သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတဦးဝင္းျမင့္ မိသားစုနဲ႔ေတြ႕  


သမၼတဦးဝင္းျမင့္ (ယခင္မွတ္တမ္း႐ုပ္ပံု)

ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ သမၼတ ဦးဝင္းျမင့္ ေတာင္ငူေထာင္မွာ မိသားစုနဲ႔ေတြ႕ခဲ့ရတယ္လို႔ နီးစပ္သူေတြဘက္က အတည္ျပဳေပးပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ေထာင္ခ်ခံထားရတဲ့ အမႈ ၂ ခုအတြက္ ျပင္ဆင္ခ်က္ အယူခံအတြက္ ဆုံးျဖတ္ခ်က္ကိုလည္း မတ္လကုန္ပိုင္းမွာ ဆုံးျဖတ္ဖို႔ခ်ဖို႔ ရွိေနပါတယ္။ ႏိုင္ငံေရးအရ ဖမ္းဆီးခံေနရသူေတြရဲ႕ အေျခအေန ရန္ကုန္ကေန သတင္းေပးပို႔ထားတာကို ကိုစည္သူေျပာျပမွာပါ။

ေတာင္ငူေထာင္ကို ေျပာင္းေ႐ႊ႕ခံခဲ့ရတဲ့ သမၼတဦးဝင္းျမင့္ကို မၾကာခင္ရက္ပိုင္းကပဲ သူ႔သမီးျဖစ္သူ ေတြ႕ခဲ့ရတယ္လို႔ နီးစပ္သူတဦးက ဗြီအိုေအကို အတည္ျပဳပါတယ္။ ေထာင္ဒဏ္ခ်မွတ္ခံထားရတဲ့ သမၼတဦးဝင္းျမင့္ကို ၂၀၂၃ ႏွစ္စပိုင္းမွာပဲ ေတာင္ငူေထာင္ကို စစ္ေကာင္စီက ေျပာင္းေ႐ြ႕ခဲ့တာပါ။ ေထာင္ေျပာင္းတဲ့ ဦးဝင္းျမင့္ကို မိသားစုက ပစၥည္းသြားပို႔စဥ္မွာ ခဏေတြ႕ခြင့္ရခဲ့တယ္လို႔ သိရပါတယ္။ ဦးဝင္းျမင့္ဟာ ေတာင္ငူေထာင္တြင္း က်န္းက်န္းမာမာရွိေနတယ္လို႔လည္း မိသားစုနဲ႔နီးစပ္သူက ဗြီအိုေအကို ေျပာပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေထာင္ခ်ခံထားရတဲ့ အမႈေတြထဲက ပို႔ကုန္သြင္းကုန္အမႈနဲ႔ ဆက္သြယ္ေရးအမႈေတြအတြက္ စြဲခ်က္အမိန္ျပင္ဆင္ခ်က္ အထက္တရား႐ုံးမွာတင္ထာပါတယ္။ ဒီ့အတြက္ဆုံးျဖတ္ခ်က္ကိုလည္း မတ္လကုန္ပိုင္းမွာ ဆုံးျဖတ္ခ်က္ခ်မယ္လို႔ သိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက အမႈေပါင္း ၁၉ မႈနဲ႔ ေထာင္ စုစုေပါင္း ၃၃ ႏွစ္ခ်မွတ္ထားၿပီး၊ အဲဒီအမႈအားလုံးကို ျပင္ဆင္မိန႔္ေတြနဲ႔ အယူခံေတြတက္ထားရာမွာ အမႈတခ်ိဳ႕ပယ္ခ်ခံထားရၿပီး အမႈတခ်ိဳ႕ကေတာ့ ဆက္လက္ၾကားနာဖို႔ က်န္ရွိေနေသးတာျဖစ္ပါတယ္။

အက်ဥ္းေထာင္နဲ႔ ပါတ္သက္တဲ့ တဆက္ထဲသတင္းကေတာ့ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ပူးေပါင္းပါဝင္ခဲ့လို႔ဆိုၿပီး ဖမ္းဆီးထိန္း သိမ္းခံရသူေတြထဲ အ႐ြယ္ မေရာက္ေသးတဲ့ ကေလးသူငယ္ေတြ ထိန္းသိမ္းခံေနရတာမွာ ကေလးသူငယ္ အခြင့္အေရး ခ်ိဳးေဖာက္ မႈေတြအျပင္ က်န္းမာေရးျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ကူညီေပးေနသူေတြက ဗြီအိုေအကိုေျပာပါတယ္။

"သင္တန္းေက်ာင္းေတြထဲမွာ က်ေနာ္တို႔နဲ႔ခ်ိတ္ဆက္ထားတဲ့ကေလးေတြဆိုရင္ အာဟာရခ်ိဳ႕တဲ့တာေတြရွိတယ္ ေျပာတယ္။ တခ်ိဳ႕က်န္းမာေရးမေကာင္းတာေတြက ကုသမႈေကာင္းေကာင္းမရတာေတြရွိတယ္။ အမ်ားစုကက်န္းမာေရးခ်ိဳ႕တဲ့တာတင္မကဘူး ဥပမာအားျဖင့္ ရန္ကုန္နဲ႔မႏၲေလးကလြဲရင္ က်န္တဲ့ေနရာေတြမွာက ကေလးေတြကိုရဲစခန္းကေနထိန္းသိမ္းထားတယ္။ ရဲစခန္းမွာမို႔ကေလးေတြကေကာင္းေကာင္းမြန္မြန္ေနထိုင္ရ တာမ်ိဳးမဟုတ္ဘူး။ အခ်ဳပ္နဲ႔ေနေနရတယ္။ သူတို႔ကိုဆက္ဆံမႈေပါ့ ညမွသူတို႔ကိုေခၚႏွိပ္စက္တာေတြရွိတယ္။ စိတ္ပိုင္းဆိုင္ရာႏွိပ္စက္တာေတြပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာႏွိပ္စက္တာထိုးတာႀကိတ္တာေတြရွိတယ္။ အဲလိုခံရတာ ေတြရွိတယ္ တခ်ိဳ႕မိန္းကေလးေတြကလည္း sexual harassment လို႔ေခၚတဲ့ လိင္ပိုင္းဆိုင္ရာ စိတ္အေႏွာင့္အယွက္ေပးတာေတြလည္းအမ်ားႀကီးႀကဳံရတယ္။ ကေလးေတြက အခ်ဳပ္ထဲမွာသူတို႔ႀကဳံရတာေတြ ေျပာျပခ်က္အရ က်ေနာ္တို႔သိရတာမ်ိဳးေတြလဲရွိေနပါတယ္။"

အ႐ြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြနဲ႔ လူငယ္ေတြအေပၚ ဖမ္းဆီးထိန္းသိမ္းေနတာ၊ စစ္ေၾကာေရး စခန္းေတြ၊ အခ်ဳပ္ခန္းေတြမွာပါ အက်ဥ္းခ်ထားတဲ့ျဖစ္စဥ္ေတြရွိေနတာပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း မႏၲေလး အိုးဘို ေထာင္တြင္းမွာ ကေလးတဦး ဖမ္းဆီးေထာင္ခ်ခံခဲ့ရတယ္လို႔ သူကေျပာပါတယ္။

"၁၈ႏွစ္ေအာက္ကေလးကိုမႏၲေလးအိုးဘိုေထာင္မွာေထာင္ခ်လိုက္တဲ့ဟာ ကေလးေတြကိုေထာင္ခ်တယ္ဆိုတာ ကအခ်က္ ၂ခ်က္ၾကည့္ေထာင္ခ်ရတယ္။ ေထာင္ခ်တယ္ဆိုတဲ့ကေလးဟာ အနည္းဆုံးေထာင္ဒဏ္ျပစ္ဒဏ္ ႏွစ္ ၂၀အထက္ရွိရမယ္။ ေနာက္တခုကေတာ့ ဒီကေလးကလုံးဝဆုံးမလို႔မရတာျဖစ္ရမယ္ေပါ့ အဲလိုအခ်က္ေတြနဲ႔ ညီမွေထာင္ခ်လို႔ရတယ္. ဒ့ါေပမယ့္ခုက်ေတာ့ ကေလးကအၾကမ္းဖက္ပုဒ္မနဲ႔စြဲခံရတယ္။ ၅ႏွစ္က်တယ္။ အဲဒါက ၅ႏွစ္က်ျပစ္ဒဏ္ေထာင္ ၂၀လည္းမဟုတ္၊ ေနာက္တခုက ဒီကေလးကဆိုးသြမ္းပါတယ္ မဆိုးသြမ္းပါဘူးဆိုတဲ့ တိက်ေသခ်ာတဲ့ အစီအရင္ခံစာေတြလည္းရွိတာလည္းမဟုတ္ဘဲနဲ႔ ေထာင္ခ်ခံရတယ္။ ကေလးသူငယ္အခြင့္ အေရးေတြနဲ႔မကိုက္ဘဲနဲ႔ေထာင္ခ်ခံေနရတာ။ ေလာေလာဆယ္က်ေတာ္ကေတာ့ အထက္တရား႐ုံးဘက္ကိုတင္ ဖို႔ဟာမွာကလည္း ျပင္ဆင္ေနတာေတြလုပ္တယ္။ အေပၚဆက္တက္လည္း ေကာင္းတာမရွိေတာ့ ေမွ်ာ္လင့္မရ ေတာ့ မိသားစုကလည္း အားမေပးနဲ႔ဆက္လုပ္ဖို႔အခက္အခဲရွိေနတယ္။"

ကေလးသူငယ္ဥပေဒအရ ကေလးေတြကို ျပစ္ဒဏ္ခ်မွတ္ခံရရင္ လူႀကီးေထာင္ေတြ၊ ရဲစခန္းေတြမွာထိန္းသိမ္း ေထာင္ခ်ပိုင္ခြင့္မရွိသလို ခ်မွတ္တဲ့ျပစ္ဒဏ္ေတြအရ လူငယ္ေလ့က်င့္ေရးေက်ာင္းေတြမွာသာထိန္းသိမ္းခြင့္ရွိပါ တယ္။ အခုဟာကလူႀကီးေထာင္မွာ ကေလးကို ေထာင္ ၅ႏွစ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဒီျဖစ္စဥ္ေတြနဲ႔ပတ္သတ္လို႔ စစ္ေကာင္စီေျပာခြင့္ရနဲ႔ သက္ဆိုင္ရာအက်ဥ္းဦးစီးကို ဆက္သြယ္ေမးျမန္းေပမယ့္ ျပန္လည္ေျဖဆိုတာမရွိပါဘူး။ ဒီျဖစ္စဥ္အဓိကျဖစ္တဲ့ အိုးဘိုေထာင္ကိုလည္းဆက္သြယ္ေမးျမန္းေပမယ့္ ေျဇဆိုမယ့္သူ မရွိေၾကာင္းတုံျပန္ပါတယ္။ စစ္ေကာင္စီအာဏာသိမ္းထားတဲ့ ၂ႏွစ္ေက်ာ္ကာလအတြင္းမွာ အသက္မျပည့္ေသးတဲ့ကေလးငယ္ အေယာက္ ၅၀၀ နီးပါး ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အေယာက္ ၃၀၀ နီးပါးေသဆုံးခဲ့တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီ ေစာင့္ေရွာက္ေရးအသင္း ကထုတ္ျပန္ေၾကျငာထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ AAPP ရဲ႕ စာရင္းေတြကခ်ဲ႕ကား လြန္းတဲ့စာရင္းျဖစ္တယ္လို႔ ေဝဖန္ထားပါတယ္။

သမၼတဦးဝင္းျမင့္ မိသားစုနဲ႔ေတြ႕
please wait

No media source currently available

0:00 0:04:02 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

သမ္မတဦးဝင်းမြင့် မိသားစုနဲ့တွေ့

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် တောင်ငူထောင်မှာ မိသားစုနဲ့တွေ့ခဲ့ရတယ်လို့ နီးစပ်သူတွေဘက်က အတည်ပြုပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထောင်ချခံထားရတဲ့ အမှု ၂ ခုအတွက် ပြင်ဆင်ချက် အယူခံအတွက် ဆုံးဖြတ်ချက်ကိုလည်း မတ်လကုန်ပိုင်းမှာ ဆုံးဖြတ်ဖို့ချဖို့ ရှိနေပါတယ်။ နိုင်ငံရေးအရ ဖမ်းဆီးခံနေရသူတွေရဲ့ အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို ကိုစည်သူပြောပြမှာပါ။

