သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မံစီဒုက္ခသည် ၃ဦး အသတ်ခံရမှု စစ်တပ်အရာရှိ စစ်သည် ၆ဦး ကို စစ်ခုံရုံးဖွဲ့စစ်


ကချင်စစ်ပြေးဒုက္ခသည်များ။
ကချင်စစ်ပြေးဒုက္ခသည်များ။

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်ခေါင်ရွာ RCဒုက္ခသည်စခန်းနေလူငယ်(၃)ဦးကို မြန်မာတပ်မတော်ကနေ သတ်ဖြတ်ခဲ့တယ် လို့ စွဲချက်တင်ထားမှုနဲ့ပက်သက်ပြီး အရာရှိစစ်သည်(၆)ဦးကို ခမရ ၃၁၉ စခမ်းမှာတပ်မတော်စစ်ခုံရုံးကနေ ပထမအကြိမ် စစ်ဆေးခဲ့တာပါ။ ပြစ်မှုကျူးလွန်ကြောင်းအရာရှိစစ်သည်(၅)ဦးကဝန်ခံခဲ့ပေမဲ့ ဦးဆောင်တာဝန်ရှိအရာရှိကငြင်းဆိုခဲ့ တာ ကြောင့် ထပ်မံစစ်ဆေးသွားမယ်လို့လဲ တက်ရောက်နားထောင်သူတွေကပြောပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထား ပါတယ်။

မိုင်းခေါင်ဒုက္ခသည်စခမ်းရွာသား(၃)ဦးအသတ်ခံရမှုနဲ့ပက်သက်ပြီး စွဲချက်တင်ခံထားရတဲ့တပ်မတော်အရာရှိတွေကို ဒီက နေ့ ခုံရုံးစစ်ဆေးမှုနဲ့ပက်သက်လို့ မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော်ကအခုလိုပြောပါတယ်။

"စစ်ခုံရုံးအဖွဲ့မှစစ်တယ်ဆိုတော့ ရဲဘော် အရာရှိ(၅)ယောက်ကတော့ဝန်ခံပါတယ်။ ဒါပေမဲ့တပ်ရင်းမှူးကဝန်မခံတော့ အစကနေပြန်လုပ်သလိုဖြစ်သွားတာပေါ့။"

ရွာသားတွေကိုသတ်ဖြတ်မှုနဲ့စွဲချက်တင်ခံရတဲ့ တပ်မတော်အရာရှိတပ်သား(၆)ဦးကိုတော့ မံစီမြို့ ခမရ ၃၁၉ စခမ်းမှာ စစ်ဆေးနေတာဖြစ်ပြီး စစ်ဆေးမှုအခြေအနေကိုတော့ မိုင်ခေါင်ကျေးရွာKBCအသင်းတော်တာဝန်ခံ ဦးတမော်နော်မိုင်က အခုလိုပြောပါတယ်။

"တပ်မတော်စစ်ခုံရုံးက ဥက္ကဌတွေနဲ့အဖွဲ့ဝင်(၁) အဖွဲ့ဝင်(၂)ဆိုပြီးမှ ထွဲထားပြီးမှ သူတို့တရားလိုဘက်ကတယောက် တရားခံဘက်ကတယောက်တရားသူကြီး ခွဲထားပြီးမှ တင်ချနေတာ။ စစ်ဆေးတဲ့အချိန်မှာ(၅)ယောက်ကဝန်ခံပြီးတော့မှ နောက်ဆုံး တပ်ရင်းမှူးကို စစ်ဆေးတဲ့အချိန်ကျမှ သူကကျွန်တော်ဆီမှာ အပြစ်မရှိဘူးဆိုပြီးမှ ပြန်ငြင်းပယ်တဲ့အတွက်ကြောင့် အပြစ်ကိုပြန်ဖေါ်ထုတ်နိုင်အောင် အစကနေပြန်ပြီးမေးမြန်းနေပါတယ်။"

ဒီကနေ့စစ်ခုံရုံးစစ်ဆေးမှုမှာ တပ်မတော်အရာရှိတွေနဲ့စစ်သည်အပေါင်း(၅)ဦးတို့ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ တပ်ရင်း မှူး ကနေငြင်းပယ်ခဲ့တာကြောင့် လာမဲ့ တနင်္လာနေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်ပါတယ်။

အသတ်ခံရသူလူငယ်(၃)ဦးက အသက် ၂၂နှစ်အရွယ် ကိုမရန်ဘရန်ဆိုင်း၊အသက် ၃၁ နှစ်အရွယ် ကိုအင်ခွမ်ဂမ် အောင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုလဗျနော်ခွမ်တို့ဖြစ်ကြပြီး မေ ၂၅ ရက်ည ၇ နာရီကျော်က ခမရ ၃၁၉ ရှေ့တန်း စစ်ကြောင်း ကနေဖမ်းဆီးသွားပြီး မေလ(၂၆)ရက်နေ့မှာအသတ်ခံခဲ့ရတာပါ။

ဒီလိုအသတ်ခံရမှုနဲ့ပက်သက်လို့ကာယကံရှင်မိသားစုဝင်တွေကနေ မံစီရဲစခမ်းမှာ အမှုဖွင့်ထားခဲ့ အပြီး ဒီကနေ့မှာ ပထမဆုံး အကြိမ်ရုံးတင် စစ်ဆေးခဲ့တာလဲဖြစ်ပါတယ်။

ဒီကနေ့စစ်ခုံရုံးစစ်ဆေးမှုမှာ ပွင့်လင်းမြင်သာမှုရှိတယ်လို့ ဦးတမော်နော်မိုင်က အခုလိုပြောပါတယ်။

"ပွင့်လင်းမြင်သာမှုတော့ရှိပါတယ်ဗျ။ ကျွန်တော်တို့အကုန်လုံး အယောက်(၂၃)ယောက် သွားပါတယ်။ အသတ်ခံရသူ ဇနီးသည်(၃)ဦးလုံး ဒီနေ့ပါပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ဖုန်းတွေအကုန်လုံးကတော့ တပ်ရဲ့တံခါးဝမှာသိမ်းထားတာ တော့ရှိပါတယ်။"

ဒီကနေ့စစ်ဆေးမှုမှာ သေဆုံးသူမိသားစုတွေအပါအဝင် မိုင်ခေါင်စခမ်းက အသင်းတော်တာဝန်ရှိတွေ စခန်းတာဝန်ခံတွေ တက်ရောက်နားထောင်ခဲ့ပါတယ်။

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်ခေါင်ရွာမှာ စစ်ပြေးဒုက္ခသည်စခမ်း(၃)ခုရှိပြီး အိမ်ခြေ(၅၀၀)ခန့်ရှိသလို စစ်ရှောင်ဦး ရေ (၂၅၀၀)ကျော်ရှိနေပါတယ်။

ဒီဒုက္ခသည်စခမ်းဟာ KIOခေါ်ကချင်လွတ်လပ်ရေးအဖွဲ့နဲ့မြန်မာ့တပ်မတော်တို့အကြား တကျော့ပြန်တိုက်ပွဲတွေ ကြောင့် ၂၀၁၃ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

မံစီမြို့နယ်ဟာ KIOကချင်လွတ်လပ်ရေးအဖွဲ့တွေလှုပ်ရှားရာဒေသဖြစ်သလို မြန်မာ့တပ်မတော်နဲ့လဲ တိုက်ပွဲဖြစ်ပွါးမှု ဖြစ်စဉ် တွေရှိနေခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေး တင်းမာမှုတွေရှိနေသေးသလို စစ်ရေးပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုခံနေရဆဲ ဖြစ်စဉ်တွေလဲရှိနေဆဲဖြစ် ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG