[[Zawgyi/Unicode]]
ျမန္မာ့အၾကပ္အတည္း ေျဖရွင္းေရး၊ ဘုံသေဘာတူခ်က္ေတြ ျမန္မာဘက္က လက္ေတြ႕လုပ္ဖို႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ တိုက္တြန္းလိုက္ခ်ိန္မွာ ဥကၠ႒ အင္ဒိုနီးရွားရဲ႕သမၼတကလည္း ဒီမိုကေရစီအေျပာင္းအလဲအေတြ႕အႀကဳံရွိတဲ့ ဗိုလ္ခ်ဳပ္ႀကီးတဦးကို အျမန္ေစလႊတ္ဖို႔ စီစဥ္ေနပါတယ္။
အားလုံးပါဝင္တဲ့ေဆြးေႏြးပြဲျဖစ္ေအာင္ ႀကိဳးပမ္းသြားမယ္လို႔ အာဆီယံ- အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ အလွည့္က်ဥကၠ႒ အင္ဒိုနီးရွားရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးကေျပာလာေနခ်ိန္မွာ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ေတြနဲ႔ေတြ႕ဖို႔ အင္ဒိုနီးရွားဗိုလ္ခ်ဳပ္ႀကီးလႊတ္တာက အစေကာင္းျဖစ္ႏိုင္ပါလား။
စစ္ေကာင္စီအုပ္ခ်ဳပ္ေရး ၂ ႏွစ္အၾကာမွာ တုိင္းျပည္အေျခအေနမတည္ၿငိမ္ေသးလို႔-ဆုိတဲ့အေၾကာင္းျပခ်က္နဲ႔ သက္တမ္းတိုးၿပီး လူတခ်ိဳ႕လဲတာနဲ႔ စစ္အုပ္ခ်ဳပ္ေရး တိုးခ်လိုက္တာကလည္း အင္ဒိုနီးရွားရဲ႕ ႀကိဳးပမ္းမႈအေပၚ ဘယ္လို သက္ေရာက္ႏိုင္ပါလဲ။ ျမန္မာ့အေရး ပါဝင္သုံးသပ္သူေတြကို ကိုဝင္းမင္းက ေမးထားပါတယ္။
အင္ဒိုနီးရွားရဲ႕ခ်ဥ္းကပ္မႈထူးျခားလာတာကို ေဒသဖြံ႔ၿဖိဳးေရးအဓိကလုပ္ေနတဲ့ မဂၤလာ-ျမန္မာအဖြဲ႔အမႈေဆာင္အရာရွိခ်ဳပ္ ေဒါက္တာဖုန္းဝင္းက အခုလို ေျပာပါတယ္။
“အင္ဒိုနီးရွားက လြန္ခဲ့တဲ့သံုး-ေလးလတုန္းကေတာ့ ဖိအားေပးမယ့္သေဘာမ်ဳိးေျပာတာ ေတြ႔ရပါတယ္။ အခုကေတာ့ ေနာက္ဆံုးေတာ့ သူတို႔ေျပာင္းသြားတာက ဖိအားေပးတာခ်ည့္ပဲ မဟုတ္ေတာ့ဘဲ နည္းနည္း တဘက္နဲ႔တဘက္ ညွိညွိႏႈိင္းႏိႈင္းလုပ္ၿပီးေတာ့ စကားေျပာခ်င္တယ္ဆိုတဲ့သေဘာကို ေျပာင္းလာတာ လြန္ခဲ့တဲ့သံုး-ေလးရက္က ထူးျခားတာေပါ့။ အခုကေတာ့ ေနာက္ဆံုး ေတြ႔ဆံု ေဆြးေႏြးေရးကို နည္းနည္းပိုၿပီးေတာ့ လုပ္မယ့္သေဘာကို ေျပာလာတာရွိတယ္။”
ဒီအေျခအေနအေပၚ သီေပါၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္းကလည္း အခုလို သံုးသပ္ပါတယ္။
“အင္ဒိုနီးရွားက ဥကၠ႒တာဝန္ယူလိုက္တဲ့အခ်ိန္မွာ တင္းတင္းမာမာကိုင္တြယ္လိမ့္မယ္လို႔ ထင္ထားတာေပါ့။ အခု သူက အထူးသံတမန္အျဖစ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးကိုခန္႔အပ္ၿပီးေတာ့ သူ႔ရဲ႕ဗိုလ္ခ်ဳပ္ႀကီးတေယာက္ကိုေစလႊတ္ၿပီးေတာ့ သူတုိ႔ႏိုင္ငံရဲ႕အေတြ႔အႀကံဳေတြ ေျပာျပၿပီးတဲ့အခါက်ေတာ့ ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ ခ်ဥ္းကပ္ေျပာဆိုမယ္ဆိုတာရယ္၊ သူကိုယ္တုိင္ လည္း လာေတြ႔ဖို႔ႀကိဳးစားအံုးမယ္။ အဲဒီထဲမွာမွအာဆီယံေခါင္းေဆာင္အေနနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ကို ေတြ႔ဖို႔- အဲလိုလည္း စဥ္းစားထားပံုရတယ္။”
ဒါ့ျပင္ အင္ဒိုနီးရွားရဲ႕ အခုႀကိဳးပမ္းမႈအေပၚ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရအဖြဲ႔ ဒုႏိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦးက အခုလို ေျပာပါတယ္။
“အာဆီယံရဲ႕ဥကၠ႒အျဖစ္ တာဝန္ယူၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ ျမန္မာ့အေရး ႀကိဳးစားေဆာင္ရြက္ရမယ့္ ဝတၱရားလည္းရွိသြားၿပီေပါ့ေနာ္၊ အဲဒီလိုႀကိဳးပမ္းေဆာင္ရြက္တယ္လို႔ နားလည္တာေပါ့ေလ။ အခု ဗိုလ္ခ်ဳပ္ႀကီးတေယာက္ကိုေစလႊတ္ၿပီးတဲ့အခါက်ေတာ့ ေဆြးေႏြးညွိႏႈိင္းၾကည့္မယ္ေပါ့ေလ။ ဒီလိုမ်ဳိးႀကိဳးပမ္းခ်က္ေတြက အရင္တုန္းက အာဆီယံရဲ႕ဥကၠ႒အျဖစ္ တာဝန္ယူခဲ့တဲ့ႏုိင္ငံေတြလည္း ႀကိဳးပမ္းေဆာင္ရြက္ခဲ့တာေတြလည္း ရွိတယ္ေပါ့ေလ။”
ဒါေပမဲ့ အရင္အာဆီယံဥကၠ႒ေတြနဲ႔မတူႏိုင္တဲ့အားသာမႈ အင္ဒိုနီးရွားဘက္မွာရွိေနတာနဲ႔ ျမန္မာဘက္မွာထူးျခားေနတာကိုပါ ေဒါက္တာဖုန္းဝင္းက အခုလို ေျပာပါတယ္။
“ျမန္မာဘက္ကလည္း စစ္သားခ်င္းေျပာရတာကို ပိုၿပီးေတာ့ သေဘာက်ဖို႔ရွိပါတယ္။ ဒါေပမဲ့ အခုဟာက အင္ဒိုနီးရွားစစ္ဗိုလ္ခ်ဳပ္ေတြကေတာ့ အားသာခ်က္တခ်ဳိ႕ရွိတယ္ေပါ့။ သူတို႔ကိုယ္တုိင္ စစ္တပ္အုပ္ခ်ဳပ္ေရးဘက္ကေန ဒီမိုကေရစီအေျပာင္းအလဲဘက္ကို လက္ေတြ႔လုပ္ခဲ့ဖူးတဲ့ ဗိုလ္ခ်ဳပ္ႀကီးေတြရွိေနတယ္။ ေနာက္ - အေနာက္ႏုိင္ငံေပါ့၊ အဂၤလန္၊ ဥေရာပတို႔၊ အေမရိကန္တို႔မွာ သင္တန္းတက္ထားတဲ့လူေတြျဖစ္တဲ့အတြက္ ဒီမိုကေရစီယဥ္ေက်းမႈကို ၁၀၀ % နားလည္တယ္။ ႏုိင္ငံတကာနဲ႔ ဘယ္လိုညွိႏႈိင္းရမလဲ၊ လုပ္ရမလဲဆိုတာကို- ျမန္မာနဲ႔ခ်ည့္ပဲမဟုတ္ဘူးေပါ့။ အေနာက္ႏိုင္ငံေတြနဲ႔ေျပာတာကိုလည္း သူတို႔က လုပ္ႏုိင္တယ္။ ေနာက္ ျမန္မာဘက္ကလည္း လက္ရွိ ဒုတိယဝန္ႀကီးခ်ဳပ္ႏွစ္ေယာက္က အင္ဒိုနီးရွားကအဖြဲ႔ေတြနဲ႔ ေသေသခ်ာခ်ာ ေဆြးေႏြးဖူးတယ္။ ေကာင္စီအတြင္းေရးမႉးကိုယ္တုိင္ကလည္း အင္ဒိုနီးရွားအထိလည္း သြားဖူးတယ္။ ဗမာျပည္မွာတုန္းကလည္း ေဆြးေႏြးဖူးတယ္ဆိုေတာ့ လံုးဝ အစိမ္းသက္သက္ႀကီးမဟုတ္ဘူး၊ ..ႏိုင္ငံျခားေရးဝန္ႀကီး- သူက နဂိုတည္းကလည္း တပ္ထဲမွာတုန္းကေရာ၊ အရပ္ဘက္ နယ္စပ္ေဒသဌာနမွာေကာ၊ သံအမတ္ႀကီးဘဝမွာေကာ ပြင့္ပြင့္လင္းလင္း တက္တက္ႂကြႂကြလုပ္တတ္တဲ့သူမ်ဳိးဆိုေတာ့ အင္ဒိုနီးရွားက အာဆီယံကလူေတြနဲ႔ပိုၿပီးေတာ့ အစပိုင္းေတာ့ ပိုၿပီးေတာ့ အဆင္ေျပဖို႔မ်ားတယ္။ ေနာက္ပိုင္းကေတာ့ ႏွစ္ဘက္ေခါင္းေဆာင္ေတြအေပၚမွာ မူတည္တာေပါ့ေလ။”
ဒါေပမဲ့လည္း သတိထားသင့္တဲ့အခ်ိန္ျဖစ္ေနပံုကို ဦးမိုးေဇာ္ဦးက အခုလို ေျပာပါတယ္။
“ဒီရက္ပိုင္းမွာေပါ့ေနာ္- မာရွယ္ေလာ ေပါ့၊ စစ္အုပ္ခ်ဳပ္ေရးဆိုၿပီး တခ်ဳိ႕ၿမိဳ႕နယ္ေတြကို ေၾကညာထားတယ္။ အဲဒီေတာ့ ပထမဆံုးအေရးႀကီးတာက အာဆီယံနဲ႔ပတ္သက္တဲ့ဘံုသေဘာတူညီခ်က္က ပထမဦးဆံုးအခ်က္အလက္ျဖစ္တယ္ေပါ့ေလ။ အၾကမ္းဖက္မႈေတြရပ္ဆိုင္းဖို႔ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ဘယ္ေလာက္မ်ား ေဆာင္ရြက္ႏုိင္မလဲေပါ့ေလ။ အဲဒီေတာ့ ျမန္မာစစ္တပ္က ပိုၿပီးေတာ့ေတာင္မွ အၾကမ္းဖက္မႈေတြကို....ျပင္ဆင္ေနတဲ့အခ်ိန္မွာ ဒီလိုအၾကမ္းဖက္မႈေတြကို ရပ္တန္႔ႏုိင္ဖို႔ အင္ဒိုနီးရွားရဲ႕ ႀကိဳးပမ္းေဆာင္ရြက္ႏိုင္မႈကိုလည္း ေစာင့္ၾကည့္သြားရမွာေပါ့ေလ။”
ဒါေပမဲ့လည္း အခုလိုအခ်ိန္မွာေတာင္ အခ်ိန္ကိုက္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္တာကို ဦးရဲထြန္းက အခုလို သံုးသပ္ပါတယ္။
“ဒီႏွစ္ႏွစ္အတြင္းမွာ သူတို႔ေမွ်ာ္လင့္ထားသလို NUG နဲ႔ PDF ေတြက တိုက္ခုိက္ေနတဲ့ဟာကို တည္ၿငိမ္ေအာင္၊ ေနာက္ အင္အားေလ်ာ့နည္းသြားေအာင္ သူတို႔မလုပ္ႏုိင္တဲ့အခါက်ေတာ့ ေရြးေကာက္ပြဲ ၆ လအတြင္း မလုပ္ေပးႏုိင္ေတာ့ဘဲနဲ႔ ေနာက္ထပ္ သက္တမ္း ၆ လ တိုးလိုက္ရတဲ့အျပင္ ၿမိဳ႕နယ္ ၄၀ နီးပါးေလာက္ စစ္အုပ္ခ်ဳပ္ေရး ေၾကညာလိုက္တဲ့အခါက်ေတာ့ အေျခအေနေတြကို တည္ၿငိမ္ေအာင္မထိန္းထားႏိုင္ဘူးဆိုတာကိုေတာ့ သူတို႔ တရားဝင္ ဝန္ခံလိုက္သလိုေတာ့ ျဖစ္တာေပါ့။ အဲဒီေတာ့ ထပ္ၿပီးေတာ့ ေနာက္ထပ္ ၆ လ ထိန္းႏုိင္မွာလား...။ အဲဒီေတာ့ အာဆီယံဥကၠ႒ဘက္ကေနၿပီးေတာ့ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ခ်ဥ္းကပ္နားခ်ၿပီးေတာ့ သူတို႔လက္ခံႏုိင္တဲ့ေဆြးေႏြးမႈမ်ဳိး အေကာင္အထည္ေဖာ္ေပးႏိုင္တာနဲ႔တၿပိဳင္နက္တည္းမွာ ျပည္တြင္းမွာလည္း သူ႔အေျခအေနက ႏုိင္ႏုိင္နင္းနင္းမေျဖရွင္းႏိုင္ေတာ့ဘူး၊ ေျဖရွင္းဖို႔သိပ္ခက္မယ္လို႔ သူတို႔မွတ္ယူလာတဲ့အခ်ိန္မွာ အာဆီယံရဲ႕ႀကိဳးပမ္းမႈက ေအာင္ျမင္ႏိုင္တယ္။”
ဒီေနရာမွာ ျဖစ္လာသင့္တဲ့ရလဒ္ကိုလည္း ဦးမိုးေဇာ္ဦးက အခုလို ေျပာျပပါတယ္။
“အာဆီယံရဲ႕ဘံုသေဘာတူညီခ်က္အေကာင္အထည္ေဖာ္တဲ့အခါမွာ အခ်ိန္အကန္႔အသတ္နဲ႔မ်ဳိးမဟုတ္ဘဲနဲ႔ ကာလတိုအတြင္းမွာ ခုန အခ်က္ငါးခ်က္ထဲက လက္ဆုပ္လက္ကိုင္ျပႏုိင္တဲ့ရလဒ္တခုကို ျပႏုိင္တယ္ဆိုလို႔ရွိရင္ေတာ့ အင္မတန္ေကာင္းမွာေပါ့ေလ။ အဲဒီအတြက္ကိုေတာ့ က်ေနာ္တို႔ေစာင့္ၾကည့္လ်က္ရွိပါတယ္။”
ဒါေပမဲ့ ေဒါက္တာဖုန္းဝင္းကေတာ့ အခ်ိန္ေလာလြန္းတာမ်ဳိးမျဖစ္မိေအာင္လည္း ေထာက္ျပပါတယ္။
“အခ်ိန္ေလာႀကီးၿပီးေတာ့။ တအားဖိအားေပးၿပီးေတာ့ ေဆြးေႏြးမယ္ဆိုရင္ေတာ့ အေျခအေနသိပ္ထူးမွာမဟုတ္ဘူး။ ခပ္႐ိုးရိုးေပါ့-ပြင့္ပြင့္လင္းလင္းေျပာရင္ေတာ့ ျမန္မာဘက္လည္း နားေထာင္ၿပီးေတာ့ ညွိညွိႏိႈင္းႏိႈင္းလုပ္မယ္လို႔ေမွ်ာ္လင့္ပါတယ္။”
တကယ္ေတာ့ ျမန္မာႏုိင္ငံမွာ အာဏာသိမ္းၿပီး ႏွစ္ႏွစ္ထဲဝင္လာခ်ိန္မွာ စစ္ေဘာင္က်ယ္လာတာမို႔ ေဆြးေႏြးဖို႔ စိန္ေခၚမႈက မ်ားလာႏိုင္တယ္လို႔လည္း သံုးသပ္မႈတခ်ဳိ႕က ဆိုပါတယ္ခင္ဗ်ား။
============
[[Unicode]]
မြန်မာ့အရေးဖြေရှင်းရေး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား အခန်းကဏ္ဍအပေါ် အကဲခတ်တွေအမြင်
မြန်မာ့အကြပ်အတည်း ဖြေရှင်းရေး၊ ဘုံသဘောတူချက်တွေ မြန်မာဘက်က လက်တွေ့လုပ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တိုက်တွန်းလိုက်ချိန်မှာ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့သမ္မတကလည်း ဒီမိုကရေစီအပြောင်းအလဲအတွေ့အကြုံရှိတဲ့ ဗိုလ်ချုပ်ကြီးတဦးကို အမြန်စေလွှတ်ဖို့ စီစဉ်နေပါတယ်။
အားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့နိုင်ငံခြားရေးဝန်ကြီးကပြောလာနေချိန်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင်တွေနဲ့တွေ့ဖို့ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးလွှတ်တာက အစကောင်းဖြစ်နိုင်ပါလား။
စစ်ကောင်စီအုပ်ချုပ်ရေး ၂ နှစ်အကြာမှာ တိုင်းပြည်အခြေအနေမတည်ငြိမ်သေးလို့-ဆိုတဲ့အကြောင်းပြချက်နဲ့ သက်တမ်းတိုးပြီး လူတချို့လဲတာနဲ့ စစ်အုပ်ချုပ်ရေး တိုးချလိုက်တာကလည်း အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုအပေါ် ဘယ်လို သက်ရောက်နိုင်ပါလဲ။ မြန်မာ့အရေး ပါဝင်သုံးသပ်သူတွေကို ကိုဝင်းမင်းက မေးထားပါတယ်။
အင်ဒိုနီးရှားရဲ့ချဉ်းကပ်မှုထူးခြားလာတာကို ဒေသဖွံ့ဖြိုးရေးအဓိကလုပ်နေတဲ့ မင်္ဂလာ-မြန်မာအဖွဲ့အမှုဆောင်အရာရှိချုပ် ဒေါက်တာဖုန်းဝင်းက အခုလို ပြောပါတယ်။
“အင်ဒိုနီးရှားက လွန်ခဲ့တဲ့သုံး-လေးလတုန်းကတော့ ဖိအားပေးမယ့်သဘောမျိုးပြောတာ တွေ့ရပါတယ်။ အခုကတော့ နောက်ဆုံးတော့ သူတို့ပြောင်းသွားတာက ဖိအားပေးတာချည့်ပဲ မဟုတ်တော့ဘဲ နည်းနည်း တဘက်နဲ့တဘက် ညှိညှိနှိုင်းနှိုင်းလုပ်ပြီးတော့ စကားပြောချင်တယ်ဆိုတဲ့သဘောကို ပြောင်းလာတာ လွန်ခဲ့တဲ့သုံး-လေးရက်က ထူးခြားတာပေါ့။ အခုကတော့ နောက်ဆုံး တွေ့ဆုံ ဆွေးနွေးရေးကို နည်းနည်းပိုပြီးတော့ လုပ်မယ့်သဘောကို ပြောလာတာရှိတယ်။”
ဒီအခြေအနေအပေါ် သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းကလည်း အခုလို သုံးသပ်ပါတယ်။
“အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန်ယူလိုက်တဲ့အချိန်မှာ တင်းတင်းမာမာကိုင်တွယ်လိမ့်မယ်လို့ ထင်ထားတာပေါ့။ အခု သူက အထူးသံတမန်အဖြစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးကိုခန့်အပ်ပြီးတော့ သူ့ရဲ့ဗိုလ်ချုပ်ကြီးတယောက်ကိုစေလွှတ်ပြီးတော့ သူတို့နိုင်ငံရဲ့အတွေ့အကြုံတွေ ပြောပြပြီးတဲ့အခါကျတော့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ချဉ်းကပ်ပြောဆိုမယ်ဆိုတာရယ်၊ သူကိုယ်တိုင် လည်း လာတွေ့ဖို့ကြိုးစားအုံးမယ်။ အဲဒီထဲမှာမှအာဆီယံခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ဖို့- အဲလိုလည်း စဉ်းစားထားပုံရတယ်။”
ဒါ့ပြင် အင်ဒိုနီးရှားရဲ့ အခုကြိုးပမ်းမှုအပေါ် NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက အခုလို ပြောပါတယ်။
“အာဆီယံရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာတော့ မြန်မာ့အရေး ကြိုးစားဆောင်ရွက်ရမယ့် ဝတ္တရားလည်းရှိသွားပြီပေါ့နော်၊ အဲဒီလိုကြိုးပမ်းဆောင်ရွက်တယ်လို့ နားလည်တာပေါ့လေ။ အခု ဗိုလ်ချုပ်ကြီးတယောက်ကိုစေလွှတ်ပြီးတဲ့အခါကျတော့ ဆွေးနွေးညှိနှိုင်းကြည့်မယ်ပေါ့လေ။ ဒီလိုမျိုးကြိုးပမ်းချက်တွေက အရင်တုန်းက အာဆီယံရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့နိုင်ငံတွေလည်း ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေလည်း ရှိတယ်ပေါ့လေ။”
ဒါပေမဲ့ အရင်အာဆီယံဥက္ကဋ္ဌတွေနဲ့မတူနိုင်တဲ့အားသာမှု အင်ဒိုနီးရှားဘက်မှာရှိနေတာနဲ့ မြန်မာဘက်မှာထူးခြားနေတာကိုပါ ဒေါက်တာဖုန်းဝင်းက အခုလို ပြောပါတယ်။
“မြန်မာဘက်ကလည်း စစ်သားချင်းပြောရတာကို ပိုပြီးတော့ သဘောကျဖို့ရှိပါတယ်။ ဒါပေမဲ့ အခုဟာက အင်ဒိုနီးရှားစစ်ဗိုလ်ချုပ်တွေကတော့ အားသာချက်တချို့ရှိတယ်ပေါ့။ သူတို့ကိုယ်တိုင် စစ်တပ်အုပ်ချုပ်ရေးဘက်ကနေ ဒီမိုကရေစီအပြောင်းအလဲဘက်ကို လက်တွေ့လုပ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးတွေရှိနေတယ်။ နောက် - အနောက်နိုင်ငံပေါ့၊ အင်္ဂလန်၊ ဥရောပတို့၊ အမေရိကန်တို့မှာ သင်တန်းတက်ထားတဲ့လူတွေဖြစ်တဲ့အတွက် ဒီမိုကရေစီယဉ်ကျေးမှုကို ၁၀၀ % နားလည်တယ်။ နိုင်ငံတကာနဲ့ ဘယ်လိုညှိနှိုင်းရမလဲ၊ လုပ်ရမလဲဆိုတာကို- မြန်မာနဲ့ချည့်ပဲမဟုတ်ဘူးပေါ့။ အနောက်နိုင်ငံတွေနဲ့ပြောတာကိုလည်း သူတို့က လုပ်နိုင်တယ်။ နောက် မြန်မာဘက်ကလည်း လက်ရှိ ဒုတိယဝန်ကြီးချုပ်နှစ်ယောက်က အင်ဒိုနီးရှားကအဖွဲ့တွေနဲ့ သေသေချာချာ ဆွေးနွေးဖူးတယ်။ ကောင်စီအတွင်းရေးမှူးကိုယ်တိုင်ကလည်း အင်ဒိုနီးရှားအထိလည်း သွားဖူးတယ်။ ဗမာပြည်မှာတုန်းကလည်း ဆွေးနွေးဖူးတယ်ဆိုတော့ လုံးဝ အစိမ်းသက်သက်ကြီးမဟုတ်ဘူး၊ ..နိုင်ငံခြားရေးဝန်ကြီး- သူက နဂိုတည်းကလည်း တပ်ထဲမှာတုန်းကရော၊ အရပ်ဘက် နယ်စပ်ဒေသဌာနမှာကော၊ သံအမတ်ကြီးဘဝမှာကော ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွလုပ်တတ်တဲ့သူမျိုးဆိုတော့ အင်ဒိုနီးရှားက အာဆီယံကလူတွေနဲ့ပိုပြီးတော့ အစပိုင်းတော့ ပိုပြီးတော့ အဆင်ပြေဖို့များတယ်။ နောက်ပိုင်းကတော့ နှစ်ဘက်ခေါင်းဆောင်တွေအပေါ်မှာ မူတည်တာပေါ့လေ။”
ဒါပေမဲ့လည်း သတိထားသင့်တဲ့အချိန်ဖြစ်နေပုံကို ဦးမိုးဇော်ဦးက အခုလို ပြောပါတယ်။
“ဒီရက်ပိုင်းမှာပေါ့နော်- မာရှယ်လော ပေါ့၊ စစ်အုပ်ချုပ်ရေးဆိုပြီး တချို့မြို့နယ်တွေကို ကြေညာထားတယ်။ အဲဒီတော့ ပထမဆုံးအရေးကြီးတာက အာဆီယံနဲ့ပတ်သက်တဲ့ဘုံသဘောတူညီချက်က ပထမဦးဆုံးအချက်အလက်ဖြစ်တယ်ပေါ့လေ။ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်များ ဆောင်ရွက်နိုင်မလဲပေါ့လေ။ အဲဒီတော့ မြန်မာစစ်တပ်က ပိုပြီးတော့တောင်မှ အကြမ်းဖက်မှုတွေကို....ပြင်ဆင်နေတဲ့အချိန်မှာ ဒီလိုအကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ဖို့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းဆောင်ရွက်နိုင်မှုကိုလည်း စောင့်ကြည့်သွားရမှာပေါ့လေ။”
ဒါပေမဲ့လည်း အခုလိုအချိန်မှာတောင် အချိန်ကိုက်လည်း ဖြစ်ကောင်းဖြစ်နိုင်တာကို ဦးရဲထွန်းက အခုလို သုံးသပ်ပါတယ်။
“ဒီနှစ်နှစ်အတွင်းမှာ သူတို့မျှော်လင့်ထားသလို NUG နဲ့ PDF တွေက တိုက်ခိုက်နေတဲ့ဟာကို တည်ငြိမ်အောင်၊ နောက် အင်အားလျော့နည်းသွားအောင် သူတို့မလုပ်နိုင်တဲ့အခါကျတော့ ရွေးကောက်ပွဲ ၆ လအတွင်း မလုပ်ပေးနိုင်တော့ဘဲနဲ့ နောက်ထပ် သက်တမ်း ၆ လ တိုးလိုက်ရတဲ့အပြင် မြို့နယ် ၄၀ နီးပါးလောက် စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့အခါကျတော့ အခြေအနေတွေကို တည်ငြိမ်အောင်မထိန်းထားနိုင်ဘူးဆိုတာကိုတော့ သူတို့ တရားဝင် ဝန်ခံလိုက်သလိုတော့ ဖြစ်တာပေါ့။ အဲဒီတော့ ထပ်ပြီးတော့ နောက်ထပ် ၆ လ ထိန်းနိုင်မှာလား...။ အဲဒီတော့ အာဆီယံဥက္ကဋ္ဌဘက်ကနေပြီးတော့ ပျော့ပျော့ပြောင်းပြောင်း ချဉ်းကပ်နားချပြီးတော့ သူတို့လက်ခံနိုင်တဲ့ဆွေးနွေးမှုမျိုး အကောင်အထည်ဖော်ပေးနိုင်တာနဲ့တပြိုင်နက်တည်းမှာ ပြည်တွင်းမှာလည်း သူ့အခြေအနေက နိုင်နိုင်နင်းနင်းမဖြေရှင်းနိုင်တော့ဘူး၊ ဖြေရှင်းဖို့သိပ်ခက်မယ်လို့ သူတို့မှတ်ယူလာတဲ့အချိန်မှာ အာဆီယံရဲ့ကြိုးပမ်းမှုက အောင်မြင်နိုင်တယ်။”
ဒီနေရာမှာ ဖြစ်လာသင့်တဲ့ရလဒ်ကိုလည်း ဦးမိုးဇော်ဦးက အခုလို ပြောပြပါတယ်။
“အာဆီယံရဲ့ဘုံသဘောတူညီချက်အကောင်အထည်ဖော်တဲ့အခါမှာ အချိန်အကန့်အသတ်နဲ့မျိုးမဟုတ်ဘဲနဲ့ ကာလတိုအတွင်းမှာ ခုန အချက်ငါးချက်ထဲက လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ရလဒ်တခုကို ပြနိုင်တယ်ဆိုလို့ရှိရင်တော့ အင်မတန်ကောင်းမှာပေါ့လေ။ အဲဒီအတွက်ကိုတော့ ကျနော်တို့စောင့်ကြည့်လျက်ရှိပါတယ်။”
ဒါပေမဲ့ ဒေါက်တာဖုန်းဝင်းကတော့ အချိန်လောလွန်းတာမျိုးမဖြစ်မိအောင်လည်း ထောက်ပြပါတယ်။
“အချိန်လောကြီးပြီးတော့။ တအားဖိအားပေးပြီးတော့ ဆွေးနွေးမယ်ဆိုရင်တော့ အခြေအနေသိပ်ထူးမှာမဟုတ်ဘူး။ ခပ်ရိုးရိုးပေါ့-ပွင့်ပွင့်လင်းလင်းပြောရင်တော့ မြန်မာဘက်လည်း နားထောင်ပြီးတော့ ညှိညှိနှိုင်းနှိုင်းလုပ်မယ်လို့မျှော်လင့်ပါတယ်။”
တကယ်တော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်ထဲဝင်လာချိန်မှာ စစ်ဘောင်ကျယ်လာတာမို့ ဆွေးနွေးဖို့ စိန်ခေါ်မှုက များလာနိုင်တယ်လို့လည်း သုံးသပ်မှုတချို့က ဆိုပါတယ်ခင်ဗျား။