[[Zawgyi/Unicode]]
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလဆန္းပိုင္းက ဖမ္းဆီးခံရတဲ့ ကခ်င္ႏွစ္ျခင္းအသင္းေတာ္ (KBC) ဥကၠ႒ေဟာင္း သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္ကို မေန႔ ေသာၾကာေန႔က ဒုတိယအႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးပါတယ္။ သူ႔ကို မတရားအသင္းဆက္သြယ္မႈပုဒ္မ ၁၇ (၁) နဲ႔ တပ္မေတာ္ၾကည္ညိဳပ်က္ျပားေအာင္လုပ္ေဆာင္မႈ ၅၀၅-က နဲ႔ တရား႐ုံးတင္စြဲဆိုထားတာျဖစ္ၿပီး ေသာၾကာေန႔က အဲဒီ ၂ မႈစလုံးကိုစတင္ၾကားနာစစ္ေဆးခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မခြါညိဳက တင္ျပေပးထားပါတယ္။
၂၀၂၂ ခုႏွစ္ ဒီဇင္ဘာ ၅ ရက္ေန႔က ထိုင္းႏိုင္ငံကို ေဆးသြားကုဖို႔ မႏၲေလး အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကိုေရာက္ေနတဲ့ ေဒါက္တာခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြက မနက္ ၉ နာရီဝန္းက်င္မွာ ဖမ္းဆီးခဲ့တာပါ။ ဇန္နဝါရီလ ၁၃ ရက္၊ ေသာၾကာေန႔မွာေတာ့ သူ႔ကို စြဲဆိုတဲ့ ပုဒ္မ ၂ ခုကို ေထာင္တြင္းအထူးတရား႐ုံးမွာပဲ စတင္စစ္ေဆးၾကားနာခဲ့ပါတယ္။ ဒီအမႈကိုတရားလိုလုပ္ၿပီး တိုင္တန္းတရားစြဲတဲ့ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကဗိုလ္မႉး သူေအာင္ေဇာ္နဲ႔အတူ တရားလိုျပသက္ေသ ၃ ဦးကို စတင္စစ္ေဆးတယ္လို႔ မိသားစုနဲ႔နီးစပ္သူတဦးက VOA ကို ေျပာပါတယ္။
“၁၇(၁) နဲ႔ ၅၀၅(ဃ) ႏွစ္ခုစလံုးစစ္ပါတယ္ရွင့္။ ဟုတ္ကဲ့။ တရားလိုစစစ္တယ္။ ၿပီးရင္ လိုျပသက္ေသေတြကိုလည္းစစ္ပါတယ္။ တရားလိုလည္း တေယာက္တည္းပါရွင့္။ လိုျပသက္ေသသံုးဦးနဲ႔ တရားလိုနဲ႔ဆို စုစုေပါင္းေလးဦး၊ ဟုတ္ကဲ့ပါ။”
ကခ်င္လူထုၾကား ဩဇာတိကၠမႀကီးမားတဲ့ ေဒါက္တာခလမ္ဆြမ္ဆြန္ကို ျမစ္ႀကီးနားေထာင္မွာ ခ်ဳပ္ေႏွာင္ထားတာပါ။ ဘယ္အခ်က္ေတြေၾကာင့္ အခုလို ပုဒ္မ ၂ ခုနဲ႔စြဲဆိုရသလဲဆိုတာ အေသးစိတ္မသိရေသးဘူးလို႔ ဆိုပါတယ္။ ေနာက္ထပ္႐ုံးခ်ိန္းကို လာမယ့္ ဇန္နဝါရီ ၂၃ ရက္ေန႔ကိုျပန္ခ်ိန္းထားတယ္လို႔ ေျပာပါတယ္။
“၂၃ ရက္ေန႔ပါရွင့္။ ေကာင္းပါတယ္။ သူ က်န္းမာေရး ေတာ္ေတာ္ေကာင္းေနပါတယ္။ သူကေတာ့ အၿမဲတမ္းလို စိတ္ဓာတ္ႀကံ့ခုိင္ပါတယ္။ ေလာေလာဆယ္ကေတာ့ က်န္းမာေနပါတယ္ရွင့္။”
KBC ဘက္ကေတာ့ ဆရာေတာ္လြတ္ေျမာက္ေရးအတြက္ ေကာ္မတီတရပ္ဖြဲ႔ထားၿပီး ဆရာေတာ္နဲ႔ ေတြ႕ခြင့္ရေရး ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ဘက္ကို စာပို႔ထားေပမယ့္ ခုခ်ိန္ထိ အေၾကာင္းမျပန္ေသးဘူးလို႔ KBC တာဝန္ရွိသူတဦးက ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ ဖမ္းဆီးခံရၿပီးကတည္းက ဒီကေန႔႐ုံးခ်ိန္းထိ မိသားစုဝင္ေတြနဲ႔လည္းေတြ႕ခြင့္မရေသးပါဘူး။ သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာ ခလမ္ဆမ္ဆြမ္ ဟာ KBC ရဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္နဲ႔ ဥကၠ႒တာဝန္ေတြယူခဲ့သူျဖစ္ၿပီး ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလမွာ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ " KBC ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္ " အျဖစ္ ခန႔္အပ္ခံရပါတယ္။
လူနည္းစုတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က ဘာသာေရးလြတ္လပ္ခြင့္ ဖိႏွိပ္မႈနဲ႔ ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို အေမရိကန္ျပည္ေထာင္စုအိမ္ျဖဴေတာ္မွာ ကိုယ္တိုင္သြားေရာက္တင္ျပခဲ့သူလည္းျဖစ္ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔လည္း အဲဒီအခ်ိန္တုန္းက သူ႔ကို ျမန္မာစစ္တပ္က တရားစြဲဆိုခဲ့ဖူးၿပီး ေနာက္ပိုင္း အမႈ ႐ုတ္သိမ္းေပးခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကုန္ ဒီဇင္ဘာလဆန္းမွာ ထပ္မံ ဖမ္းခံရၿပီးေနာက္ ေဒါက္တာခလမ္ဆြမ္ဆြန္ကို ျပန္လႊတ္ေပးဖို႔ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ေတာင္းဆိုတဲ့အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူ Ned Price ကလည္း တြစ္တာလူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။
=========================
[[Unicode]]
ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက ဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မနေ့ သောကြာနေ့က ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။ သူ့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ တပ်မတော်ကြည်ညိုပျက်ပြားအောင်လုပ်ဆောင်မှု ၅၀၅-က နဲ့ တရားရုံးတင်စွဲဆိုထားတာဖြစ်ပြီး သောကြာနေ့က အဲဒီ ၂ မှုစလုံးကိုစတင်ကြားနာစစ်ဆေးခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မခွါညိုက တင်ပြပေးထားပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်နေတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနက် ၉ နာရီဝန်းကျင်မှာ ဖမ်းဆီးခဲ့တာပါ။ ဇန်နဝါရီလ ၁၃ ရက်၊ သောကြာနေ့မှာတော့ သူ့ကို စွဲဆိုတဲ့ ပုဒ်မ ၂ ခုကို ထောင်တွင်းအထူးတရားရုံးမှာပဲ စတင်စစ်ဆေးကြားနာခဲ့ပါတယ်။ ဒီအမှုကိုတရားလိုလုပ်ပြီး တိုင်တန်းတရားစွဲတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဗိုလ်မှူး သူအောင်ဇော်နဲ့အတူ တရားလိုပြသက်သေ ၃ ဦးကို စတင်စစ်ဆေးတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက VOA ကို ပြောပါတယ်။
“၁၇(၁) နဲ့ ၅၀၅(ဃ) နှစ်ခုစလုံးစစ်ပါတယ်ရှင့်။ ဟုတ်ကဲ့။ တရားလိုစစစ်တယ်။ ပြီးရင် လိုပြသက်သေတွေကိုလည်းစစ်ပါတယ်။ တရားလိုလည်း တယောက်တည်းပါရှင့်။ လိုပြသက်သေသုံးဦးနဲ့ တရားလိုနဲ့ဆို စုစုပေါင်းလေးဦး၊ ဟုတ်ကဲ့ပါ။”
ကချင်လူထုကြား ဩဇာတိက္ကမကြီးမားတဲ့ ဒေါက်တာခလမ်ဆွမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ ချုပ်နှောင်ထားတာပါ။ ဘယ်အချက်တွေကြောင့် အခုလို ပုဒ်မ ၂ ခုနဲ့စွဲဆိုရသလဲဆိုတာ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။ နောက်ထပ်ရုံးချိန်းကို လာမယ့် ဇန်နဝါရီ ၂၃ ရက်နေ့ကိုပြန်ချိန်းထားတယ်လို့ ပြောပါတယ်။
“၂၃ ရက်နေ့ပါရှင့်။ ကောင်းပါတယ်။ သူ ကျန်းမာရေး တော်တော်ကောင်းနေပါတယ်။ သူကတော့ အမြဲတမ်းလို စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ လောလောဆယ်ကတော့ ကျန်းမာနေပါတယ်ရှင့်။”
KBC ဘက်ကတော့ ဆရာတော်လွတ်မြောက်ရေးအတွက် ကော်မတီတရပ်ဖွဲ့ထားပြီး ဆရာတော်နဲ့ တွေ့ခွင့်ရရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို စာပို့ထားပေမယ့် ခုချိန်ထိ အကြောင်းမပြန်သေးဘူးလို့ KBC တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးကတည်းက ဒီကနေ့ရုံးချိန်းထိ မိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မရသေးပါဘူး။ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ် ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဥက္ကဋ္ဌတာဝန်တွေယူခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။
လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက်တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်း အမှု ရုတ်သိမ်းပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန် ဒီဇင်ဘာလဆန်းမှာ ထပ်မံ ဖမ်းခံရပြီးနောက် ဒေါက်တာခလမ်ဆွမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။