သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတဦးဝင္းျမင့္ကို ေတာင္ငူေထာင္​ေ႐ႊ႕ေျပာင္း


သမၼတဦးဝင္းျမင့္

သမၼတဦးဝင္းျမင့္ကို စစ္ေကာင္စီက ေနျပည္ေတာ္မွာ အက်ယ္ခ်ဳပ္ပုံစံနဲ႔ ထားရွိရာကေန ၿပီးခဲ့တဲ့ ရက္ပိုင္းမွာပဲ ေတာင္ငူေထာင္ကို ေ႐ႊ႕ေျပာင္းလိုက္တယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြကေျပာပါတယ္။ သမၼတဦးဝင္းျမင့္နဲ႔ပါတ္သက္လို႔ ကိုင္တြယ္ပံုဟာ ဥပေဒေၾကာင္းထက္စာရင္၊ လက္စားေခ်လိုတဲ့ သေဘာနဲ႔ကိုင္တြယ္တာလို႔ ဥပေဒပညာရွင္တခ်ိဳ႕က ယူဆပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္က တင္ျပထားပါတယ္။

သမၼတဦးဝင္းျမင့္ကို စစ္ေကာင္စီက ေနျပည္ေတာ္မွာ အက်ယ္ခ်ဳပ္ပုံစံနဲ႔ ထားရွိရာကေန ၿပီးခဲ့တဲ့ ရက္ပိုင္းမွာပဲ ေတာင္ငူေထာင္ကို ေ႐ႊ႕ေျပာင္းလိုက္တယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြကေျပာပါတယ္။ သမၼတဦးဝင္းျမင့္ကို ထားဖို႔ ေတာင္ငူေထာင္ထဲမွာ သီးသန႔္အေဆာက္အဦးတခု ျပင္ဆင္တည္ေဆာက္ထားတယ္လို႔လည္း ေျပာပါတယ္။ ဇန္နဝါရီ ၄ ရက္က လြတ္ၿငိမ္းခြင့္ေၾကျငာတဲ့ထဲမွာ မပါတဲ့အျပင္ ေထာင္ေျပာင္းေ႐ႊ႕ဖို႔စီစဥ္ခဲ့တာျဖစ္ေပမယ့္၊ ၿပီးခဲ့တဲ့ အပတ္ကမွ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္တယ္လို႔ သူကေျပာပါတယ္။ ေရွေနႀကီး ဦးႀကီးျမင့္ကေတာ့ အခုလို ေဆာင္႐ြက္တာဟာ ဥပေဒေၾကာင္းထက္စာရင္ လက္စားေခ်လိုတဲ့သေဘာနဲ႔ ေဆာင္႐ြက္တာလို႔ သုံးသပ္ပါတယ္။

"အခုဟာ ဥပေဒအရလုပ္ေနတာ မဟုတ္ဘူး။ လက္စားေခ်ေနတာ။ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ တရားစီရင္ေရးနဲ႔ ႏိုင္ငံေရးအေျခအေနဟာ လက္စားေခ်ေနတာ။ အဲဒါကို ကၽြန္ေတာ္တို႔က ဥပေဒ႐ႈေဒါင့္ကၾကည့္မယ္ဆိုရင္ ဘယ္လိုမွမျမင္ႏိုင္ဘူးေပါ့ေနာ္။ မွတ္ခ်က္ေပးရမယ္ဆိုရင္ေတာ့ သမၼတႀကီးကို သမၼတလို႔ သူတို႔ မျမင္ေတာ့ဘူး။ လက္စားေခ်တာေပါ့ေနာ္။ သူတို႔ရဲ႕ သားေကာင္လို႔ပဲျမင္ေတာ့တယ္။ အဲဒီအတြက္ အင္မတန္ဝမ္းနည္း၊ စိတ္ထိခိုက္တယ္ဆိုတာေျပာခ်င္ပါတယ္ေနာ္။"

သမၼတဦးဝင္းျမင့္ကို ေထာင္ေျပာင္းေ႐ႊ႕တယ္ဆိုတဲ့ သတင္းနဲ႔ပါတ္သက္လို႔ စစ္ေကာင္စီက တစံုတရာ မထုတ္ျပန္သလို ဗီြအိုေအက ဆက္သြယ္ေမးျမန္းဖို႔ ခုထိ ဆက္သြယ္လို႔ မရေသးပါဘူး။ အက်ဥ္းဦးစီးဘက္ကေတာ့ေျဖဆိုဖို႔ျငင္းဆန္ၿပီး လုံၿခဳံေရးအရေျပာဆိုခြင့္မရွိေၾကာင္းေျပာပါတယ္။ သမၼတတာဝန္ထမ္းေဆာင္ခဲ့သူတဦးကို အခုလို ေဆာင္႐ြက္တာမ်ိဳး မလုပ္သင့္ဘူးလို႔ ဥပေဒသမားတဦးကလည္း အခုလို သုံးသပ္ပါတယ္။

"ဒီလိုပုဂၢိဳလ္မ်ိုးေပါ့။ ဆရာတို႔ အက်ဥ္းေထာင္ဥပေဒမွာဆိုရင္ဘယ္လိုသံုးတာလဲဆိုေတာ့ State Prisoner လို႔ သံုးတယ္။ ႏိုင္ငံေတာ္အက်ဥ္းသားေပါ့ေနာ္။ State Prisoner ေတြက သူတို႔ရာထူးဌာနႏၱရနဲ႔ ကိုက္ညီဆီေလ်ာ္တဲ့ အရပ္ေဒသမ်ိဳးမွာပဲ ေကာင္းမြန္စြာ ဂုဏ္သေရရွိစြာ ထားရွိမွသာလ်င္ သင့္ေတာ္လို႔ ဆရာတို႔ျမင္ပါတယ္။ အဲလိုပုဂၢိဳလ္မ်ိဳးက တကယ္ေျပာင္းျဖစ္ခဲ့တယ္ဆိုရင္ ေတာ္႐ံုတန္႐ံုေနရာမ်ိဳးကေတာ့ သင့္ေတာ္မႈမရွိဘူးလုိ႔ျမင္တယ္။ ေတာင္ငူေထာင္သည္ ဗဟိုအက်ဥ္းေထာင္အဆင့္မဟုတ္ဘူး။ တိုင္းအဆင့္အက်ဥ္းေထာင္တခုျဖစ္တယ္။ သမၼတတဦးကိုထားရမယ့္ ေနရာတခုေတာ့ မဟုတ္ဘူးလို႔ ဆရာတို႔က ဥပေဒေၾကာင္းအေနနဲ႔ေရာ၊ ဌာနဆိုင္ရာ အက်ဥ္းဦးစီးမွာတာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ အရာရွိတေယာက္အေနနဲ႔ေျပာရင္ ဒါဟာ မသင့္ဘူးလို႔ ျမင္တယ္။ ဒီေကာလဟာလသည္ မမွန္ကန္ပါေစနဲ႔လို႔ပဲ ဆုေတာင္းပါတယ္။"

ဦးဝင္းျမင့္ဟာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာပဲ ဖမ္းဆီးခံထားရတာျဖစ္ပါတယ္။ သူ႔ကို စစ္ေကာင္စီက ဆူပူေအာင္ လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅ (ခ)၊ သဘာဝေဘးစီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅ နဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အေပၚမေလ်ာ္ၾသဇာျပဳမႈ ရာဇသတ္ႀကီးပုဒ္မ ၁၃၀ (က) အျပင္ ရဟတ္ယာဥ္ဝယ္ယူငွားရမ္းမႈနဲ႔ပတ္သက္လို႔ အဂတိလိုက္စားမႈ ၅ မႈတို႔အတြက္ စုစုေပါင္း ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလကုန္ပိုင္းမွာ သမၼတကိုေရာ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုပါ စြဲဆိုထားတဲ့ အမႈေတြ အၿပီးအျပတ္ အမိန္႔ခ်မွတ္ခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၅ ရက္ေန႔အထိေနျပည္ေတာ္ အက်ဥ္းေထာင္အတြင္းမွာဘဲထားရွိထားတယ္လို႔ တရား႐ုံးနဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းကေျပာပါတယ္။ သမၼတအတြက္ေရာ ေဒၚေအာင္ဆန္းစုၾကည္အတြက္ပါ အစားအေသာက္နဲ႔ရိကၡာေတြကို ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၇ ရက္ေန႔ကထိ ေနျပည္ေတာ္က ရဲစခန္းတစ္ခုမွာ ေပးပို႔ခြင့္ရခဲ့တယ္လို႔ သူကေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔သမၼတဦးဝင္းျမင့္တို႔ ေရွ႕ေနေတြကေတာ့ တပတ္ တႀကိမ္ေတြ႕ခြင့္ရဖို႔ အက်ဥ္းဦးစီးဘက္ကိုတင္ျပထားတယ္လို႔သိရပါတယ္။ ဒါကိုခြင့္ျပဳ မျပဳကိုအက်ဥ္းဦးစီးဌာနဘက္က ျပန္ေျဖတာမရွိေသးဘူးလို႔သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

သမ္မတဦးဝင်းမြင့်ကို တောင်ငူထောင်ရွှေ့ပြောင်း

သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက နေပြည်တော်မှာ အကျယ်ချုပ်ပုံစံနဲ့ ထားရှိရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ပါတ်သက်လို့ ကိုင်တွယ်ပုံဟာ ဥပဒေကြောင်းထက်စာရင်၊ လက်စားချေလိုတဲ့ သဘောနဲ့ကိုင်တွယ်တာလို့ ဥပဒေပညာရှင်တချို့က ယူဆပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြထားပါတယ်။

သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက နေပြည်တော်မှာ အကျယ်ချုပ်ပုံစံနဲ့ ထားရှိရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ သမ္မတဦးဝင်းမြင့်ကို ထားဖို့ တောင်ငူထောင်ထဲမှာ သီးသန့်အဆောက်အဦးတခု ပြင်ဆင်တည်ဆောက်ထားတယ်လို့လည်း ပြောပါတယ်။ ဇန်နဝါရီ ၄ ရက်က လွတ်ငြိမ်းခွင့်ကြေငြာတဲ့ထဲမှာ မပါတဲ့အပြင် ထောင်ပြောင်းရွှေ့ဖို့စီစဉ်ခဲ့တာဖြစ်ပေမယ့်၊ ပြီးခဲ့တဲ့ အပတ်ကမှ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ ရှေနေကြီး ဦးကြီးမြင့်ကတော့ အခုလို ဆောင်ရွက်တာဟာ ဥပဒေကြောင်းထက်စာရင် လက်စားချေလိုတဲ့သဘောနဲ့ ဆောင်ရွက်တာလို့ သုံးသပ်ပါတယ်။

"အခုဟာ ဥပဒေအရလုပ်နေတာ မဟုတ်ဘူး။ လက်စားချေနေတာ။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တရားစီရင်ရေးနဲ့ နိုင်ငံရေးအခြေအနေဟာ လက်စားချေနေတာ။ အဲဒါကို ကျွန်တော်တို့က ဥပဒေရှုဒေါင့်ကကြည့်မယ်ဆိုရင် ဘယ်လိုမှမမြင်နိုင်ဘူးပေါ့နော်။ မှတ်ချက်ပေးရမယ်ဆိုရင်တော့ သမ္မတကြီးကို သမ္မတလို့ သူတို့ မမြင်တော့ဘူး။ လက်စားချေတာပေါ့နော်။ သူတို့ရဲ့ သားကောင်လို့ပဲမြင်တော့တယ်။ အဲဒီအတွက် အင်မတန်ဝမ်းနည်း၊ စိတ်ထိခိုက်တယ်ဆိုတာပြောချင်ပါတယ်နော်။"

သမ္မတဦးဝင်းမြင့်ကို ထောင်ပြောင်းရွှေ့တယ်ဆိုတဲ့ သတင်းနဲ့ပါတ်သက်လို့ စစ်ကောင်စီက တစုံတရာ မထုတ်ပြန်သလို ဗွီအိုအေက ဆက်သွယ်မေးမြန်းဖို့ ခုထိ ဆက်သွယ်လို့ မရသေးပါဘူး။ အကျဉ်းဦးစီးဘက်ကတော့ဖြေဆိုဖို့ငြင်းဆန်ပြီး လုံခြုံရေးအရပြောဆိုခွင့်မရှိကြောင်းပြောပါတယ်။ သမ္မတတာဝန်ထမ်းဆောင်ခဲ့သူတဦးကို အခုလို ဆောင်ရွက်တာမျိုး မလုပ်သင့်ဘူးလို့ ဥပဒေသမားတဦးကလည်း အခုလို သုံးသပ်ပါတယ်။

"ဒီလိုပုဂ္ဂိုလ်မျိုးပေါ့။ ဆရာတို့ အကျဉ်းထောင်ဥပဒေမှာဆိုရင်ဘယ်လိုသုံးတာလဲဆိုတော့ State Prisoner လို့ သုံးတယ်။ နိုင်ငံတော်အကျဉ်းသားပေါ့နော်။ State Prisoner တွေက သူတို့ရာထူးဌာနန္တရနဲ့ ကိုက်ညီဆီလျော်တဲ့ အရပ်ဒေသမျိုးမှာပဲ ကောင်းမွန်စွာ ဂုဏ်သရေရှိစွာ ထားရှိမှသာလျင် သင့်တော်လို့ ဆရာတို့မြင်ပါတယ်။ အဲလိုပုဂ္ဂိုလ်မျိုးက တကယ်ပြောင်းဖြစ်ခဲ့တယ်ဆိုရင် တော်ရုံတန်ရုံနေရာမျိုးကတော့ သင့်တော်မှုမရှိဘူးလို့မြင်တယ်။ တောင်ငူထောင်သည် ဗဟိုအကျဉ်းထောင်အဆင့်မဟုတ်ဘူး။ တိုင်းအဆင့်အကျဉ်းထောင်တခုဖြစ်တယ်။ သမ္မတတဦးကိုထားရမယ့် နေရာတခုတော့ မဟုတ်ဘူးလို့ ဆရာတို့က ဥပဒေကြောင်းအနေနဲ့ရော၊ ဌာနဆိုင်ရာ အကျဉ်းဦးစီးမှာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အရာရှိတယောက်အနေနဲ့ပြောရင် ဒါဟာ မသင့်ဘူးလို့ မြင်တယ်။ ဒီကောလဟာလသည် မမှန်ကန်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။"

ဦးဝင်းမြင့်ဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ သူ့ကို စစ်ကောင်စီက ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်သြဇာပြုမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အပြင် ရဟတ်ယာဉ်ဝယ်ယူငှားရမ်းမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု ၅ မှုတို့အတွက် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာ သမ္မတကိုရော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ စွဲဆိုထားတဲ့ အမှုတွေ အပြီးအပြတ် အမိန့်ချမှတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့အထိနေပြည်တော် အကျဉ်းထောင်အတွင်းမှာဘဲထားရှိထားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။ သမ္မတအတွက်ရော ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ အစားအသောက်နဲ့ရိက္ခာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ကထိ နေပြည်တော်က ရဲစခန်းတစ်ခုမှာ ပေးပို့ခွင့်ရခဲ့တယ်လို့ သူကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ ရှေ့နေတွေကတော့ တပတ် တကြိမ်တွေ့ခွင့်ရဖို့ အကျဉ်းဦးစီးဘက်ကိုတင်ပြထားတယ်လို့သိရပါတယ်။ ဒါကိုခွင့်ပြု မပြုကိုအကျဉ်းဦးစီးဌာနဘက်က ပြန်ဖြေတာမရှိသေးဘူးလို့သိရပါတယ်။

XS
SM
MD
LG