သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာသင်္ကြန်အတွက် အမေရိကန်သဝဏ်လွှာ


မကြာမီစတင်တော့မယ့် မြန်မာသင်္ကြန်ပွဲတော်အတွက် အမေရိကန်ပြည်ထောင်စုက ဆုတောင်း သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဒီသင်္ကြန်ပွဲတော်ဟာ မြန်မာပြည်သူလူထုအတွက် ပျော်ရွှင်နှစ်လိုဖွယ်ကောင်းတဲ့ အားလပ်ရက်ဖြစ်စေကြောင်း ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

လူတိုင်း ပါဝင်ဆင်နွဲကြမယ့် ဒီသင်္ကြန်ပွဲတော်ဟာ မြန်မာတို့ရဲ့ အစဉ်အလာ ကြွယ်ဝမှုနဲ့ အလှအပတွေကို နှစ်စဉ် သတိရစေတဲ့ အချိန်ဖြစ်တဲ့အပြင် ဒီလိုပျော်ရွှင်ဖွယ်ကောင်းတဲ့ကာလဟာ မြန်မာပြည်သူတွေ မျှော်မှန်းနေတဲ့ ငြိမ်းချမ်းရေး၊ သည်းခံခွင့်လွှတ်ရေး၊ သာတူညီမျှရေးတို့ကို ထင်ဟပ်ပေါ်လွင်စေမယ့် အခွင့်အခါကောင်းတခု ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံသားအားလုံး ဖွံ့ဖြိုးကြွယ်ဝသော နှစ်သစ်အခါသမယ ဖြစ်ပါစေလို့ အမေရိကန်ပြည်ထောင်စုက ဆန္ဒပြုရင်း ဖော်ရွေနွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်လို့ ဆုတောင်းပေးထားတာပါ။ ဒီသဝဏ်လွှာကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Morgan Ortagus က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG