တာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုပါတယ်။

ကနေဒါ၊ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတို့လည်း စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ် ဆို့ကြောင်း အင်္ဂါနေ့မှာ အသီးသီးထုတ်ပြန်ကြေညာခဲ့ကြတာပါ။ စစ်ကောင်စီအတွက် ဝင်ငွေအများဆုံးရှာပေးနေတဲ့ အစိုးရပိုင် MOGE ကိုဒဏ်ခတ်ပိတ်ဆို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေကြပေမယ့် အမေရိကန်က ခုမှ ဒဏ်ခတ်လိုက် တာဖြစ်ပါတယ်။

ကနေဒါကတော့ လူပုဂ္ဂိုလ် ၆ ဦးကို ပစ်မှတ်ထားဒဏ်ခတ်လိုက်တာဖြစ်ပြီး ကုန်စည်တင်ပို့ရောင်းချမှုတွေနဲ့ လေယာဉ်ဆီ ရောင်းချမှုတွေကိုလည်း တားမြစ်လိုက် တာပါ။ သြစတြေးလျကတော့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတခုကို ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကတော့ အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ မြန်မာလေတပ်အတွက် လေယာဉ်ဆီတွေဝယ်ယူပေးနေတဲ့ ကုမ္ပဏီ ၂ ခုနဲ့ လူပုဂ္ဂိုလ် ၂ ယောက်ကို ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG