သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားေၾကးစားတပ္ လူသစ္ ၃၀,၀၀၀ စုေဆာင္းဖို႔ စီစဥ္


ယူကရိန္းႏိုင္ငံ၊ အဗ္ဒီကာၿမိဳ႕မွာ  ရုရွားေလေၾကာင္းတုိက္ခုိက္မႈေၾကာင့္ မီးေလာင္ကၽြမ္းေနတဲ့အေဆာက္အဦးေဘးက ယူကရိန္းစစ္သည္တဦး (မတ္ ၁၇၊ ၂၀၂၃) 

{{Zawgyi/Unicode}}

ယူကရိန္းက်ဴးေက်ာ္စစ္အတြင္း ဝင္ေရာက္တိုက္ခိုက္ေနတဲ့ ႐ုရွားေၾကးစားတပ္ Wagner အေနနဲ႔ လာမယ့္ ေမလလယ္ေလာက္မွာ ေနာက္ထပ္ စစ္သားသစ္ ၃၀,၀၀၀ ေလာက္ ထပ္မံစုေဆာင္းသြားမယ္လို႔ ဒီတပ္ဖဲြ႔ထူေထာင္သူ Yevgeny Prigozhin က စေနေန႔မွာ ေျပာလိုက္ပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္ထဲတုန္းက ႐ုရွားၿမိဳ႕ႀကီး ၄၂ ၿမိဳ႕မွာ သူတို႔အဖဲြရဲ႕ စစ္သားစုေဆာင္းေရးဌာနခဲြေတြ ဖြင့္လွစ္ခဲ့တယ္လို႔ အဖဲြ႔ရဲ႕အႀကီးအကဲက တယ္လီဂရမ္လူမႈကြန္ယက္မွာ ေျပာထားပါတယ္။

ဒီဌာနခဲြေတြကေန တရက္ကို ပ်မ္းမွ် လူ ၅၀၀ ကေန ၈၀၀ အၾကားစုေဆာင္းေနတယ္လို႔လည္း ေျပာဆိုပါတယ္။

ယူကရိန္းကိုက်ဴးေက်ာ္တဲ့ ႐ုရွားတပ္ဖဲြ႔ေတြကို ကူညီတိုက္ခိုက္ေပးေနတဲ့ ဒီ Wagner Group ေၾကးစားတပ္ဖဲြ႔ကို အေမရိကန္အစိုးရကေတာ့ ဒဏ္ခတ္ အေရးယူမႈေတြျပဳလုပ္ထားၿပီး ေျမာက္ကိုရီးယားကေန တရားမဝင္လက္နက္ေတြ ဝယ္ယူရရွိေနတယ္လို႔ စြပ္စဲြထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

ရုရှားကြေးစားတပ် လူသစ် ၃၀,၀၀၀ စုဆောင်းဖို့ စီစဉ်

ယူကရိန်းကျူးကျော်စစ်အတွင်း ဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှားကြေးစားတပ် Wagner အနေနဲ့ လာမယ့် မေလလယ်လောက်မှာ နောက်ထပ် စစ်သားသစ် ၃၀,၀၀၀ လောက် ထပ်မံစုဆောင်းသွားမယ်လို့ ဒီတပ်ဖွဲ့ထူထောင်သူ Yevgeny Prigozhin က စနေနေ့မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲတုန်းက ရုရှားမြို့ကြီး ၄၂ မြို့မှာ သူတို့အဖွဲရဲ့ စစ်သားစုဆောင်းရေးဌာနခွဲတွေ ဖွင့်လှစ်ခဲ့တယ်လို့ အဖွဲ့ရဲ့အကြီးအကဲက တယ်လီဂရမ်လူမှုကွန်ယက်မှာ ပြောထားပါတယ်။

ဒီဌာနခွဲတွေကနေ တရက်ကို ပျမ်းမျှ လူ ၅၀၀ ကနေ ၈၀၀ အကြားစုဆောင်းနေတယ်လို့လည်း ပြောဆိုပါတယ်။

ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားတပ်ဖွဲ့တွေကို ကူညီတိုက်ခိုက်ပေးနေတဲ့ ဒီ Wagner Group ကြေးစားတပ်ဖွဲ့ကို အမေရိကန်အစိုးရကတော့ ဒဏ်ခတ် အရေးယူမှုတွေပြုလုပ်ထားပြီး မြောက်ကိုရီးယားကနေ တရားမဝင်လက်နက်တွေ ဝယ်ယူရရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG