သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်အမှု သြဂုတ် ၂၇ အဆုံးအဖြတ်ပေးမည်


နိုင်ငံတော် လ ျှို့ဝှက် အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာနသတင်းထောက် တွေရဲ့ အမှုမှာ အပြစ်ရှိမရှိဆိုတာကို လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချတော့မှာပါ။ ရိုက်တာသတင်းထောက်တွေရဲ့ ရှေ့နေတွေကတော့ သူတို့ကို တရားရှင်လွှတ်ပေးဖို့ ဒီကနေ့ တရားခွင်မှာ လျှောက်လွဲှချက်ပေးကြသလို၊ တရားလိုရှေ့နေတွေကတော့ သတင်းသမားနှစ်ဦးကို အရေးယူအပြစ်ပေးဖို့ လျှောက်လွဲသွားကြပါတယ်။ တရားခွင်ကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ် ။

ဒီကနေ့ ရုံးထုတ်မှာတော့ နှစ်ဘက် ရှေ့နေတွေက သတင်သမား နှစ်ယောက်အပေါ် စွဲချက်တင်ထားတဲ့ ဥပဒေနဲ့ အရေးယူသင့် မယူသင့်ကို တဖက်နဲ့တဖက်က အချက်အလက်တွေနဲ့ တင်ပြကြပါတယ်။ သတင်းထောက်၂ဦးမှာ လုံခြုံမှုဆိုင်ရာ အရေးကြီးလုံခြုံရေးစာရွက် စာတမ်း အထောက်အထားများ လက်ဝယ်တွေ့ရှိခဲ့ရသလို ငြိမ်းချမ်းရေးရယူထားတာမရှိတဲ့ တိုင်းရင်းသားအချို့ရဲ့ ဖုန်းနံပါတ်တွေကို ရိုက်တာ သတင်းသမားတွေ ဖုန်းထဲ တွေ့ရတယ်လို့ တရားလိုရှေ့နေတွေက တရားရုံးကို ပြောပါတယ်။ တရားဝင် ပြည်တွင်းမှာ သတင်းထုတ်လုပ့် ဖြန့်ချီတာ မလုပ်တဲ့ သတင်းရောင်းစားတဲ့ နိုင်ငံခြားသတင်းဌာနတွေဆီမှာ ဒေါ်လာ ရယူကာ သတင်း ပြန်လည်ရောင်းချတာတွေ ရှိနေတယ်ဆိုပြီး ဒီစွဲချက်တင်ထားတဲ့ လျို့ဝှက်အက်ဥပဒေနဲ့ အရေးယူဖို့ တင် ပြလာတာတွေရှိပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးအပေါ် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ စွဲချက်ကို တရားရုံးက လက်ခံခဲ့ပြီးနောက် ကြားနာစစ်ဆေးရာမှာ၊ အခု သြဂုတ်လ ၂၇ ရက်နေ့မှာတော့ သူတို့မှာ အပြစ်ရှိမရှိဆိုတာကို တရားရုံးအနေနဲ့ စီရင်ဆုံးဖြတ်မှာဖြစ်ပါတယ်။

ရိုက်တာရှေ့နေတွေဘက်ကတော့ လ ျှို့ဝှက် အက်ဥပဒေနဲ့ ညှိုစွန်းတာမရှိသလို သတင်းသမားတာဝန်ကိုသာ ထမ်းဆောင်ခဲ့ပြီး အပြစ်မရှိဘဲ ထောင်ခြောက်ဆင် ဖမ်းဆီးခံရတာလို့ ပြောနေပါတယ်။ ဒါကြောင့်လည်း သတင်းထောက်နှစ်ဦးစလုံးကို အပြစ်မပေးပဲ တရားရှင်လွှတ်ဖို့ တရားရုံးထံ လျှောက်ထားပါတယ်။

စွတ်စွဲခံရသူ ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးကတော့ တရားရုံးက တရားမ ျှတစွာ ဆုံးဖြတ်ပေးမယ်လို့ မေ ျှာ်လင့်နေပါတယ်။

"မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ မီဒီယာ လွတ်လပ်ခွင့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ချလာနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်။"

ရခိုင်ပြည်နယ်နဲ့ပတ်သတ်တဲ့ လုံခြုံမှုဆိုင်ရာ အရေးကြီးလုံခြုံရေးစာရွက်စာတမ်း အထောက်အထားများ လက်ဝယ်တွေ့ရှိ တယ်လို့ဆိုပြီး ရိုက်တာသတင်းဌာနက သတင်းထောက်၂ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပြီး ဒီနှစ် ဇန်နဝါရီလကတည်းက စစ်ဆေးခဲ့တဲ့ ဒီအမှုဟာ ၉ လနီးပါးရှိလာခဲ့ ပြီဖြစ်ပါတယ်။

ရိုက်တာ သတင်းထောက် ကိုဝလုံးကတော့ စွပ်စွဲထား တဲ့ စွပ်စွဲချက်တွေအတွက်

တရားလိုဘက်က သက်သေ ခိုင်ခိုင်လုံလုံ မပြနိုင်ခဲ့ဘူးလို့ ယုံကြည်ထားတာပါ။ ဒါကြောင့် သူလွတ်မြောက်မယ်လို့ မျှော်လင့်ပါတယ်။

"ကျနော်တို့ဟာ သတင်းသမားကျင့်ဝတ်နဲ့ အညီသတင်းတွေကိုလိုက်ခဲ့တာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားပျက်ဆီးအောင် လုပ်ခဲ့တာမျိုးမရှိခဲ့ဘူး။ နောက်ဆုံးပြောနိုင်တာက ကျနော်တို့မှာ လုံးဝအပြစ်မရှိပါဘူး။ လာမယ့် ၂၇ ရက်နေ့ ရုံးတော်က ဆုံးဖြတ်ရမယ့် အနေအထားမှာလဲ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီ တရားမ ျှတမှုနဲ့ သတင်းလွတ်လပ်ခွင့်အပေါ်အခြေခံပြီး ကျနော်တို့ အပြစ် မရှိတာကို ရုံးတော်ကမ ျှမ ျှတတ ဆုံးဖြတ်ပြီး လွှတ်ပေးသွားမယ်လို့ မေ ျှာ်လင့်ပါတယ်"

ရိုက်တာသတင်းသမားတွေရဲ့အကျိုးဆောင် ရှေ့နေ ဦးခင်မောင်ဇော်ကတော့ တရားလိုဘက်က ထွက်ဆိုချက်တွေနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန်ဝေဖန်ပါတယ်။

"တရားခံ အပြစ်ရှိကြောင်းပြဖို့က သူ့တာဝန်ရှိတာကို။ တာဝန်ရှိတာမှာ ၂မျိုးရှိပါတယ်။ ပထမတမျိုးက ပြစ်မှုထင်ရှားပြဖို့ သက်သေပြဖို့မှာ သက်သေတွေ ထုတ်ပြပြီး အဲသက်သေတွေနဲ့ပြရတာ။ နောက်တခုကတော့ရုံးမှာကောက်ချက် နဲ့ပြရတာ။ သက်သေထင်ရှားပြဖို့တာဝန်သူတို့ မအောင်မြင်ဘူး။ အဲတော့ ကောက်ချက်ဆွဲပြတော့ သူတို့တင်ပြခဲ့တဲ့ တရားလိုပြသက်သေတွေနဲ့ ကွဲလွဲ နေတယ်လို့ ကျနော်က ကောက်ချက်ချပါတယ်။"

လက်ရှိ အမှုအခြေအနေနဲ့ လာမယ့် တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ ဘယ်လို့ မျှော်လင့်နိုင်မလဲဆိုတဲ့ ဗွီအိုအေ မေးမြန်းချက်အပေါ် သူက

" အဖြေကတော့ အမှုစတော့ ကျနော်အင်မတန်ကိုတက်ကြွခဲ့တယ်။ လွတ်အောင်ချမယ်လို့ လွတ်မှာဘဲပေါ့။ နောက်တခါ နည်းနည်းလေး လျော့တယ်။ ကိုမိုးရန်နိုင် သက်သေထွက်ချက်မှာ ကျနော်အားတက်လာပေမယ့် နောက်ပိုင်း ကျနော်ပြန်လျော့လာတယ်။ နိုင်ငံတကာအခြေအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်က ပြောလာတဲ့ စကားတွေအရကျနော်ကတော်တော်လေးအားလျော့ သွားတယ်။ အခုတော့မေ ျှာ်လင့်ချက်အပြည့်ထားပါတယ်။ ဒါပေမယ့် အဆိုးအတွက်လည်းပြင်ဆင်ထားရမယ့် အခြေအနေရှိတဲ့ အခြေအနေပါဘဲ။"

သတင်းထောက်တွေကို စွဲဆိုထားတဲ့ စွဲချက်ဟာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့ရင် တည်ဆဲဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိပြစ် ဒဏ်ချမှတ်နိုင်ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တွေ၊ ကုလသမဂ္ဂအပါ အဝင် နိုင်ငံတကာကလည်း ရိုက်တာသတင်းသမားတွေကို အမြန် ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

တချိန်တည်းမှာပဲ ရိုက်တာ သတင်းထောက်နှစ်ယောက်အဖမ်းခံရတဲ့ ကိစ္စဟာ မြန်မာနိုင်ငံ အရပ်သားအစိုးရလက်ထက် သတင်းလွှတ်လပ်ခွင့် အခြေအနေကို တိုင်းတာတဲ့ ပေတံတခုအဖြစ်လည်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ သတင်းသမားကာကွယ်ရေးအဖွဲ့တွေက ထောက်ပြ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG