သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ခေါင်းဆောင်တွေဦးဆောင်တဲ့ ပြည်သူ့ပါတီ ဗဟိုရုံးဖွင့်လှစ်


ပြည်သူ့ပါတီ သတင်းစာရှင်းလင်း
ပြည်သူ့ပါတီ သတင်းစာရှင်းလင်း

၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးကို လူထုအတွက် တကယ်တမ်း အကျိုးရှိမယ့်နည်းလမ်းနဲ့ ပြင်ဆင်ဖို့ ကြိုးစားသွားမယ်လို့ ပြည်သူ့ ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောကြားလိုက်ပါတယ်။

"ကျနော်တို့က ပြင်ဖို့လိုတယ်ဆိုတာ အခိုင်အမာပြောပြီးသား။ သို့သော် လက်တွေ့ကျကျ ထိရောက်တဲ့ဆောင်ရွက်မှုတွေ ဘယ်လိုလုပ်မလဲဆိုတာက နိုင်ငံရေးအရ အနုပညာလို့မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒါကို စကားလုံးသပ်သပ်နဲ့ ပြောနေတာထက် လက်တွေ့ ၊ ဒီဖွဲ့စည်းပုံဘောင်ထဲကနေပြီးတော့ အမြင့်မားဆုံးပြည်သူတွေအတွက် လက်တွေ့အကျိုးဖြစ်ထွန်းမယ့်ကိစ္စ ဘာတွေဆောင်ရွက်နိုင်မလဲ ဆိုတာတွေလုပ်ဖို့ ကျနော်တို့ ကြိုးစားနည်းလမ်းရှာမှာဖြစ်ပါတယ်။"

ရန်ကုန်မြို့ မှာ တနင်္ဂနွေနေ့ကလုပ်တဲ့ ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲအတွင်း ဦးကိုကိုကြီးက အဲဒီလိုပြောသွားတာပါ။

တခြားနိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို လူကြားကောင်းရုံလောက် လုပ်တာမျိုးမဟုတ်ဘဲ လက်တွေ့လုပ်သွားမယ်လို့ လည်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ပြည်သူ့ပါတီကို ဥက္ကဌ ဦးကိုကိုကြီး၊ ဒုတိယဥက္ကဌ ဦးမင်းဇေယျ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးရဲနိုင်အောင်တို့အပါအဝင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၂ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အများစု ပါဝင်ပါတယ်။ ဒါပေမဲ့ ဦးမင်းကိုနိုင်နဲ့ ဦးကျော်မင်းယု ခေါ် ဦးဂျင်မီတို့ မပါဝင်သလို အခု ပါတီသစ် ရုံးခန်းဖွင့်ပွဲကိုလည်း တတ်ရောက်လာခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG