သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO မဟာမိတ်နိုင်ငံတွေ၊ ရုရှားနဲ့ အပြိုင် နျူလက်နက်မထုတ်လုပ်ဖို့ဆုံးဖြတ်


ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပတဲ့ လုံခြုံရေးအစည်းအဝေး (ဓါတ်ပုံ-ရိုက်တာ)
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပတဲ့ လုံခြုံရေးအစည်းအဝေး (ဓါတ်ပုံ-ရိုက်တာ)

NATO မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေအနေနဲ့ ရုရှားနဲ့အပြိုင် နျူးကလီးယားလက်နက်တပ်ဆင်တာမျိုး ရှောင်ရှားဖို့ ဆုံးဖြတ်ထားကြောင်း NATO အကြီးအကဲက ပြောလိုက်ပါတယ်။

ခေတ်မှီနျူကလီးယားလက်နက် အဆင့်မြှင့်တပ်ဆင်မှုအပါအဝင် ရုရှားရဲ့စစ်ရေးမဟာဗျူဟာမှာ နျူကလီးယားလက်နက်တွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထည့်သွင်းထားတာကြောင့် တကယ်ကိုစိုးရိမ်မိကြောင်း NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က ဂျာမဏီနိုင်ငံ မြူးနစ်မှာကျင်းပတဲ့ လုံခြုံရေးအစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံတွေကို သောကြာနေ့က ပြောဆိုခဲ့တာပါ။

ကမ္ဘာတလွှားက နိုင်ငံရေးနဲ့စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ၃ ရက်ကြာ အစည်းအဝေးအတွင်း ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတာပါ။ စစ်အေးတိုက်ပွဲတခု နောက်ထပ်ဖြစ်လာမှာကို ရှောင်ရှားဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ လွန်ခဲ့တဲ့ ဒီဇင်ဘာလက လက်မှတ်ရေးထိုးထားတဲ့ PESCO စာချုပ်အရ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားရေးနဲ့ ပက်သတ်ပြီးတော့လည်း ကျေနပ်အားရကြောင်း Mr. Stoltenberg က ပြောပါတယ်။ NATO အဖွဲ့ရဲ့ ဒီဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ကလည်း တသဘောထားတည်းရှိကြောင်း ပြောဆိုပြီး ဥရောပမဟာမိတ်တွေအနေနဲ့ ကာကွယ်ရေးအသုံးစားရိတ်တွေ တိုးမြှင့်သုံးစွဲဖို့ တောင်းဆိုထားပါတယ်။

ဒီထိပ်တန်းအစည်းအဝေးကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis အပြင် အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး H. R. McMaster လည်း တက်ရောက်နေပြီး ဒီကနေ့ စနေနေ့မှာ မြောက်ကိုရီးယား နျူးကလီးယားအစီအစဉ်နဲ့ NATO မှာပါဝင်တဲ့ အမေရိကန်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောကြားမယ်လို့ ယူဆရပါတယ်ခင်ဗျာ။

XS
SM
MD
LG