သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီမှာ နောက်ထပ် အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး ၃ ဦးသေ


တူရကီမှာ ဒုတိယမြောက် ပြင်းအား ၆.၄ ရှိတဲ့ငလျင်ကြောင့် ဒဏ်ရာရသူတဦးကို စစ်သားတဦးက သယ်ဆောင်လာစဉ်။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)
တူရကီမှာ ဒုတိယမြောက် ပြင်းအား ၆.၄ ရှိတဲ့ငလျင်ကြောင့် ဒဏ်ရာရသူတဦးကို စစ်သားတဦးက သယ်ဆောင်လာစဉ်။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)

{{Zawgyi/Unicode}}

တူရကီနိုင်ငံမှာ မကြာသေးခင်က ငလျင်ဒဏ်ခံရတဲ့နေရာမှာပဲ တနင်္လာနေ့က နောက်ထပ် ၆.၄ ပြင်းအားရှိတဲ့ငလျင် ထပ်လှုပ်သွားတဲ့အတွက် လူ၃ ဦးသေဆုံးပြီး ၂ဝ၀ ကျော် ဒဏ်ရာရသွားပြန်ပါတယ်။

အဲဒီ နောက်ဆက်တွဲငလျင်ဒဏ်ကြောင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာလည်း အဆောက်အဦတွေ ပြိုကျ၊ အပျက်အစီးတွေကြားလူအများအပြားပိတ်မိပြီး အများအပြား ဒဏ်ရာရကုန်တယ်လို့ သက်ဆိုင်ရာအရာရှိတွေက ပြောပါတယ်။ အဲဒီနောက်ဆက်တွဲငလျင်ဟာ တူရကီနိုင်ငံ Hatay ပြည်နယ် Defne မြို့နားကို ဗဟိုပြုလှုပ်ခပ်သွားတာဖြစ်ပါတယ်။

တူရကီပြည်ထဲရေးဝန်ကြီး Suleyman Soylu (ဆူလေမန် ဆွိုင်းလူ) က အဲဒီငလျင်ကြောင့် လူသုံးဦးသေဆုံးပြီး ၂၁၃ ဦးဒဏ်ရာရရှိကာ အဆောက်အအုံ ၃ လုံး ပြိုကျသွားကြောင်းနဲ့ ၆ ဦးကတော့ အပျက်အစီးတွေကြား ပိတ်မိနေတဲ့အတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြဆဲလို့ ပြောပါတယ်။

Hatay ပြည်နယ်မှာ သုံးထပ်တိုက်ပြိုကျတဲ့အထဲက ပိတ်မိနေသူတဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပြီး နောက်ထပ် ၃ ဦးကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ Haber Turk ရုပ်သံသတင်းဌာနက သတင်းထုတ်လွှင့်ပါတယ်။ ဆီးရီးယားနိုင်ငံ Aleppo မြို့မှာလည်း အရင်ငလျင်ကြောင့် အပျက်အစီးပုံတွေပြိုကျလာပြီး လူ ၆ ဦး ဒဏ်ရာရရှိသွားကြောင်း အစိုးရပိုင် SANA သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒါ့ပြင် လူပေါင်း ၁၃ဝ ကျော်လည်း ဒဏ်ရာတွေရရှိကုန်ကြပေမယ့် အများစုက အသက်အန္တရာယ် စိုးရိမ်မှုမရှိကြဘူးလို့ ဆီးရီးယား အနောက်မြောက်ဒေသ အရပ်ဘက် ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{Unicode}}







XS
SM
MD
LG