သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပဲ့ထိန်းတပ်ဒုံးကျည် ထပ်မံပစ်လွတ်


အရင်က စမ်းသပ်ပစ်လွတ်ခဲ့တဲ့ မြောက်ကိုရီးယား တာဝေးပစ် ဒုံးကျည်။
အရင်က စမ်းသပ်ပစ်လွတ်ခဲ့တဲ့ မြောက်ကိုရီးယား တာဝေးပစ် ဒုံးကျည်။

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ် ဒုံးကျည်တခုကို တိုင်းပြည်အနောက်ဘက် ကမ်းခြေအနီးကနေ တနင်္ဂနွေနေ့မှာ စမ်းသပ် ပစ်လွတ်လိုက်ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လုပ်ရပ်အပေါ် သူတို့အနေနဲ့ အနီးကပ် စောင့်ကြည့် နေကြောင်းနဲ့ ဖြစ်လာနိုင်တဲ့ အခြေ အနေတွေအတွက် အဆင်သင့် ပြင်ထားကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

မြို့တော် ပြုံယမ်းရဲ့ အနောက်မြောက်ဘက် Kusong ဒေသကနေ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ဟာ မိုင် လေးရာကျော်အထိ ရောက်သွားခဲ့တယ်လို့ တောင်ကိုရီးယာ စစ်တပ်က ပြောပါတယ်။ အမေရိကန် စစ်တပ်ကတော့ အဲဒီ ပဲ့ထိန်းတပ် ဒုံးကျည်ဟာ အဲဒီလောက် အကွာအဝေးကို ရောက်သွားခဲ့တယ်ဆိုတာကို အတည်ပြုပြောဆိုပေမယ့် ဘယ်လို ဒုံးကျည် အမျိုးအစား ဖြစ်တယ်ဆိုတာကို စုံစမ်း စစ်ဆေးနေဆဲလို့ ဆိုပါတယ်။

ဒါဟာ တောင်ကိုရီးယားသမ္မတ Moon Jae-in ရွေးကောက် တင်မြောက် ခံရပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားက ရန်လိုတဲ့ လုပ်ရပ်ကို ပြုလုပ်လိုက်တာပါ။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့ဇုံ ဖြစ်လာရေး အတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက လိုလားနေတာပါ။

အခု ပစ်လွတ်မှုဟာ မြောက်ကိုရီးယားက လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်လောက်က ဒုံးကျည် ပစ်လွတ်ပြီး မိနစ်ပိုင်းအတွင်းမှာ ပျက်ကျသွားခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ် စမ်းသပ် ပစ်လွတ်ခြင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ အခု ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ် ပစ်လွတ်မှုဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာကျပြီး ဒီလုပ်ရပ်အပေါ် ဂျပန်နိုင်ငံအနေနဲ့ အပြင်းအထန် ကန့်ကွက်ကြောင်း ဂျပန်အစိုးရ ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးကလည်း အလားတူ ကန့်ကွက်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG