သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ေလယာဥ္ေတြေပးဖို႔ ယူကရိန္းေတာင္းခံခ်က္ ဂ်ာမနီပယ္ခ် 


ဂ်ာမနီဝန္ႀကီးခ်ဳပ္ Scholz 

[[Zawgyi/Unicode]]

ယူကရိန္းအတြက္ ဂ်ာမနီႏိုင္ငံက ဂ်က္တိုက္ေလယာဥ္ေတြ ေပးပို႔မွာ မဟုတ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Olaf Scholz က ထပ္ေလာင္း ေျပာၾကားလိုက္ပါတယ္။

႐ုရွားက်ဳးေက်ာ္မႈကိုတြန္းလွန္ဖို႔ အေနာက္ႏိုင္ငံေတြက အဆင့္ျမင့္လက္နက္ေတြ အကူအညီေပးၾကဖို႔ ယူကရိန္းက ထပ္မံေတာင္းခံေနခ်ိန္မွာပဲ ဂ်ာမနီဝန္ႀကီးခ်ဳပ္က တနဂၤေႏြေန႔မွာ ေျပာလိုက္တာပါ။ သီတင္းပတ္ေတြနဲ႔ခ်ီ အေျခအတင္ ေဆြးေႏြးမႈေတြနဲ႔ မဟာမိတ္ေတြရဲ႕ဖိအားေတြကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ ဂ်ာမန္ႏိုင္ငံလုပ္ Leopard 2 အဆင့္ျမင့္တင့္ကား ၁၄ စင္းေပးဖို႔နဲ႔ တျခားဥေရာပႏိုင္ငံေတြကလည္း အလားတူ ေပးပို႔ကူညီဖို႔ ဂ်ာမန္ဝန္ႀကီးခ်ဳပ္က ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ လက္ခံခဲ့တာ ျဖစ္ပါတယ္။

ယူကရိန္းကို ဂ်ာမနီကတင့္ကားေတြေပးဖို႔ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ တခ်ိန္တည္းမွာပဲ အေမရိကန္ကလည္း အဆင့္ျမင့္ Abrams တင့္ကား ၃၁ စင္း ေပးဖို႔ေၾကညာခဲ့တာပါ။ ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ အေမရိကန္နဲ႔ ဂ်ာမန္အစိုးရေတြရဲ႕ ဆုံးျဖတ္ခ်က္ဟာ စစ္ဒဏ္သင့္တိုင္းျပည္အတြက္ ႀကီးမားတဲ့ပံ့ပိုးကူညီမႈအျဖစ္ ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။ ဒါေပမဲ့လည္း ႐ုရွားတပ္ေတြကို တြန္းလွန္ဖို႔အတြက္ ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖဲြ႔ (NATO) မဟာမိတ္အဖဲြ႔ကို တိုက္ေလယာဥ္ေတြ၊ တာေဝးပစ္ မစ္ဇိုင္းဒုံးေတြအပါအဝင္ လက္နက္ႀကီးေတြ အေရးတႀကီး လိုအပ္ေၾကာင္း ယူကရိန္းသမၼတက ခ်က္ျခင္းဆိုသလို ထပ္မံေတာင္းခံခဲ့တာပါ။

ဂ်ာမန္ဝန္ႀကီးခ်ဳပ္ကေတာ့ တင့္ကားေတြ ေပးပို႔ကူညီမယ့္ အစီအစဥ္ကို အျပင္းအထန္ ေဝဖန္ထားတဲ့႐ုရွားနဲ႔ စစ္ေရးအရ တင္းမာမႈေတြႀကီးထြားလာမယ့္ အႏၲရာယ္ရွိေၾကာင္း သတိေပးခဲ့ပါတယ္။

NATO မဟာမိတ္အဖဲြ႔နဲ႔႐ုရွားၾကား စစ္ျဖစ္ေနတာမရွိတာေၾကာင့္ ဒီလိုျဖစ္လာေအာင္ ျပႆနာႀကီးထြားမလာဖို႔ လိုတယ္လို႔လည္း ေျပာပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလဆန္းက ႐ုရွားသမၼတ Vladimir Putin နဲ႔ တယ္လီဖုန္းဆက္သြယ္စကားေျပာခဲ့တဲ့ ဂ်ာမန္ဝန္ႀကီးခ်ဳပ္က ႐ုရွားသမၼတနဲ႔ ဆက္ၿပီးစကားေျပာေနဖို႔ လိုအပ္ေၾကာင္းလည္း တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

တိုက်လေယာဉ်တွေပေးဖို့ ယူကရိန်းတောင်းခံချက် ဂျာမနီပယ်ချ

ယူကရိန်းအတွက် ဂျာမနီနိုင်ငံက ဂျက်တိုက်လေယာဉ်တွေ ပေးပို့မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် Olaf Scholz က ထပ်လောင်း ပြောကြားလိုက်ပါတယ်။

ရုရှားကျုးကျော်မှုကိုတွန်းလှန်ဖို့ အနောက်နိုင်ငံတွေက အဆင့်မြင့်လက်နက်တွေ အကူအညီပေးကြဖို့ ယူကရိန်းက ထပ်မံတောင်းခံနေချိန်မှာပဲ ဂျာမနီဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ပြောလိုက်တာပါ။ သီတင်းပတ်တွေနဲ့ချီ အခြေအတင် ဆွေးနွေးမှုတွေနဲ့ မဟာမိတ်တွေရဲ့ဖိအားတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ဂျာမန်နိုင်ငံလုပ် Leopard 2 အဆင့်မြင့်တင့်ကား ၁၄ စင်းပေးဖို့နဲ့ တခြားဥရောပနိုင်ငံတွေကလည်း အလားတူ ပေးပို့ကူညီဖို့ ဂျာမန်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ လက်ခံခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကို ဂျာမနီကတင့်ကားတွေပေးဖို့ ဂျာမန်ဝန်ကြီးချုပ်ရဲ့ဆုံးဖြတ်ချက်နဲ့ တချိန်တည်းမှာပဲ အမေရိကန်ကလည်း အဆင့်မြင့် Abrams တင့်ကား ၃၁ စင်း ပေးဖို့ကြေညာခဲ့တာပါ။ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ အမေရိကန်နဲ့ ဂျာမန်အစိုးရတွေရဲ့ ဆုံးဖြတ်ချက်ဟာ စစ်ဒဏ်သင့်တိုင်းပြည်အတွက် ကြီးမားတဲ့ပံ့ပိုးကူညီမှုအဖြစ် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ရုရှားတပ်တွေကို တွန်းလှန်ဖို့အတွက် မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်အဖွဲ့ကို တိုက်လေယာဉ်တွေ၊ တာဝေးပစ် မစ်ဇိုင်းဒုံးတွေအပါအဝင် လက်နက်ကြီးတွေ အရေးတကြီး လိုအပ်ကြောင်း ယူကရိန်းသမ္မတက ချက်ခြင်းဆိုသလို ထပ်မံတောင်းခံခဲ့တာပါ။

ဂျာမန်ဝန်ကြီးချုပ်ကတော့ တင့်ကားတွေ ပေးပို့ကူညီမယ့် အစီအစဉ်ကို အပြင်းအထန် ဝေဖန်ထားတဲ့ရုရှားနဲ့ စစ်ရေးအရ တင်းမာမှုတွေကြီးထွားလာမယ့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့ပါတယ်။

NATO မဟာမိတ်အဖွဲ့နဲ့ရုရှားကြား စစ်ဖြစ်နေတာမရှိတာကြောင့် ဒီလိုဖြစ်လာအောင် ပြဿနာကြီးထွားမလာဖို့ လိုတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းက ရုရှားသမ္မတ Vladimir Putin နဲ့ တယ်လီဖုန်းဆက်သွယ်စကားပြောခဲ့တဲ့ ဂျာမန်ဝန်ကြီးချုပ်က ရုရှားသမ္မတနဲ့ ဆက်ပြီးစကားပြောနေဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG