သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူးယစ္ေဆးဝါး အေျမာက္အမ်ားနဲ႔ မသကၤာသူေတြ ျမန္မာနယ္္စပ္အနီး ထုိင္းဖမ္းဆီး 


ထိုင္းျမန္မာနယ္စပ္ ခ်င္း႐ိုင္ျပည္နယ္အတြင္း ေရႊႀတိဂံေဒသထုတ္ ၉ ၉ ၉ တံဆိပ္စိတ္ႂကြေဆးျပား ၆ သန္းကို ဖမ္းဆီးေနပံု။ (ဓာတ္ပံု-ထိုင္းရဲတပ္ဖြဲ႔)

[[Zawgyi/Unicode]]

ထိုုင္းျမန္မာနယ္စပ္ ခ်င္းရိုုင္ျပည္နယ္ မယ့္ဖါလြမ္ေဒသမွာ ကာလတန္ဖိုးဘတ္ေငြသန္းေပါင္း ၅၀၀ ေလာက္တန္ဖိုးရွိတဲ့ ေရႊႀတိဂံေဒသထုတ္ ၉၉၉ တံဆိပ္ စိတ္ႂကြေဆး ၆ သန္းနဲ႔အတူ မူးယစ္ေမွာင္ခိုုသမား ေတာင္ေပၚတိုုင္းရင္းသား ၅ ဦးကို ဖမ္းဆီးလိုက္ပါတယ္။ ထိုုင္းမူးယစ္ႏွိမ္နင္းေရးအဖြဲ႔က ဇန္နဝါရီလ ၂၅ ရက္ေန႔ ဘန္ေကာက္ၿမိဳ႕ သတင္းစာရွင္းလင္းပဲြမွာ အခုလို ေျပာခဲ့တာပါ။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းရိုုင္ျပည္နယ္ မယ္ဖါလြမ္ေဒသမွာေနထိုုင္ေနတဲ့ ေတာင္ေပၚတိုုင္းရင္းသား မူးယစ္ကြန္ယက္အဖြဲ႔ဝင္၅ ဦးကိုု ဇန္နဝါရီလ ၂၄ ရက္ေန႔က စိတ္ႂကြေဆးျပား အလံုးေရ ၆ သန္း တင္ေဆာင္ထားတဲ့ကုန္တင္ကားနဲ႔အတူ ဖမ္းဆီးရခဲ့ပါတယ္။

ေတာင္ေပၚတိုုင္းရင္းသားမိသားစုုဝင္ေတြဟာ မူးယစ္ေဆးေတြကို အလံုးအရင္းနဲ႔ ျဖန့္ျဖဴးေနေၾကာင္း သတင္းအရ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးတပ္ဖဲြ႔ေတြနဲ႔ နယ္ေျမခံအာဏာပိုုင္အဖြဲ႔ေတြက ေစာင့္ၾကည့္ေထာက္လွမ္းရာကေန ကုန္တင္ကားနဲ႔အတူ ထိုင္းအတြင္းပိုင္းကို ပို႔မယ့္စိတ္ႂကြေဆးေတြကို ဖမ္းမိခဲ့တာပါ။

သတင္းစာရွင္းလင္းပဲြကို တရားေရးဝန္ႀကီး ႏိုုင္စြန္ဆပ္ ေထ့ဆူတင္ (Mr. Somsak Thepsutin) ကဦးေဆာင္ခဲ့ၿပီး ထိုင္းဘာသာနဲ႔ ခုလိုေျပာသြားပါတယ္။

“မူးယစ္ကြန္ယက္အဖြဲ႔ဟာ ထိုုင္းျမန္မာနယ္စပ္ ခ်င္း႐ိုင္-မယ့္ဖာလြမ္ ေဒသကေန တဘက္နိုုင္ငံကဝင္လာတဲ့ စိတ္ႂကြေဆးျပားေတြကိုုလက္ခံျပီး ထိုုင္းနိုုင္ငံအတြင္းပိုင္းကုိ သယ္ပုိ့ေရာင္းခ်ေပးေနတဲ့ ကြန္ယက္ျဖစ္ပါတယ္။ အခုုလိုုဖမ္းဆီးနိုုင္ဖို႔ တာဝန္သိျပည္သူေတြရဲ႕သတင္းေပးခ်က္ကိုုအေျခခံျပီး ေစာင့္ၾကည့္ေထာက္လွမ္း ဖမ္းဆီးနိုုင္ခဲ့တာျဖစ္ပါတယ္။”

အခုဖမ္းဆီးခံရတဲ့ မူးယစ္ကြန္ယက္အဖဲြ႔ႀကီးဟာ အရင္ကလည္း စိတ္ႂကြေဆးျပား သန္းေပါင္းမ်ားစြာကိုု ကုုန္တင္ကားနဲ႔ သံုုးႀကိမ္ပိုု႔ခဲ့ျပီးျဖစ္ေၾကာင္း၊ အခုုလိုု စိတ္ႂကြေဆးအေျမာက္အမ်ား သိမ္းဆည္းမိခဲ့ျပီးနဲ့ေနာက္မွာ ဒီတိုုင္းရင္သားေတြပိုုင္ဆိုုင္တဲ့ အိမ္ (၉) လံုးနဲ႔သူတို႔ ပိုုင္ဆိုုင္ပစၥည္း ဘတ္သန္းေပါင္း ၃၂ သန္းကိုလည္း နိုုင္ငံေတာ္ပိုုင္အျဖစ္ သိမ္းယူခဲ့တယ္လို႔လည္း ေျပာသြားပါတယ္။

အခု မူးယစ္ကြန္ယက္ကိုဖမ္းမိဖို႔သတင္းေပးသူကိုုလည္း နိုုင္ငံေတာ္ဘ႑ာအျဖစ္ သိန္းယူထားတဲ့ ပိုုင္ဆိုုင္မူေတြထဲက တန္ဘိုုး ၅ ရာခိုင္ႏႈန္းကိုု ဆုုေၾကးအျဖစ္ေပးမွာျဖစ္တယ္လိုု႔လည္း ထုုတ္ေဖာ္ေျပာဆိုုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

မူးယစ်ဆေးဝါး အမြောက်အများနဲ့ မသင်္ကာသူတွေ မြန်မာနယ်စပ်အနီး ထိုင်းဖမ်းဆီး

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မယ့်ဖါလွမ်ဒေသမှာ ကာလတန်ဖိုးဘတ်ငွေသန်းပေါင်း ၅၀၀ လောက်တန်ဖိုးရှိတဲ့ ရွှေတြိဂံဒေသထုတ် ၉၉၉ တံဆိပ် စိတ်ကြွဆေး ၆ သန်းနဲ့အတူ မူးယစ်မှောင်ခိုသမား တောင်ပေါ်တိုင်းရင်းသား ၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့က ဇန်နဝါရီလ ၂၅ ရက်နေ့ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မယ်ဖါလွမ်ဒေသမှာနေထိုင်နေတဲ့ တောင်ပေါ်တိုင်းရင်းသား မူးယစ်ကွန်ယက်အဖွဲ့ဝင်၅ ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့က စိတ်ကြွဆေးပြား အလုံးရေ ၆ သန်း တင်ဆောင်ထားတဲ့ကုန်တင်ကားနဲ့အတူ ဖမ်းဆီးရခဲ့ပါတယ်။

တောင်ပေါ်တိုင်းရင်းသားမိသားစုဝင်တွေဟာ မူးယစ်ဆေးတွေကို အလုံးအရင်းနဲ့ ဖြန့်ဖြူးနေကြောင်း သတင်းအရ မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့တွေနဲ့ နယ်မြေခံအာဏာပိုင်အဖွဲ့တွေက စောင့်ကြည့်ထောက်လှမ်းရာကနေ ကုန်တင်ကားနဲ့အတူ ထိုင်းအတွင်းပိုင်းကို ပို့မယ့်စိတ်ကြွဆေးတွေကို ဖမ်းမိခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲကို တရားရေးဝန်ကြီး နိုင်စွန်ဆပ် ထေ့ဆူတင် (Mr. Somsak Thepsutin) ကဦးဆောင်ခဲ့ပြီး ထိုင်းဘာသာနဲ့ ခုလိုပြောသွားပါတယ်။

“မူးယစ်ကွန်ယက်အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်-မယ့်ဖာလွမ် ဒေသကနေ တဘက်နိုင်ငံကဝင်လာတဲ့ စိတ်ကြွဆေးပြားတွေကိုလက်ခံပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို သယ်ပို့ရောင်းချပေးနေတဲ့ ကွန်ယက်ဖြစ်ပါတယ်။ အခုလိုဖမ်းဆီးနိုင်ဖို့ တာဝန်သိပြည်သူတွေရဲ့သတင်းပေးချက်ကိုအခြေခံပြီး စောင့်ကြည့်ထောက်လှမ်း ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။”

အခုဖမ်းဆီးခံရတဲ့ မူးယစ်ကွန်ယက်အဖွဲ့ကြီးဟာ အရင်ကလည်း စိတ်ကြွဆေးပြား သန်းပေါင်းများစွာကို ကုန်တင်ကားနဲ့ သုံးကြိမ်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ အခုလို စိတ်ကြွဆေးအမြောက်အများ သိမ်းဆည်းမိခဲ့ပြီးနဲ့နောက်မှာ ဒီတိုင်းရင်သားတွေပိုင်ဆိုင်တဲ့ အိမ် (၉) လုံးနဲ့သူတို့ ပိုင်ဆိုင်ပစ္စည်း ဘတ်သန်းပေါင်း ၃၂ သန်းကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခဲ့တယ်လို့လည်း ပြောသွားပါတယ်။

အခု မူးယစ်ကွန်ယက်ကိုဖမ်းမိဖို့သတင်းပေးသူကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိန်းယူထားတဲ့ ပိုင်ဆိုင်မူတွေထဲက တန်ဘိုး ၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ်ပေးမှာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

XS
SM
MD
LG