သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ဴးေက်ာ္စစ္ ႏွစ္ပတ္လည္ျပည့္မွာ ႐ုရွားထိုးစစ္ဆင္ႏိုင္ေၾကာင္း ယူကရိန္းခန္႔မွန္း


[[Zawgyi/Unicode]]

ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ က်ဳးေက်ာ္စစ္စခဲ့တဲ့ ႏွစ္ပတ္လည္အခ်ိန္နဲ႔တိုက္ဆိုင္ၿပီး ႐ုရွားက အျပင္းအထန္ထိုးစစ္ဆင္ႏိုင္ေျခရွိတဲ့အတြက္ ျပင္ဆင္ထားေၾကာင္း ယူကရိန္းက ေျပာလိုက္ပါတယ္။ စစ္ေရးအရအသင့္ျဖစ္မေနေပမဲ့ ႐ုရွားက အထိမ္းအမွတ္ေန႔အျဖစ္ တိုက္ခိုက္မႈေတြလုပ္ႏိုင္ေၾကာင္း ယူကရိန္းကာကြယ္ေရးဝန္ႀကီးက ေျပာလိုက္တာပါ။

“ေဖေဖာ္ဝါရီလထဲ ႐ုရွားကထိုးစစ္ဆင္ႏိုင္တယ္လို႔ ခန္႔မွန္းပါတယ္။ အထိမ္းအမွတ္သေကၤတသေဘာေဆာင္တဲ့ ႐ႈေဒါင့္က သုံးသပ္တာျဖစ္ၿပီး စစ္ေရး႐ႈေဒါင့္အေနနဲ႔ကေတာ့ ယုတၱိမရွိပါဘူး။ သူတို႔ဘက္က ဘာမွအသင့္အေနအထား မရွိေပမဲ့ လုပ္လာမွာပါ။” လို႔ ယူကရိန္း ကာကြယ္ေရးဝန္ႀကီး Oleksii Reznikov က တနဂၤေႏြေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာသြားတာပါ။

စက္မႈလုပ္ငန္းေတြရွိရာ Donbas ေဒသကို ႐ုရွားကသိမ္းပိုက္ဖို႔ႀကိဳးစားေနၿပီး လနဲ႔ခ်ီ တိုက္ပဲြေတြျဖစ္ပြားေနတဲ့ ယူကရိန္းအေရွ႕ဘက္မွာ ထိုးစစ္ဆင္ႏိုင္သလို ၂၀၁၄ ခုႏွစ္က ႐ုရွားပိုင္အျဖစ္ ဥပေဒမဲ့သြတ္သြင္းခဲ့တဲ့ ခ႐ိုင္းမီးယားကၽြန္းဆြယ္ကို ကုန္းလမ္းေၾကာင္းခ်ဲ႕ထြင္ႏိုင္ေအာင္ ေတာင္ပိုင္းမွာ ထိုးစစ္ဆင္မယ့္အလားအလာရွိတယ္လို႔လည္း ေျပာပါတယ္။ အိမ္နီးခ်င္း ဘဲလာ႐ုစ္ႏိုင္ငံကစစ္စခန္းေတြမွာ ႐ုရွားတပ္ဖဲြ႔ဝင္ ၁၂,၀၀၀ ရွိေၾကာင္း ယူကရိန္းကာကြယ္ေရး ဝန္ႀကီးကခန္႔မွန္းခဲ့တာေၾကာင့္ ဒီအေရအတြက္ဟာ ႏိုင္ငံေျမာက္ပိုင္းမွာ အႀကီးအက်ယ္ ထိုးစစ္ဆင္ရေလာက္ေအာင္ေတာ့ အင္အားမမ်ားပါဘူး။

သီတင္းပတ္နဲ႔ခ်ီ တိုက္ပဲြေတြအျပင္းအထန္ျဖစ္ေနတဲ့ Bakhmut ၿမိဳ႕ကိုသိမ္းပိုက္ဖို႔ႀကိဳးစားေနတဲ့ ႐ုရွားတပ္ေတြဟာ ႏိုင္ငံအေရွ႕ပိုင္းမွာ တျဖည္းျဖည္းခ်င္း ေရွ႕တိုးလာေနတာပါ။ ႐ုရွားရဲ႕တိုက္ခိုက္မႈသစ္ေတြကိုခုခံဖို႔နဲ႔ တန္ျပန္ထိုးစစ္ဆင္ႏိုင္ဖို႔ အေမရိကန္နဲ႔ အေနာက္ႏိုင္ငံအစိုးရေတြကေတာ့ ယူကရိန္းကို စစ္ေရးအကူအညီ ေဒၚလာသန္းေထာင္ခ်ီေပးဖို႔ ကတိျပဳထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=====================

[[Unicode]]

ကျူးကျော်စစ် နှစ်ပတ်လည်ပြည့်မှာ ရုရှားထိုးစစ်ဆင်နိုင်ကြောင်း ယူကရိန်းခန့်မှန်း

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကျုးကျော်စစ်စခဲ့တဲ့ နှစ်ပတ်လည်အချိန်နဲ့တိုက်ဆိုင်ပြီး ရုရှားက အပြင်းအထန်ထိုးစစ်ဆင်နိုင်ခြေရှိတဲ့အတွက် ပြင်ဆင်ထားကြောင်း ယူကရိန်းက ပြောလိုက်ပါတယ်။ စစ်ရေးအရအသင့်ဖြစ်မနေပေမဲ့ ရုရှားက အထိမ်းအမှတ်နေ့အဖြစ် တိုက်ခိုက်မှုတွေလုပ်နိုင်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးက ပြောလိုက်တာပါ။

“ဖေဖော်ဝါရီလထဲ ရုရှားကထိုးစစ်ဆင်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ အထိမ်းအမှတ်သင်္ကေတသဘောဆောင်တဲ့ ရှုဒေါင့်က သုံးသပ်တာဖြစ်ပြီး စစ်ရေးရှုဒေါင့်အနေနဲ့ကတော့ ယုတ္တိမရှိပါဘူး။ သူတို့ဘက်က ဘာမှအသင့်အနေအထား မရှိပေမဲ့ လုပ်လာမှာပါ။” လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

စက်မှုလုပ်ငန်းတွေရှိရာ Donbas ဒေသကို ရုရှားကသိမ်းပိုက်ဖို့ကြိုးစားနေပြီး လနဲ့ချီ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ယူကရိန်းအရှေ့ဘက်မှာ ထိုးစစ်ဆင်နိုင်သလို ၂၀၁၄ ခုနှစ်က ရုရှားပိုင်အဖြစ် ဥပဒေမဲ့သွတ်သွင်းခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ကုန်းလမ်းကြောင်းချဲ့ထွင်နိုင်အောင် တောင်ပိုင်းမှာ ထိုးစစ်ဆင်မယ့်အလားအလာရှိတယ်လို့လည်း ပြောပါတယ်။ အိမ်နီးချင်း ဘဲလာရုစ်နိုင်ငံကစစ်စခန်းတွေမှာ ရုရှားတပ်ဖွဲ့ဝင် ၁၂,၀၀၀ ရှိကြောင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီးကခန့်မှန်းခဲ့တာကြောင့် ဒီအရေအတွက်ဟာ နိုင်ငံမြောက်ပိုင်းမှာ အကြီးအကျယ် ထိုးစစ်ဆင်ရလောက်အောင်တော့ အင်အားမများပါဘူး။

သီတင်းပတ်နဲ့ချီ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတဲ့ Bakhmut မြို့ကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ ရုရှားတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းမှာ တဖြည်းဖြည်းချင်း ရှေ့တိုးလာနေတာပါ။ ရုရှားရဲ့တိုက်ခိုက်မှုသစ်တွေကိုခုခံဖို့နဲ့ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေကတော့ ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်းထောင်ချီပေးဖို့ ကတိပြုထားကြပါတယ်။

XS
SM
MD
LG