သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာ ၃၀ နီးပါး မလေးရှားနဲ့နယ်စပ်အနီး ထိုင်းဖမ်းဆီး 


ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် နာရာသီဝပြည်နယ်မှာ မြန်မာနိုင်ငံသား ၂၉ ဦး ကို ရဲအဆောင်ဆောင်ပြီး လူကုန်ကူးလာစဉ် ဖမ်းမိပုံ။ (ဓာတ်ပုံ-ထိုင်းရဲဌာန)
ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် နာရာသီဝပြည်နယ်မှာ မြန်မာနိုင်ငံသား ၂၉ ဦး ကို ရဲအဆောင်ဆောင်ပြီး လူကုန်ကူးလာစဉ် ဖမ်းမိပုံ။ (ဓာတ်ပုံ-ထိုင်းရဲဌာန)

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ကနေတဆင့် ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် နာရာသီဝပြည်နယ်ထဲကို အလုပ်သွားလုပ်ကြမယ့် မြန်မာနိုင်ငံသား ၂၉ ဦးကို လူကုန်ကူးတဲ့အဖွဲ့တွေက အမြန်လမ်းရဲဌာန အမှတ်တံဆိပ်ကပ်ထားတဲ့ ရဲ ကားအယောင်ဆောင်ပြီး လူကုန်ကူးခဲ့တဲ့အမှု ဒီရက်ပိုင်းမှာပဲဖြစ်တာကြောင့် နယ်စပ်တွေမှာလုံခြုံရေးကို ပိုမိုတင်းကြပ်စွာ စစ်ဆေးနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားတွေကို အစုလိုက်အပြုံလိုက် လူကုန်ကူးနေတဲ့ လူမှောင်ခိုသမားတွေဟာ နည်းလမ်းမျိုးစုံသုံးပြီး အာဏာပိုင်တွေရဲ့စစ်ဆေးမှုတွေကို ရှောင်ကွင်းနိုင်အောင် လုပ်ဆောင်နေကြတာပါ။ တချို့ကတော့ ဟင်းသီးဟင်းရွက်ကားတွေထဲမှာ ဝှက်ပြီးသယ်ဆောင်တာ၊ စာတိုက်ကားတွေထဲမှာ သယ်လာတာ၊ ပစ္စည်းပို့တဲ့ကားတွေထဲမှာသယ်ဆောင်လာတာ၊ ဆေးရုံလူနာတင်ကားပုံစံမျိုးနဲ့ သယ်ဆောင်တာ ပရဟိတကားတွေနဲ့သယ်ဆောင်တာတွေကို လုပ်လေ့ရှိပါတယ်။ အခုအခါမှာတော့ အမြန်လမ်းရဲတပ်ဖွဲ့တံဆိပ်ကိုကပ်ပြီး ရဲကားယောင်ဆောင်ပြီး လူကုန်ကူးခဲ့တာဖြစ်ကြောင်း အလုပ်သမားရေးလုှပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

ထိုင်းတောင်ပိုင်းထဲကို ချင်းနင်းဝင်ရောက်လာတဲ့ မသင်္ကာဖွယ်ကားတစီးကတော့ အမြန်လမ်းရဲ ဌာနတံဆိပ်ကိုတပ်ပြီး ဝင်လာတဲ့ကားကို ထိုင်းတောင်ပိုင်း ဆုံခလာခရိုင်လဝက ရဲတွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တရားမဝင်၂၉ ယောက်စလုံးဟာအမျိုးသားတွေဖြစ်ပြီး သူတို့တဦးချင်းစီကို လူမှောင်ခို ၃ ဦးကနေ တဦးကိုဘတ် ၃,၀၀၀ စီယူတယ်လို့ ထွက်ဆိုပါတယ်။ ၂၉ ယောက်အပြင် ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မုယန်မြို့နယ်ထဲမှာတရားမဝင် ၁၄ ယောက်နဲ့ကလေးငယ် ၅ ဦး ဖမ်းမိပါတယ်။ စုစုပေါင်းဆိုရင် ၂၉ ဦးနဲ့ ၁၉ ဦးဆိုတော့ ၅၈ ဦးရှိပါတယ်၊၊”

အခု ထိုင်းအစိုးရရဲ့ဌာနဆိုင်ရာအမှတ်တံဆိပ်တွေ၊ ယူနီဖောင်းတွေ အသုံးပြုတဲ့လူကုန်ကူးမှုဟာ ပိုပြီးတော့အမှုကြီးတယ်လို့လည်း ပြောပါတယ်။

“ထိုင်းအစိုးရဝန်ထမ်းအယောင်ဆောင်မှုက အမှု ပိုကြီးပါတယ်။ ဒါဆိုရင် အမြန်လမ်းရဲဌာနရဲ့အမှတ်တံဆိပ်ကပ်တယ်။ ဒါက ယူနီဖောင်းဆင်မြန်းတာတင်မဟုတ် ဘူး။ မော်တော်ယဉ်ကိုပါ အယောင်ဆောင်ကပ်တာဖြစ်ပါတယ်။ အမှုကြီးတာပေါ့။ ထိုင်းနိုင်ငံရဲ့လဝက၊ ရဲတို့၊ ဌာနဆိုင်ရာယူနီဖောင်းတို့ဝတ်ဆင်ပြီး လူကုန်ကူးတာတွေက ၂၀၂၂ ခုနှစ်ထဲမှာလည်း ဖမ်းမိခဲ့ဖူးပါတယ်။”

အလားတူ ထိုင်းမြန်မာနယ်စပ်ကနေတဆင့် မလေးရှားကို ခိုးဝင်ကြမယ့်မြန်မာတွေဆက်တိုက်ဖမ်းမိနေတာလည်း ရှိပါတယ်။ ဒီရက်ပိုင်းမှာပဲ မြန်မာတွေ အစုလိုက်အပြုံလိုက်ဖမ်းမိတာတွေရှိသလို ပြီးခဲ့တဲ့ရက်ကပဲ ရိုဟင်ဂျာ ၇၁ ဦးကိုလည်း လူပွဲစားတဦးနဲ့အတူ တာ့ခ်ပြည်နယ်ထဲမှာ ဖမ်းမိခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=========================

[[Unicode]]








XS
SM
MD
LG