{{Zawgyi/Unicode}}
တမင္ဖန္တီးထားတယ္လို႔ အမ်ားက ရႈျမင္ၾကတဲ့စြဲခ်က္ေတြနဲ႔ ေထာင္ဒဏ္ ၃၃ ႏွစ္ ခ်မွတ္ခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အယူခံျပင္ဆင္ေပးေနတဲ့ သူမရဲ႕ေရွ႕ေနေတြနဲ႔ ေတြ႕ဆုံခြင့္ပယ္ခ်ခံရေၾကာင္း နီးစပ္တဲ့ ဥပေဒေရးရာ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။
အသက္ ၇၇ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္ကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္းက ေနာက္ဆုံးလက္က်န္ အဂတိလိုက္စားမႈစြဲခ်က္ေတြကို စီရင္ခ်က္ခ်ခဲ့တဲ့ အတြက္ စုစုေပါင္းေထာင္ဒဏ္ ၃၃ ႏွစ္ ခ်မွတ္ခံထားရတာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ သူမေရွ႕ေနေတြအေနနဲ႔ သူမကို ေထာင္ထဲမွာ ေနာက္ဆုံးအႀကိမ္ ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ သူမအတြက္ ေရွ႕ေနေတြတင္ေပးတဲ့ အယူခံအေတာ္မ်ားမ်ားကေတာ့ ပယ္ခ်ခံထားရၿပီးျဖစ္ေၾကာင္း၊ ဒါေပမဲ့ တင္ထားဆဲအယူခံေတြလည္း ရွိေနေၾကာင္း တရားေရးဆိုင္ရာတာဝန္ရွိသူတဦးက AP ကို ေျပာပါတယ္။
အာဏာပိုင္ေတြရဲ႕ လက္တုံ႔ျပန္ခံရမယ့္အေရး စိုးရိမ္ခ်က္ေၾကာင့္ သူက အမည္မေဖာ္ဘဲ AP ကို ေျပာခဲ့တာပါ။
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တရားေရးကိစၥေတြနဲ႔ပတ္သက္ၿပီး မေျပာဖို႔လည္း ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ေႏွာင္းပိုင္းမွာ အာဏာပိုင္တို႔ကပိတ္ပင္ထားပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္းက အဂတိမႈ ၅ မႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ခ်မွတ္ထားတဲ့စီရင္ခ်က္ကို တရား႐ုံးခ်ဳပ္မွာၾကားနာဖို႔အတြက္ သူမရဲ႕ ေရွ႕ေနေတြက ႐ုံးခ်ိန္ေစာင့္ဆိုင္းေနခ်ိန္ ျဖစ္ပါတယ္။ အယူခံနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔အတြက္ ခြင့္ျပဳခ်က္ရဖို႔ အက်ဥ္းေထာင္ အာဏာပိုင္ေတြထံ ေရွ႕ေနေတြက ဇန္နဝါရီလလယ္ပိုင္း ကတည္းက ေတာင္းခံထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဂၤါေန႔အထိ ေတြ႕ဆုံခြင့္နဲ႔ ပတ္သက္ၿပီး အေၾကာင္းျပန္ၾကားခ်က္ မရေသးေၾကာင္း တရားေရးတာဝန္ရွိသူက ေျပာပါတယ္။
================
{{Unicode}}
ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ တွေ့ခွင့်မရ
တမင်ဖန်တီးထားတယ်လို့ အများက ရှုမြင်ကြတဲ့စွဲချက်တွေနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အယူခံပြင်ဆင်ပေးနေတဲ့ သူမရဲ့ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပယ်ချခံရကြောင်း နီးစပ်တဲ့ ဥပဒေရေးရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နောက်ဆုံးလက်ကျန် အဂတိလိုက်စားမှုစွဲချက်တွေကို စီရင်ချက်ချခဲ့တဲ့ အတွက် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူမရှေ့နေတွေအနေနဲ့ သူမကို ထောင်ထဲမှာ နောက်ဆုံးအကြိမ် တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သူမအတွက် ရှေ့နေတွေတင်ပေးတဲ့ အယူခံအတော်များများကတော့ ပယ်ချခံထားရပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ တင်ထားဆဲအယူခံတွေလည်း ရှိနေကြောင်း တရားရေးဆိုင်ရာတာဝန်ရှိသူတဦးက AP ကို ပြောပါတယ်။
အာဏာပိုင်တွေရဲ့ လက်တုံ့ပြန်ခံရမယ့်အရေး စိုးရိမ်ချက်ကြောင့် သူက အမည်မဖော်ဘဲ AP ကို ပြောခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရေးကိစ္စတွေနဲ့ပတ်သက်ပြီး မပြောဖို့လည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ အာဏာပိုင်တို့ကပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အဂတိမှု ၅ မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့စီရင်ချက်ကို တရားရုံးချုပ်မှာကြားနာဖို့အတွက် သူမရဲ့ ရှေ့နေတွေက ရုံးချိန်စောင့်ဆိုင်းနေချိန် ဖြစ်ပါတယ်။ အယူခံနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ခွင့်ပြုချက်ရဖို့ အကျဉ်းထောင် အာဏာပိုင်တွေထံ ရှေ့နေတွေက ဇန်နဝါရီလလယ်ပိုင်း ကတည်းက တောင်းခံထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂါနေ့အထိ တွေ့ဆုံခွင့်နဲ့ ပတ်သက်ပြီး အကြောင်းပြန်ကြားချက် မရသေးကြောင်း တရားရေးတာဝန်ရှိသူက ပြောပါတယ်။