တောင်ငူထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ကို မကြာခင်ရက်ပိုင်းကပဲ သူ့သမီးဖြစ်သူ တွေ့ခဲ့ရတယ်လို့ နီးစပ်သူတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကို ၂၀၂၃ နှစ်စပိုင်းမှာပဲ တောင်ငူထောင်ကို စစ်ကောင်စီက ပြောင်းရွေ့ခဲ့တာပါ။ ထောင်ပြောင်းတဲ့ ဦးဝင်းမြင့်ကို မိသားစုက ပစ္စည်းသွားပို့စဉ်မှာ ခဏတွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ဦးဝင်းမြင့်ဟာ တောင်ငူထောင်တွင်း ကျန်းကျန်းမာမာရှိနေတယ်လို့လည်း မိသားစုနဲ့နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ချခံထားရတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်အမှုနဲ့ ဆက်သွယ်ရေးအမှုတွေအတွက် စွဲချက်အမိန်ပြင်ဆင်ချက် အထက်တရားရုံးမှာတင်ထာပါတယ်။ ဒီ့အတွက်ဆုံးဖြတ်ချက်ကိုလည်း မတ်လကုန်ပိုင်းမှာ ဆုံးဖြတ်ချက်ချမယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင် စုစုပေါင်း ၃၃ နှစ်ချမှတ်ထားပြီး၊ အဲဒီအမှုအားလုံးကို ပြင်ဆင်မိန့်တွေနဲ့ အယူခံတွေတက်ထားရာမှာ အမှုတချို့ပယ်ချခံထားရပြီး အမှုတချို့ကတော့ ဆက်လက်ကြားနာဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

အကျဉ်းထောင်နဲ့ ပါတ်သက်တဲ့ တဆက်ထဲသတင်းကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့လို့ဆိုပြီး ဖမ်းဆီးထိန်း သိမ်းခံရသူတွေထဲ အရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေ ထိန်းသိမ်းခံနေရတာမှာ ကလေးသူငယ် အခွင့်အရေး ချိုးဖောက် မှုတွေအပြင် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကူညီပေးနေသူတွေက ဗွီအိုအေကိုပြောပါတယ်။

"သင်တန်းကျောင်းတွေထဲမှာ ကျနော်တို့နဲ့ချိတ်ဆက်ထားတဲ့ကလေးတွေဆိုရင် အာဟာရချို့တဲ့တာတွေရှိတယ် ပြောတယ်။ တချို့ကျန်းမာရေးမကောင်းတာတွေက ကုသမှုကောင်းကောင်းမရတာတွေရှိတယ်။ အများစုကကျန်းမာရေးချို့တဲ့တာတင်မကဘူး ဥပမာအားဖြင့် ရန်ကုန်နဲ့မန္တလေးကလွဲရင် ကျန်တဲ့နေရာတွေမှာက ကလေးတွေကိုရဲစခန်းကနေထိန်းသိမ်းထားတယ်။ ရဲစခန်းမှာမို့ကလေးတွေကကောင်းကောင်းမွန်မွန်နေထိုင်ရ တာမျိုးမဟုတ်ဘူး။ အချုပ်နဲ့နေနေရတယ်။ သူတို့ကိုဆက်ဆံမှုပေါ့ ညမှသူတို့ကိုခေါ်နှိပ်စက်တာတွေရှိတယ်။ စိတ်ပိုင်းဆိုင်ရာနှိပ်စက်တာတွေပါတယ်။ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်တာထိုးတာကြိတ်တာတွေရှိတယ်။ အဲလိုခံရတာ တွေရှိတယ် တချို့မိန်းကလေးတွေကလည်း sexual harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ပေးတာတွေလည်းအများကြီးကြုံရတယ်။ ကလေးတွေက အချုပ်ထဲမှာသူတို့ကြုံရတာတွေ ပြောပြချက်အရ ကျနော်တို့သိရတာမျိုးတွေလဲရှိနေပါတယ်။"

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ လူငယ်တွေအပေါ် ဖမ်းဆီးထိန်းသိမ်းနေတာ၊ စစ်ကြောရေး စခန်းတွေ၊ အချုပ်ခန်းတွေမှာပါ အကျဉ်းချထားတဲ့ဖြစ်စဉ်တွေရှိနေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေး အိုးဘို ထောင်တွင်းမှာ ကလေးတဦး ဖမ်းဆီးထောင်ချခံခဲ့ရတယ်လို့ သူကပြောပါတယ်။

"၁၈နှစ်အောက်ကလေးကိုမန္တလေးအိုးဘိုထောင်မှာထောင်ချလိုက်တဲ့ဟာ ကလေးတွေကိုထောင်ချတယ်ဆိုတာ ကအချက် ၂ချက်ကြည့်ထောင်ချရတယ်။ ထောင်ချတယ်ဆိုတဲ့ကလေးဟာ အနည်းဆုံးထောင်ဒဏ်ပြစ်ဒဏ် နှစ် ၂၀အထက်ရှိရမယ်။ နောက်တခုကတော့ ဒီကလေးကလုံးဝဆုံးမလို့မရတာဖြစ်ရမယ်ပေါ့ အဲလိုအချက်တွေနဲ့ ညီမှထောင်ချလို့ရတယ်. ဒ့ါပေမယ့်ခုကျတော့ ကလေးကအကြမ်းဖက်ပုဒ်မနဲ့စွဲခံရတယ်။ ၅နှစ်ကျတယ်။ အဲဒါက ၅နှစ်ကျပြစ်ဒဏ်ထောင် ၂၀လည်းမဟုတ်၊ နောက်တခုက ဒီကလေးကဆိုးသွမ်းပါတယ် မဆိုးသွမ်းပါဘူးဆိုတဲ့ တိကျသေချာတဲ့ အစီအရင်ခံစာတွေလည်းရှိတာလည်းမဟုတ်ဘဲနဲ့ ထောင်ချခံရတယ်။ ကလေးသူငယ်အခွင့် အရေးတွေနဲ့မကိုက်ဘဲနဲ့ထောင်ချခံနေရတာ။ လောလောဆယ်ကျတော်ကတော့ အထက်တရားရုံးဘက်ကိုတင် ဖို့ဟာမှာကလည်း ပြင်ဆင်နေတာတွေလုပ်တယ်။ အပေါ်ဆက်တက်လည်း ကောင်းတာမရှိတော့ မျှော်လင့်မရ တော့ မိသားစုကလည်း အားမပေးနဲ့ဆက်လုပ်ဖို့အခက်အခဲရှိနေတယ်။"

ကလေးသူငယ်ဥပဒေအရ ကလေးတွေကို ပြစ်ဒဏ်ချမှတ်ခံရရင် လူကြီးထောင်တွေ၊ ရဲစခန်းတွေမှာထိန်းသိမ်း ထောင်ချပိုင်ခွင့်မရှိသလို ချမှတ်တဲ့ပြစ်ဒဏ်တွေအရ လူငယ်လေ့ကျင့်ရေးကျောင်းတွေမှာသာထိန်းသိမ်းခွင့်ရှိပါ တယ်။ အခုဟာကလူကြီးထောင်မှာ ကလေးကို ထောင် ၅နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သတ်လို့ စစ်ကောင်စီပြောခွင့်ရနဲ့ သက်ဆိုင်ရာအကျဉ်းဦးစီးကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာမရှိပါဘူး။ ဒီဖြစ်စဉ်အဓိကဖြစ်တဲ့ အိုးဘိုထောင်ကိုလည်းဆက်သွယ်မေးမြန်းပေမယ့် ဇြေဆိုမယ့်သူ မရှိကြောင်းတုံပြန်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၂နှစ်ကျော်ကာလအတွင်းမှာ အသက်မပြည့်သေးတဲ့ကလေးငယ် အယောက် ၅၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အယောက် ၃၀၀ နီးပါးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း ကထုတ်ပြန်ကြေငြာထားပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ စာရင်းတွေကချဲ့ကား လွန်းတဲ့စာရင်းဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

XS
SM
MD
LG