သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်အနီး မူးယစ်ဆေးအများအပြား ထိုင်းဖမ်းဆီးရမိ 


 ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရွှေတြိဂံဒေသကနေ ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့ မူးယစ်စိတ်ကြွဆေးများနဲ့အတူ သတင်းစာရှင်းလင်းပွဲ။ (ဓာတ်ပုံ-ထိုင်း မူးယစ်နှိမ်နင်းရေးဗျူရို/ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၃)
ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရွှေတြိဂံဒေသကနေ ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့ မူးယစ်စိတ်ကြွဆေးများနဲ့အတူ သတင်းစာရှင်းလင်းပွဲ။ (ဓာတ်ပုံ-ထိုင်း မူးယစ်နှိမ်နင်းရေးဗျူရို/ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၃)

{{Zawgyi/Unicode}}

ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မဲအိုင်းခရိုင်နယ်စပ်မှာ မူးယစ်ဆေး သယ်ဆောင်လာသူတွေနဲ့ အမှတ် ၃ ထိုင်းနယ်ခြားစောင့်တပ်တို့ ဖေဖေါ်ဝါရီလ၂၀ ရက်နေ့က နှစ်ဘက်ပစ်ခတ်ခဲ့ပြီး စိတ်ကြွဆေးတွေ ဖမ်းမိခဲ့ပါတယ်။ ဒီရက်ပိုင်းမှာပဲ စိတ်ကြွဆေးပြား ၁၂ သန်းနဲ့အတူ မူးယစ်တရားခံတဒါဇင်ကျော် ဖမ်းမိခဲ့တယ်လို့ မူးယစ်နှိမ်နင်းရေးဗျူရိုက ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းကို ၂၀၂၃ ခုနှစ်နှစ်စကစပြီး ရွှေတြိဂံဒေသက စိတ်ကြွဆေးပြားတွေဆက်တိုက်ဝင်ရောက်လာနေပြီး ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာပဲ ချင်းမိုင်ပြည်နယ် မဲအိုင်းခရိုင်နယ်စပ်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေနဲ့ အမှတ် ၃ ထိုင်းနယ်ခြားစောင့်တပ်တို့ဟာ ထိတ်တိုက်တွေ့ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ နှစ်ဘက်တိုက်ပွဲဖြစ်ပြီးနောက် မူးယစ်မှောင်ခိုသမားတွေ စွန့်ပစ်ထားခဲ့တဲ့စိတ်ကြွဆေး ၂ သိန်းကျော်ဖမ်းမိခဲ့ပါတယ်။

မူးယစ်နှိမ်နင်းရေးဗျူရိုမှာ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် Chinnapat Sarasin (ချီနာဖတ် ဆာရာစင်) က ဒီရက်ပိုင်းမှာပဲ ထိုင်း-မြန်မာ-လာအိုဝ်ဆုံရာ ရွှေတြိဂံဒေသကနေ ဝင်ရောက်လာတဲ့ စိတ်ကြွဆေးပြား ၁၂ သန်းနဲ့အတူ အဓိကမူးယစ်တရားခံတဒါဇင်ကျော်လောက် ဖမ်းမိခဲ့ကြောင်း ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“ကျနော်တို့ထိုင်းအစိုးရအနေနဲ့ အခုလိုနေ့စဉ် သန်းနဲ့ချီဝင်ရောက်လာနေတဲ့ မူးယစ်ဆေးဝါးတွေကို ကြားဖြတ် ဖမ်းဆီးနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ စောင့်ကြည့် စစ်ဆေးနေပါတယ်။ နယ်စပ်စစ်ဆေးရေးဂိတ်တွေကို တိုးမြှင့်ချထားပြီး ပိုမို စစ်ဆေးသွားမယ်။” လို့ ပြောသွားတာပါ။

ဒါ့ပြင် မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အမှု ၆ မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖမ်းမိတဲ့စိတ်ကြွဆေးပြားကတော့ ၁၂ သန်း၊ အိုက်စ်လို့ခေါ်တဲ့မူးယစ်ဆေးကတော့ကီလို ၂၀၀ ဖမ်းမိခဲ့ပြီး ကာလတန်ဖိုးကတော့ ဘတ်ငွေသန်းပေါင်း ၁,၂၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီအမှုတွေနဲ့အတူ ဆလာဘူရီ၊ အယုဒ္ဓယ၊ ချုံဖော်စတဲ့ ပြည်နယ်တွေက အဓိကမူးယစ်တရားခံ ၁၅ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်။

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တုန်းကလည်း ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ် ကျိန်းဆဲန်မြို့နယ်ထဲမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၆ သန်း ၄ သိန်း ဖမ်းမိခဲ့တယ်လို့ မယ်ဆိုင်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မဲခေါင်မြစ်ဝှမ်းဒေသ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မဲခေါင်မြစ်ထဲမှာ လှေနဲ့ကော ကုန်းပေါ်မှာဆိုင်ကယ်နဲ့ကော ကင်းလှည့်နေစဉ်မှာ ကျိန်းဆဲန်မြို့နယ် ဝိန်းအုပ်စု ရွှေတြိဂံဒေသ ဆွပ်လုတ်ရွာအနီး မသင်္ကာဖွယ်လှေ ၂ စီးကိုဖမ်းမိခဲ့ပြီး လှေပေါ်က ပါလာသူတွေကတော့ ရေထဲကိုခုန်ချထွက်ပြေးသွားပြီး လှေပေါ်ကနေ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}








ဆက်စပ်သတင်းများ ...

XS
SM
MD
LG