[[Zawgyi/Unicode]]
တ႐ုတ္ႏိုင္ငံကေထာက္လွမ္းေရး မိုးပ်ံပူေဖာင္းႀကီးေတြကို ကမာၻ႔တိုက္ႀကီး ၅ တိုက္မွာ ေတြ႕ရွိခဲ့ရၿပီး ရရွိထားတဲ့အခ်က္အလက္ေတြကိုလည္း မဟာမိတ္ေတြကို မွ်ေဝထားေၾကာင္း အေမရိကန္က ေျပာလိုက္ပါတယ္။
“က်ေနာ္တို႔အေနနဲ႔ ကမာၻတဝွမ္း ဒါဇင္နဲ႔ခ်ီရွိတဲ့ႏိုင္ငံေတြကို အဲဒီမွာရွိၾကတဲ့ က်ေနာ္တို႔ သံ႐ုံးေတြကေနေကာ ဝါရွင္တန္ဒီစီကေနေကာ ဆက္သြယ္ၿပီး သတင္းေတြကို ဖလွယ္ေနၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုတခုတည္းကို ပစ္မွတ္ထားတဲ့အစီအစဥ္မဟုတ္ဘဲ ကမာၻ႔တိုက္ႀကီး ၅ တိုက္က ႏိုင္ငံေတြရဲ႕အခ်ဳပ္အျခာကိုပါ ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ အခုလို သတင္းေတြမွ်ေဝခဲ့တာ” လို႔လည္း ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖြဲ႕ NATO အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg နဲ႔ ပူးတြဲသတင္းစာရွင္းလင္းပြဲမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာၾကားခဲ့တာပါ။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းစာရွင္းလင္းပြဲမွာ ေထာက္လွမ္းေရး မိုးပ်ံပူေဖာင္းနဲ႔ပတ္သက္ၿပီး တ႐ုတ္သမၼတ Xi Jinping သိလိမ့္မယ္ထင္ပါသလားလို႔ သတင္းေထာက္တဦးကေမးျမန္းခဲ့ရာမွာေတာ့ တ႐ုတ္ႏိုင္ငံမွာ တာဝန္ရွိၿပီး ဘယ္အဆင့္မွာတာဝန္ရွိတယ္ဆိုတာ အေရးမႀကီးပါဘူးလို႔လည္း ဝန္ႀကီး Blinken က ေျဖၾကားခဲ့ပါတယ္။
တ႐ုတ္ေထာက္လွမ္းေရး မိုးပ်ံပူေဖာင္းစီမံကိန္းနဲ႔ပတ္သက္လို႔ အေမရိကန္ကရရွိထားတဲ့ အခ်က္အလက္ေတြကိုရွင္းျပဖို႔ ဒီသီတင္းပတ္အေစာပိုင္းမွာပဲ ေဘဂ်င္းၿမိဳ႕ေတာ္က အေမရိကန္သံ႐ုံးက ႏိုင္ငံတကာသံတမန္ေတြကို ဖိတ္ၾကားခဲ့သလို တနလၤာေန႔ကလည္း အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman က ႏိုင္ငံတကာသံ႐ုံး ၄၀ က သံတမန္ ၁၅၀ ေလာက္ကို ဖိတ္ေခၚရွင္းလင္းခဲ့ေၾကာင္း ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားပါတယ္။
အေမရိကန္ ေထာက္လွမ္းေရးဌာနေတြကေတာ့ မၾကာေသးခင္က ေျမာက္အေမရိကတိုက္ေပၚကို ျဖတ္သန္းလာတဲ့ သံသယရွိစရာ တ႐ုတ္ေထာက္လွမ္းေရးမိုးပ်ံပူေဖာင္းဟာ တ႐ုတ္စစ္တပ္ရဲ႕ က်ယ္ျပန႔္တဲ့ေထာက္လွမ္းေရးအစီအစဥ္ တစိတ္တပိုင္းအျဖစ္ သုံးသပ္ပါတယ္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ေလတပ္ဗိုလ္မႉးခ်ဳပ္ Pat Ryder ကေတာ့ တ႐ုတ္ႏိုင္ငံက ေထာက္လွမ္းေရးမိုးပ်ံပူေဖာင္း ၅ ခု အေမရိကန္ကိုျဖတ္သန္းခဲ့ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။ ဒါေပမဲ့လည္း မိုးပ်ံပူေဖာင္းေတြ ျဖတ္သန္းတဲ့လမ္းေၾကာင္းနဲ႔ စစ္ဖက္ဆိုင္ရာေနရာေတြကို ျဖတ္သန္းခဲ့တာရွိမရွိဆိုတာကိုေတာ့ မေျပာခဲ့ပါဘူး။
=============
[Unicode]]
တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းတွေ ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာတွေ့ရှိ
တရုတ်နိုင်ငံကထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးတွေကို ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာ တွေ့ရှိခဲ့ရပြီး ရရှိထားတဲ့အချက်အလက်တွေကိုလည်း မဟာမိတ်တွေကို မျှဝေထားကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။
“ကျနော်တို့အနေနဲ့ ကမ္ဘာတဝှမ်း ဒါဇင်နဲ့ချီရှိတဲ့နိုင်ငံတွေကို အဲဒီမှာရှိကြတဲ့ ကျနော်တို့ သံရုံးတွေကနေကော ဝါရှင်တန်ဒီစီကနေကော ဆက်သွယ်ပြီး သတင်းတွေကို ဖလှယ်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုတခုတည်းကို ပစ်မှတ်ထားတဲ့အစီအစဉ်မဟုတ်ဘဲ ကမ္ဘာ့တိုက်ကြီး ၅ တိုက်က နိုင်ငံတွေရဲ့အချုပ်အခြာကိုပါ ချိုးဖောက်ခဲ့တာကြောင့် အခုလို သတင်းတွေမျှဝေခဲ့တာ” လို့လည်း မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ထောက်လှမ်းရေး မိုးပျံပူဖောင်းနဲ့ပတ်သက်ပြီး တရုတ်သမ္မတ Xi Jinping သိလိမ့်မယ်ထင်ပါသလားလို့ သတင်းထောက်တဦးကမေးမြန်းခဲ့ရာမှာတော့ တရုတ်နိုင်ငံမှာ တာဝန်ရှိပြီး ဘယ်အဆင့်မှာတာဝန်ရှိတယ်ဆိုတာ အရေးမကြီးပါဘူးလို့လည်း ဝန်ကြီး Blinken က ဖြေကြားခဲ့ပါတယ်။
တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းစီမံကိန်းနဲ့ပတ်သက်လို့ အမေရိကန်ကရရှိထားတဲ့ အချက်အလက်တွေကိုရှင်းပြဖို့ ဒီသီတင်းပတ်အစောပိုင်းမှာပဲ ဘေဂျင်းမြို့တော်က အမေရိကန်သံရုံးက နိုင်ငံတကာသံတမန်တွေကို ဖိတ်ကြားခဲ့သလို တနင်္လာနေ့ကလည်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က နိုင်ငံတကာသံရုံး ၄၀ က သံတမန် ၁၅၀ လောက်ကို ဖိတ်ခေါ်ရှင်းလင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန် ထောက်လှမ်းရေးဌာနတွေကတော့ မကြာသေးခင်က မြောက်အမေရိကတိုက်ပေါ်ကို ဖြတ်သန်းလာတဲ့ သံသယရှိစရာ တရုတ်ထောက်လှမ်းရေးမိုးပျံပူဖောင်းဟာ တရုတ်စစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ထောက်လှမ်းရေးအစီအစဉ် တစိတ်တပိုင်းအဖြစ် သုံးသပ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လေတပ်ဗိုလ်မှူးချုပ် Pat Ryder ကတော့ တရုတ်နိုင်ငံက ထောက်လှမ်းရေးမိုးပျံပူဖောင်း ၅ ခု အမေရိကန်ကိုဖြတ်သန်းခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ဒါပေမဲ့လည်း မိုးပျံပူဖောင်းတွေ ဖြတ်သန်းတဲ့လမ်းကြောင်းနဲ့ စစ်ဖက်ဆိုင်ရာနေရာတွေကို ဖြတ်သန်းခဲ့တာရှိမရှိဆိုတာကိုတော့ မပြောခဲ့ပါဘူး။