သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန် အိမ်ပြန်မယ့် ထိုင်းရောက်မြန်မာတွေ သတိထားဖို့


မြန်မာ-ထိုင်း နယ်စပ်
မြန်မာ-ထိုင်း နယ်စပ်

မဟာသင်္ကြန် ကာလအတွင်း နေရပ်ပြန်မယ့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အဆင်ပြေစေဖို့ မြန်မာနဲ့ထိုင်း ၂ နိုင်ငံ အစိုးရတို့ကြား ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး နေရပ်ပြန်တိုင်း ထိုင်းကိုပြန်ဝင်ခွင့်ရဖို့ (Re-entry) ဗီဇာကြေး ဘတ်ငွေ (၁၀၀၀) ပေးရတဲ့ အိမ်ပြန်တုံး ထုပေးမယ့် အစား အခမဲ့အိမ်ပြန်တုံး ထုပေးတဲ့စနစ်နဲ့ ဧပြီလ (၅) ရက်နေ့ကနေ ဧပြီလ (၃၀) ရက်နေ့ အတွင်း ဝင်/ထွက်ခွင့်ပြုကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့သလို မတ်လကုန်ကစပြီး စစ်ဆေးမှုတွေလည်း သေသေချာချာ လုပ်လာနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မဟာသင်္ကြန်ကာလမှာ နေရပ်ပြန်မယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းအစိုးရက သတ်မှတ်ခွင့်ပြုထားတဲ့ ရက်ထက်စောပြီး ပြန်တာမို့ တရားမဝင်ဂိတ်တွေမှာ စစ်ဆေး တင်းကြပ်မူတွေ ပိုများလာတယ်လို့ ထိုင်း- မြန်မာနယ်စပ်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲက ရုံးတာဝန်ခံ ဦးမိုးကျော်က ဆိုပါတယ်။

“ဘယ်အချိန်မှာပဲပြန်ပြန် တကယ်က ပတ်စပို့တွေ၊ စီအိုင်လက်မှတ်တွေ၊ အလုပ်သမား လက်မှတ်တွေ ရှိမယ်ဆိုရင် မဲဆောက် ချစ်ကြည်ရေး တံတားအောက်ကနေ တရားမဝင်ဂိတ်တွေက ကူးလို့မရပါဘူး။ အခုရက်ပိုင်းမှာ စစ်ဆေးတာ၊ ဖမ်းဆီးတာ ထိုင်းစစ်တပ်က နယ်ခြားစစ်တပ်ကနေ ဖမ်းဆီးအရေးယူနေ တာတွေရှိနေပါတယ်။ ဒါကြောင့် ဧပြီလ သင်္ကြန်ကာလ ပြန်မယ့်အလုပ်သမားတွေအနေနဲ့ပြန်မယ်ဆိုရင် တရားဝင်လမ်းကြောင်းကနေ သေချာ ကိုယ့်လက်မှတ်တွေ ၊ ကိုင်ဆောင်ထားတဲ့ အထောက်အထားတွေနဲ့ အဝင်အထွက်တွေကို သေချာဂရုစိုက်ပြီး ပြန်ဖို့လိုတယ် ဆိုတာကိုတော့ အကြံပြုလိုပါတယ်”

သင်္ကြန်ကာလအတွက် ထိုင်းနဲ့ မြန်မာ အလုပ်သမားဝန်ကြီးဌာနတွေ ညှိနှိုင်းထားတာကြောင့် အထူးအခွင့်ရေး ပေးတဲ့အနေနဲ့ ဧပြီလ ၅ရက်နေ့ကနေ ဧပြီလ ၃၀ရက်အတွင်းမှာ နေရပ်ပြန်တဲ့အခါ မှာ အခမဲ့ အိမ်ပြန်တုံး (Re-entry) စနစ်ကို သဘောတူထားတဲ့အတွက် ငွေကြေးကုန်ကျဖို့ မလိုပါဘူး။ ဒါပေမဲ့ တရားမဝင် လမ်းကြောင်းတွေ ကနေ အဝင်ထွက် မလုပ်ဖို့ တရားဝင် အထောက်အထားတွေ နိုင်ငံကူး လက်မှတ်ရှိသူတွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ပေါ်နေကနေသာပြန်ဖို့ လိုအပ်တယ်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ဦးမိုးကျော်က ဆိုပါတယ်။

“ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေ ရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ရင်းပြန်ဖို့အတွက် ပြန်ဖို့အချိန်က သင်္ကြန်ကာလ အချိန်မှာ တုံးအကြီးကြီး(အဝင်၊ အထွက်) ဗီဇာတုံးတွေ ထုစရာမလိုပဲ လွတ်လွတ်လပ်လပ် ပြန်နိုင်ချိန်က ဧပြီ လ ၅ရက်နေ့ ကနေ ဧပြီလ ၃၀ထိ။ ၃၀ ရက်နေ့ မတိုင်ခင်မှာ ပြန်ဝင်လာဖို့တော့ အဓိက လိုတယ်။ နောက် အဲဒီလို ထုတ်ပြန်ထားပေမယ့် ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ဧပြီလအတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ပတ်စပို့တွေ ကိုင်ထားပြီးတော့ အလုပ်လုပ်နေတဲ့သူတွေကို ဖြေလျော့ထားပေမဲ့လို့တကယ့်တကယ်က သူ့ အလုပ်ရှင်တွေက ခွင့်မပြုဘူးဆိုရင် တော့ ခွင့်ပေးထားတဲ့ ရက်အတွင်း ပြန်သွားပြီး ပြန်ဝင်လာဖို့ အဓိကအရေးကြီးတဲ့အချက်တွေ သိထားဖို့ လိုပါတယ်”

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအစိုးရတို့က တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်ဖြစ်တဲ့ မြဝတီမြို့နဲ့ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေး တံတားပေါ်ကသာ တရားဝင်နေရပ် ပြန်ဖို့ နဲ့ တံတားအနီးမှာရှိတဲ့ တရားမဝင် လမ်းကြောင်းတွေ ကနေ အဝင်ထွက်လုပ်တာကို မလုပ်ဖို့ သတိပေးထားတာပါ။ တရားမဝင် လမ်းကြောင်းက ပြန်တာကိုတွေ့မယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့တည်ဆဲဥပဒေနဲ့ အရေးယူခံရနိုင်တယ် လို့ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမား သံအရာရှိရုံးကလည်း သတိပေးထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG