သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈမ်ား ထူးျခားျဖစ္စဥ္


တရားခြင္အတြင္း ေတြ႔ရတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္။ (ေမ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို တရားစဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့တပတ္အတြင္း ထူးျခားတဲ့အခ်က္ေတြ ရွိခဲ့ပါတယ္။ အဲဒီထဲမွာ သမၼတဦးဝင္းျမင့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က အာဏာသိမ္းတုန္းက ျဖစ္စဥ္ကို ထြက္ဆိုသြားတာနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြအေပၚ အမႈနဲ႔ပတ္သက္ၿပီး ေျပာဆိုခြင့္ေတြ ပိတ္ပင္ခံရတာေတြ ပါဝင္ခဲ့ပါတယ္။ ဒီအေျခအေန အျပည့္အစုံကို ကိုရန္ႏိုင္ စုစည္းတင္ျပေပးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့တပတ္မွာ ထူးျခားတာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ ၂ ေယာက္စလုံးကို သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခဲြမႈဥပေဒ ပုဒ္မ ၂၅ နဲ႔ သီးျခားစဲြထားတဲ့ အမႈကို စဲြခ်က္တင္လိုက္ပါတယ္။ ၂၀၂၀ ေရြးေကာက္ပဲြ မဲဆြယ္စည္း႐ုံးေရးကာလ ပါတီစည္း႐ုံးေရး ယာဥ္တန္းကို လက္ျပတာ၊ ကိုဗစ္ကာလ မဲဆြယ္စည္း႐ုံးေရးေတြေၾကာင့္ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခဲြေရး အက္ဥပေဒပုဒ္မ ၂၅ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ၂ မႈ၊ ဦးဝင္းျမင့္ကို ၁ မႈ စဲြတာျဖစ္ၿပီး ဒါက အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းေအာင္ လုပ္ေဆာင္မႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) နဲ႔ စဲြခ်က္တင္လိုက္ၿပီးတဲ့ေနာက္ ဒါက ဒုတိယေျမာက္ စဲြခ်က္တင္ခံရတဲ့အမႈ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေနေတြဘက္ကေတာ့ အခုလို စဲြခ်က္တင္ဖို႔ ဆုံးျဖတ္လိုက္တာနဲ႔ ပတ္သက္ၿပီး အယူခံဝင္သြားမယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ထူးျခားခ်က္တခုကေတာ့ ေဒၚေအာင္ဆန္းစုၾကည္က သူ႔အေပၚစဲြထားတဲ့ အမႈေတြဟာ အပတ္စဥ္ ေန႔တုိင္းလိုလို ႐ုံးခ်ိန္းေတြ ရွိေနတာေၾကာင့္ က်န္းမာေရး ထိခုိက္ႏုိင္တဲ့အတြက္ အပတ္စဥ္ စစ္ေနတာအစား ၂ ပတ္တခါ စစ္ေပးဖို႔ ေလွွ်ာက္တာကို တရား႐ုံးက လက္မခံဘဲ ပယ္ခ်ခဲ့ပါတယ္။ ဒါ့အျပင္ NLD အစိုးရ လက္ထက္က စီးပြားေရးအႀကံေပး Sean Turnell ရဲ႕အမႈနဲ႔ ပတ္သက္ၿပီး စကားျပန္ေခၚခြင့္ ေတာင္းတာကို တရားသူႀကီးက လက္မခံဘဲ ပယ္ခ်လိုက္ၿပီး သူတို႔သတ္မွတ္ထားတဲ့ တရားသူႀကီးတေယာက္ကိုပဲ စကားျပန္လုပ္ခြင့္ ေပးခဲ့ပါတယ္။ ဒီအခ်က္ေတြကို ၾကည့္မယ္ဆိုရင္ စစ္ေကာင္စီရဲ႕ သီးသန္႔တရား႐ုံးဟာ ေဒၚေအာင္ဆန္းစုၾကည္တို႔ဘက္က ေလွ်ာက္ထား တင္ျပခ်က္ေတြကို လက္မခံဘဲ ပယ္ခ်ေနတာေတြကို ေတြ႔ရၿပီး အမႈေတြကိုလည္း ျမန္ျမန္ၿပီးဆုံးေအာင္ လုပ္သြားမယ့္ပုံ ရွိတယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။

ဒီတပတ္ တရားခြင္ထြက္ဆိုခ်က္ေတြထဲမွာ စိတ္ဝင္စားစရာ အေကာင္းဆုံးကေတာ့ အဂၤါေန႔က တရားခြင္မွာ သမၼတ ဦးဝင္းျမင့္ရဲ႕ သက္ေသထြက္ဆိုခ်က္ ျဖစ္ပါတယ္။ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈနဲ႔ စဲြတဲ့အမႈနဲ႔ ပတ္သက္ၿပီး သမၼတ ဦးဝင္းျမင့္က သူကိုယ္တုိင္ သက္ေသထြက္ဆုိခဲ့ၿပီး ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းတုန္းက ျဖစ္ရပ္ကို ထြက္ဆုိသြားခဲ့ပါတယ္။ စစ္အရာရွိ ၂ ေယာက္က သူ႔ဆီေရာက္လာၿပီး က်န္းမာေရး အေၾကာင္းျပခ်က္နဲ႔ ရာထူးကဆင္းေပးဖို႔ ဖိအားေပးၿပီးတဲ့ေနာက္ အဖမ္းခံခဲ့ရတယ္လို႔ ထြက္ဆုိသြားခဲ့ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“ဦးဝင္းျမင့္က ေဖေဖာ္ဝါရီ ၁ ရက္ေန႔ သူအဖမ္းခံရတာ စေျပာတယ္။ အဲမနက္က ဗိုလ္ခ်ဳပ္ႀကီး၊ ဒုဗိုလ္ခ်ဳပ္ႀကီး အဆင့္ရွိသူ ၂ ေယာက္က လာၿပီး စကားေျပာတာတဲ့။ သူနဲ႔ေျပာတာ သမၼတရာထူးကေန ႏုတ္ထြက္ေပးဖို႔၊ က်န္းမာေရးကို အေၾကာင္းျပၿပီး ႏုတ္ထြက္ေပးဖို႔ ေျပာတယ္။ အဲဒီေတာ့ သမၼတႀကီးကေန သူက က်န္းမာေရး ေကာင္းမြန္တဲ့ အတြက္ေၾကာင့္ ႏုတ္ထြက္မေပးႏိုင္ေၾကာင္း ျပန္ေျပာခဲ့ပါတယ္။ အဲဒီလို ျပန္ေျပာတဲ့အခါမွာ ျပန္စဥ္းစားဖို႔နဲ႔ ပုဂၢိဳလ္ေရး ထိခိုက္မႈအႏၲရာယ္ ရွိႏိုင္တယ္လို႔ ဆိုၿပီး သူ႔ကို ေျပာတယ္တဲ့။ အဲဒီအခ်ိန္တည္းက သူအဖမ္းခံရတယ္။ ဘယ္သူနဲ႔မွလည္း မေတြ႔ရဘူး၊ ဘယ္သူ႔အဆက္အသြယ္မွလည္း မရဘူး။ အဖမ္းခံရၿပီးေနာက္ပိုင္း CEC ကထုတ္တဲ့ စာေတြက သူအဖမ္းခံၿပီးေနာက္မွ ထုတ္တာေတြ သူဘာမွမသိဘူး၊ သူနဲ႔မဆိုင္ဘူး၊ သိကိုမသိဘူးဆိုတာ ေျပာတာပါ။”

ဒီအခ်က္ေၾကာင့္ပဲ စစ္ေကာင္စီဟာ သူတို႔ အာဏာသိမ္းတုန္းက အေျခအေနတခုကို အမ်ားျပည္သူ သိရွိခဲ့တဲ့အတြက္ ဦးခင္ေမာင္ေဇာ္နဲ႔ သူ႔ရဲ႕ လက္ေထာက္ေရွ႕ေနေတြ အေပၚမွာ ဖိအားေပးၿပီး အမႈနဲ႔ပတ္သက္ၿပီး တားျမစ္ပိတ္ပင္တာေတြ လုပ္လာပုံရပါတယ္။

သမၼတ ဦးဝင္းျမင့္ ထြက္ဆုိတာေတြနဲ႔ ႐ုံးေတာ္မွာ စစ္ေဆးေမးျမန္းတာေတြကို အမ်ားျပည္သူ သိခြင့္ရွိမရွိ ေဒၚေအာင္ဆန္းစုၾကည္က ေမးျမန္းခဲ့တာမွာ တရား႐ုံးကလည္း တရားခြင္ကို အမ်ားျပည္သူကို ေပးမဝင္ေပမယ့္ ဒါေတြနဲ႔ပတ္သက္ၿပီး ပိတ္ထားတာမရွိဘဲ Open Court ျဖစ္တာေၾကာင့္ သိခြင့္ရွိတယ္လို႔ ဆိုပါတယ္။ ႐ုံးေတာ္မွာ ထြက္ဆုိခဲ့တဲ့ အဲဒီထြက္ဆုိခ်က္ကို သက္ေသအျဖစ္နဲ႔ တရားဝင္ထြက္ဆုိခ်က္ေတြ ျဖစ္ၿပီး တရား႐ုံးကလည္း ပိတ္ထားတာ မရွိတဲ့အတြက္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က မီဒီယာေတြကို ျပန္ေျပာခဲ့တာပါ။ အဲဒီလို ေျပာတဲ့အတြက္ ပ်ဥ္းမနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးက ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကို ေခၚၿပီး ရာဇဝတ္က်င့္ထုုံး ဥပေဒပုဒ္မ ၁၄၄ အရ အမႈနဲ႔ပတ္သက္ၿပီး ျပည္တြင္းျပည္ပက မီဒီယာ အဖြဲ႔အစည္းေတြ၊ အျပည္ျပည္ဆိုင္ရာ အဖြဲ႔အစည္းနဲ႔ လူပုဂၢိဳလ္ေတြ၊ INGO ေတြ၊ ႏိုင္ငံျခားအစိုးရ တာဝန္ရွိသူေတြ အပါအဝင္ မည္သည့္ ျပင္ပအဖြဲ႔အစည္းက ပုဂၢိဳလ္ေတြကိုမွ တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္၍ေသာ္လည္းေကာင္း တျခားတနည္းနည္းနဲ႔ ဆက္သြယ္ေဆာင္ရြက္ျခင္း မျပဳဖို႔ တားျမစ္လိုက္ပါတယ္။

တရား႐ုံးမွာ ၾကားနာစစ္ေဆးမႈေတြ၊ တရားဝင္ သက္ေသထြက္ဆုိခ်က္ေတြ၊ အမႈအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေရွ႕ေနေတြမွာ ေျပာပိုင္ခြင့္ ဘယ္ေလာက္ရွိသလဲ၊ တရား႐ုံးကေတာင္ တားျမစ္ပိတ္ထားျခင္း မရွိတဲ့အေပၚ အုပ္ခ်ဳပ္ေရးပိုင္းက ဘာလို႔ တားျမစ္ရတာလဲ ဆိုတာနဲ႔ တားျမစ္ပုိင္ခြင့္ရွိသလား ဆုိတာကလည္း ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။

အဲဒီလို တားျမစ္လိုက္တာက လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိပုိင္ခြင့္ကို ထိခုိက္ေစၿပီး ေရွ႕ေနေတြ အေပၚမွာလည္း ဖိအားေပးတာ၊ ၿခိမ္းေျခာက္ရာေတာ့ ေရာက္ေနပါတယ္။ ေသခ်ာတာကေတာ့ စစ္ေကာင္စီဟာ ဒီအမႈနဲ႔ပတ္သက္ၿပီး သတင္းစီးဆင္းမႈကို တားဆီးဟန္႔တားမႈေတြ လုပ္လာေနသလို ဥပေဒေၾကာင္းအရ ခုခံကာကြယ္ေပးေနတဲ့ ေရွ႕ေနေတြ အေပၚမွာလည္း တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္၍ေသာ္လည္းေကာင္း တနည္းနည္း ဖိအားေပး ၿခိမ္းေျခာက္တာေတြ လုပ္လာေနတယ္လို႔ပဲ သုံးသပ္ရမွာ ျဖစ္ပါတယ္။

အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး စဲြထားတဲ့ ၄ မႈကို ေသာၾကာေန႔က စစ္ေဆးတာမွာ စစ္ေကာင္စီဘက္က သက္ေသေခၚခဲ့တဲ့ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းရဲ႕ ဇနီး ေဒၚခင္မိမိႂကြယ္ လာမထြက္ႏုိ္င္လို႔ ၃ မႈပဲ စစ္ႏုိင္ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အမႈမ်ား ထူးျခားျဖစ္စဥ္
please wait

No media source currently available

0:00 0:05:31 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အမှုများ ထူးခြားဖြစ်စဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့တပတ်အတွင်း ထူးခြားတဲ့အချက်တွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ သမ္မတဦးဝင်းမြင့် ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းတုန်းက ဖြစ်စဉ်ကို ထွက်ဆိုသွားတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအပေါ် အမှုနဲ့ပတ်သက်ပြီး ပြောဆိုခွင့်တွေ ပိတ်ပင်ခံရတာတွေ ပါဝင်ခဲ့ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင် စုစည်းတင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့တပတ်မှာ ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ၂ ယောက်စလုံးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ သီးခြားစွဲထားတဲ့ အမှုကို စွဲချက်တင်လိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ပါတီစည်းရုံးရေး ယာဉ်တန်းကို လက်ပြတာ၊ ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးတွေကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အက်ဥပဒေပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ မှု၊ ဦးဝင်းမြင့်ကို ၁ မှု စွဲတာဖြစ်ပြီး ဒါက အများပြည်သူ တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်လိုက်ပြီးတဲ့နောက် ဒါက ဒုတိယမြောက် စွဲချက်တင်ခံရတဲ့အမှု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်ကတော့ အခုလို စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် ထူးခြားချက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်စွဲထားတဲ့ အမှုတွေဟာ အပတ်စဉ် နေ့တိုင်းလိုလို ရုံးချိန်းတွေ ရှိနေတာကြောင့် ကျန်းမာရေး ထိခိုက်နိုင်တဲ့အတွက် အပတ်စဉ် စစ်နေတာအစား ၂ ပတ်တခါ စစ်ပေးဖို့ လျှောက်တာကို တရားရုံးက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် NLD အစိုးရ လက်ထက်က စီးပွားရေးအကြံပေး Sean Turnell ရဲ့အမှုနဲ့ ပတ်သက်ပြီး စကားပြန်ခေါ်ခွင့် တောင်းတာကို တရားသူကြီးက လက်မခံဘဲ ပယ်ချလိုက်ပြီး သူတို့သတ်မှတ်ထားတဲ့ တရားသူကြီးတယောက်ကိုပဲ စကားပြန်လုပ်ခွင့် ပေးခဲ့ပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ သီးသန့်တရားရုံးဟာ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လျှောက်ထား တင်ပြချက်တွေကို လက်မခံဘဲ ပယ်ချနေတာတွေကို တွေ့ရပြီး အမှုတွေကိုလည်း မြန်မြန်ပြီးဆုံးအောင် လုပ်သွားမယ့်ပုံ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီတပတ် တရားခွင်ထွက်ဆိုချက်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အင်္ဂါနေ့က တရားခွင်မှာ သမ္မတ ဦးဝင်းမြင့်ရဲ့ သက်သေထွက်ဆိုချက် ဖြစ်ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ စွဲတဲ့အမှုနဲ့ ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့်က သူကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းတုန်းက ဖြစ်ရပ်ကို ထွက်ဆိုသွားခဲ့ပါတယ်။ စစ်အရာရှိ ၂ ယောက်က သူ့ဆီရောက်လာပြီး ကျန်းမာရေး အကြောင်းပြချက်နဲ့ ရာထူးကဆင်းပေးဖို့ ဖိအားပေးပြီးတဲ့နောက် အဖမ်းခံခဲ့ရတယ်လို့ ထွက်ဆိုသွားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁ ရက်နေ့ သူအဖမ်းခံရတာ စပြောတယ်။ အဲမနက်က ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ၂ ယောက်က လာပြီး စကားပြောတာတဲ့။ သူနဲ့ပြောတာ သမ္မတရာထူးကနေ နုတ်ထွက်ပေးဖို့၊ ကျန်းမာရေးကို အကြောင်းပြပြီး နုတ်ထွက်ပေးဖို့ ပြောတယ်။ အဲဒီတော့ သမ္မတကြီးကနေ သူက ကျန်းမာရေး ကောင်းမွန်တဲ့ အတွက်ကြောင့် နုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီလို ပြန်ပြောတဲ့အခါမှာ ပြန်စဉ်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်မှုအန္တရာယ် ရှိနိုင်တယ်လို့ ဆိုပြီး သူ့ကို ပြောတယ်တဲ့။ အဲဒီအချိန်တည်းက သူအဖမ်းခံရတယ်။ ဘယ်သူနဲ့မှလည်း မတွေ့ရဘူး၊ ဘယ်သူ့အဆက်အသွယ်မှလည်း မရဘူး။ အဖမ်းခံရပြီးနောက်ပိုင်း CEC ကထုတ်တဲ့ စာတွေက သူအဖမ်းခံပြီးနောက်မှ ထုတ်တာတွေ သူဘာမှမသိဘူး၊ သူနဲ့မဆိုင်ဘူး၊ သိကိုမသိဘူးဆိုတာ ပြောတာပါ။”

ဒီအချက်ကြောင့်ပဲ စစ်ကောင်စီဟာ သူတို့ အာဏာသိမ်းတုန်းက အခြေအနေတခုကို အများပြည်သူ သိရှိခဲ့တဲ့အတွက် ဦးခင်မောင်ဇော်နဲ့ သူ့ရဲ့ လက်ထောက်ရှေ့နေတွေ အပေါ်မှာ ဖိအားပေးပြီး အမှုနဲ့ပတ်သက်ပြီး တားမြစ်ပိတ်ပင်တာတွေ လုပ်လာပုံရပါတယ်။

သမ္မတ ဦးဝင်းမြင့် ထွက်ဆိုတာတွေနဲ့ ရုံးတော်မှာ စစ်ဆေးမေးမြန်းတာတွေကို အများပြည်သူ သိခွင့်ရှိမရှိ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တာမှာ တရားရုံးကလည်း တရားခွင်ကို အများပြည်သူကို ပေးမဝင်ပေမယ့် ဒါတွေနဲ့ပတ်သက်ပြီး ပိတ်ထားတာမရှိဘဲ Open Court ဖြစ်တာကြောင့် သိခွင့်ရှိတယ်လို့ ဆိုပါတယ်။ ရုံးတော်မှာ ထွက်ဆိုခဲ့တဲ့ အဲဒီထွက်ဆိုချက်ကို သက်သေအဖြစ်နဲ့ တရားဝင်ထွက်ဆိုချက်တွေ ဖြစ်ပြီး တရားရုံးကလည်း ပိတ်ထားတာ မရှိတဲ့အတွက် ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာတွေကို ပြန်ပြောခဲ့တာပါ။ အဲဒီလို ပြောတဲ့အတွက် ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ရှေ့နေ ဦးခင်မောင်ဇော်ကို ခေါ်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အမှုနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက မီဒီယာ အဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ၊ INGO တွေ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူတွေ အပါအဝင် မည်သည့် ပြင်ပအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကိုမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တခြားတနည်းနည်းနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်း မပြုဖို့ တားမြစ်လိုက်ပါတယ်။

တရားရုံးမှာ ကြားနာစစ်ဆေးမှုတွေ၊ တရားဝင် သက်သေထွက်ဆိုချက်တွေ၊ အမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှေ့နေတွေမှာ ပြောပိုင်ခွင့် ဘယ်လောက်ရှိသလဲ၊ တရားရုံးကတောင် တားမြစ်ပိတ်ထားခြင်း မရှိတဲ့အပေါ် အုပ်ချုပ်ရေးပိုင်းက ဘာလို့ တားမြစ်ရတာလဲ ဆိုတာနဲ့ တားမြစ်ပိုင်ခွင့်ရှိသလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အဲဒီလို တားမြစ်လိုက်တာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ထိခိုက်စေပြီး ရှေ့နေတွေ အပေါ်မှာလည်း ဖိအားပေးတာ၊ ခြိမ်းခြောက်ရာတော့ ရောက်နေပါတယ်။ သေချာတာကတော့ စစ်ကောင်စီဟာ ဒီအမှုနဲ့ပတ်သက်ပြီး သတင်းစီးဆင်းမှုကို တားဆီးဟန့်တားမှုတွေ လုပ်လာနေသလို ဥပဒေကြောင်းအရ ခုခံကာကွယ်ပေးနေတဲ့ ရှေ့နေတွေ အပေါ်မှာလည်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တနည်းနည်း ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်လာနေတယ်လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး စွဲထားတဲ့ ၄ မှုကို သောကြာနေ့က စစ်ဆေးတာမှာ စစ်ကောင်စီဘက်က သက်သေခေါ်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ် လာမထွက်နိုင်လို့ ၃ မှုပဲ စစ်နိုင်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG