သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-အီရန္ တင္းမာမႈအေပၚ ျမန္မာ့အကဲခတ္ေတြအျမင္


(Zawgyi / Unicode)

အီရန္စစ္ဗုိလ္ခ်ဳပ္ Qassem Soleimani ကို အေမရိကန္က သတ္ျဖတ္လိုက္တာဟာ ႏိုင္ငံတကာ တရားဥပေဒကို မ်က္ကြယ္ျပဳရာေရာက္သလို ဒါဟာ စစ္ပဲြၾကီးေတြ ျဖစ္ပြားတဲ့အထိ က်ယ္ျပန္႔လာႏုိင္တယ္လို႔ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရးေဆာင္ရြက္သူေတြက ရႈျမင္သလို ဒါဟာ ျမန္မာႏုိင္ငံအပါအဝင္ ကမာၻ႔ႏုိင္ငံေတြရဲ့ တည္ၿငိမ္ေရးနဲ႔ စီးပြါးေရးကိုပါ ရိုက္ခတ္မႈေတြ ရွိလာႏုိင္တယ္လို႔ ႏိုင္ငံေရးသံုးသပ္သူေတြက ေျပာပါတယ္။ အေမရိကန္ အီရန္ အေရးနဲ႔ ပတ္သက္ၿပီး အျမင္ေတြကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က စုစည္း တင္ျပထားပါတယ္။

အီရန္စစ္ဗိုလ္ခ်ဳပ္ Qassem Soleimani ကို အေမရိကန္ကအေ၀းထိန္း ဒရုန္းကေန ဒုံးက်ည္နဲ႔ ဒီလ ၃ရက္ေန႔က အီရတ္ႏိုင္ငံမွာ ပစ္ခတ္ သတ္ျဖတ္ခဲ့တာျဖစ္ပါတယ္။

ဒီလို သတ္ျဖတ္တာနဲ႔ပတ္သက္လုိ႔ ျမန္မာျပည္အေျခစိုက္ လူ႔အခြင့္အေရးအဖဲြ႔တစ္ခုျဖစ္တဲ့ ညီမွ်ျခင္းျမန္မာ အဖဲြ႔ရ့ဲ ဒါရိုက္တာ ဦးေအာင္မ်ိဳးမင္းက ဒါဟာ ႏိုင္ငံတကာဥပေဒကို မလိုက္နာပဲ တရားလက္လြတ္သတ္ျဖတ္တဲ့ သေဘာ ျဖစ္သလို လိုအပ္တာထက္ အင္အားကို ပိုမိုအသံုးခ်တာ ျဖစ္တဲ့ အတြက္ ေနာက္ဆက္တြဲ ျပႆနာ အျဖစ္နဲ႔ စစ္ပြဲႀကီးေတြ ျဖစ္ပြားတဲ့ အထိ က်ယ္က်ယ္ ျပန္႔ျပန္႔ ရင္ဆိုင္ရဖို႔ ရွိတယ္လို႔ သံုးသပ္ပါတယ္။

“လူ႔အခြင့္အေရးဆုိတဲ့ဟာကေတာ့ အသြင္မတူတဲ့ဟာကို လက္ခံၿပီးေတာ့ တကယ္လို႔ က်ဴးလြန္မႈရိွရင္ေတာင္ တရားဥပေဒေဆာင္ၾကဥ္းၿပီးေတာ့ ထိုက္တန္ေသာလုပ္ေဆာင္မႈျဖစ္ေအာင္ လုပ္ေဆာင္တာျဖစ္ပါတယ္။ အခုလိုမ်ိဳးကိစၥ သတ္ျဖတ္မႈျဖစ္သြားတယ္။ အင္အားသံုးၿပီးသတ္ျဖတ္တယ္။ ၿပီးေတာ့ တစ္ျခားႏိုင္ငံမွာရိွတဲ့သူကို သတ္ျဖတ္ျခင္းကေတာ့ ၿငိမ္းခ်မ္းစြာေျဖရွင္းၿပီးေတာ့ တရားဥပေဒလမ္းေၾကာင္းကို ဘယ္လုိမွ မသြားႏိုင္ပါဘူး။ အက်ိဳးဆက္က ဘာျဖစ္မလဲဆုိရင္ေတာ့ ႏိုင္ငံတကာဥပေဒေတြကို မေလးစားမႈကို ေရာက္လာမယ္။ ငါ့ေလွ ငါထိုး ပဲခူးေရာက္ေရာက္ဆုိၿပီးေတာ့ သြားတဲ့ပံုစံမ်ိဳးျဖစ္လာႏိုင္တယ္။ ေနာက္တစ္ခုက ခံရတဲ့ဘက္ကလည္း ဘယ္လုိမွ ေက်နပ္မွာ မဟုတ္ပါဘူး။ အႏိုင္က်င့္ခံရတယ္။ ေစာ္ကားခံရတယ္ဆုိတဲ့ ပံုစံမ်ိဳးျဖစ္ရင္ ရန္ကုိရန္ခ်င္း တံု႔ႏွင္းတဲ့ပံုစံမ်ိဳးျဖစ္ၿပီးေတာ့ စစ္ပဲြအထိကုိ သြားႏိုင္တယ္။ စစ္ပဲြထိ သြားမယ္ဆုိရင္ ေသဆံုးရမွာေတာ့ အျပစ္မဲ့ျပည္သူေတြ ျဖစ္ပါတယ္။”

ဒီသတ္ျဖတ္တာကုိ ကန္႔ကြက္တဲ့အေနနဲ႔ အေရွ႕အလယ္ပုိင္းအပါအ၀င္ ႏုိင္ငံအေတာ္မ်ားမ်ားမွာ ဆႏၵျပပြဲေတြ ဆက္တုိက္ျဖစ္ေပၚေနခဲ့သလို အေမရိကန္နဲ႔ အီရန္အၾကားမွာ စစ္ေရးအရ တိုက္ခိုက္မယ္ဆုိတဲ့ ျခိမ္းေျခာက္မႈ ေတြလည္း ျမင့္တက္လာခဲ့ပါတယ္။

ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ အခုလို တင္းမာမႈေတြ ဒီ့ထက္ပိုၿပီး ျမင့္တက္မလာေစဖို႔ တျခား အင္အားၾကီးႏိုင္ငံေတြက ၀ိုင္း၀န္းတားဆီး ၾကမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

“ တင္းမာမႈေတြ ဘယ္ေလာက္ပဲ ျမင့္မား ျမင့္မား ကမၻာ့ ၿငိမ္းခ်မ္းေရးအတြက္ေကာ၊ အေရွ႔အလယ္ပိုင္း ေဒသၿငိမ္းခ်မ္းေရးအတြက္ေကာ ျပန္ၿပီးေတာ့ အာရံုစိုက္ဖို႔ မျဖစ္မေနလိုအပ္တယ္လို႔ ျမင္တယ္။ တဘက္ကလည္းပဲ Russia ဖက္ဒေရးရွင္းနဲ႔ တရုတ္ျပည္သူ႔သမၼတႏိုင္ငံတို႔ရဲ႕ ဒီအီရန္ႏိုင္ငံနဲ႔ အင္မတန္မွ နီးကပ္တဲ့ ဆက္ဆံေရး ရိွတဲ့အေနအထားေတြအရလည္း လက္ရိွျဖစ္ေပၚေနတဲ့ တင္းမာမႈေတြကို ပိုၿပီးေတာ့ မဆိုးသြားေအာင္၊ ေနာက္ၿပီးေတာ့ တျဖည္းျဖည္းနဲ႔ တည္ၿငိမ္မႈရလာေအာင္ ေဆာင္ရြက္လာႏိုင္တယ္လို႔ ျမင္တယ္။ တကယ္လုိ႔ တင္းမာမႈေတြ ပိုၿပီးျမင့္မားလာမယ္ဆုိရင္ အေရွ႔အလယ္ပိုင္းေဒသတင္မကပဲနဲ႔ ကမၻာတစ္ခုလံုးရဲ့ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးကိုပါ ၿခိမ္းေျခာက္လာႏိုင္တဲ့အေနအထားရိွတယ္။ အဲဒါကေနတဆင့္ ကမၻာ့ စီးပြားေရးကိုပါ လာၿပီးေတာ့ သက္ေရာက္လာႏိုင္တဲ့အတြက္ေၾကာင့္မို႔ ရုရွားဖက္ဒေရးရွင္း၊ တရုတ္ျပည္သူ႔သမၼတႏိုင္ငံ အပါအ၀င္ေပါ့ေလ မျဖစ္ေအာင္ ၀ိုင္းၿပီးေတာ့ ထိန္းၾကလိမ့္မယ္လို႔ က်ေနာ္က အဲလို သံုးသပ္ပါတယ္။ ”

အေမရိကန္နဲ႔ အီရန္တို႔ရဲ့ တင္းမာမႈေတြ ဆက္လက္ျမင့္တက္လာမယ္ဆုိရင္ ကမၻာ့နဲ႔ ေဒသတြင္း တည္ၿငိမ္ေရး၊ လံုၿခံဳေရးနဲ႔ စီးပြားေရးကို ထိခုိက္လာႏိုင္သလို ျမန္မာျပည္အေပၚမွာလည္း သက္ေရာက္ မႈေတြ ရွိလာႏုိင္တယ္လို႔လည္း ေဒါက္တာရန္မ်ိဳးသိမ္းက ဆက္ေျပာပါတယ္။

“ က်ေနာ္တုိ႔ ႏိုင္ငံလည္းပဲ အဲဒီျဖစ္စဥ္ေတြရဲ႕ သက္ေရာက္မႈကို ၾကီးၾကီးမားမားခံရႏိုင္တယ္လို႔ ျမင္တယ္။ အခုလတ္တေလာပဲ က်ေနာ္တုိ႔ ႏိုင္ငံထဲမွာဆုိရင္ အခုဒါ စက္သံုးဆီေစ်းေတြက အခုရက္ပိုင္းမွာကို တက္လာၿပီ။ ေရရွည္မွာ ဒီတင္းမာမႈၾကီးက ျမင့္မားသထက္ ျမင့္မားၿပီး စိုးရိမ္ေၾကာင့္ၾကမႈေတြ၊ ပူပန္မႈေတြနဲ႔ မတည္ၿငိမ္မႈေတြ၊ မလံုၿခံဳမႈေတြ ပိုၿပီးေတာ့ ျမင့္တက္လာမယ္ဆိုရင္ တစ္ကမၻာလံုးရဲ့စီးပြားေရး၊ ေနာက္က်ေနာ္တို႔ အာရွေဒသရဲ႕ စီးပြားေရး ထိခိုက္သလို က်ေနာ္တုိ႔ ႏိုင္ငံရဲ့ စီးပြားေရး၊ ဖံြ႔ၿဖိဳးမႈနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈအပိုင္းေတြကိုလည္း ထိခုိက္လာႏိုင္တယ္လို႔ အဲလို သံုးသပ္ပါတယ္။”

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကေတာ့အေမရိကန္ႏိုင္ငံနဲ႔ အေမရိကန္ရဲ႕ ပိုင္ဆုိင္မႈေတြကို ထိခုိက္လာရင္ အီရန္ႏိုင္ငံက ပစ္မွတ္ ၅၀ေက်ာ္ကို ျပင္းျပင္းထန္ထန္တုိက္ခိုက္မယ္လုိ႔ အေမရိကန္သမၼတက ေျပာဆုိထားသလို အီရန္ဘက္ကလည္း အေမရိကန္ပစ္မွတ္ ၃၀၀ကို လက္တ႔ံုျပန္ႏိုင္ေၾကာင္း တံု႔ျပန္ေျပာဆိုထားပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္အပါအ၀င္ အေမရိကန္ရဲ့ ဥေရာပ မဟာမိတ္ေတြကေတာ့ ႏွစ္ႏိုင္ငံအၾကားတင္းမာမႈေတြ ေလ်ာ့ခ်ဖို႔ နဲ႔ ႏွစ္ႏိုင္ငံလံုးက ထိန္းထိန္းသိမ္းသိမ္းနဲ႔ သတိထား ကိုင္တြယ္ေျဖရွင္းဖို႔ တုိက္တြန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကန်-အီရန် တင်းမာမှုအပေါ် မြန်မာ့အကဲခတ်တွေအမြင်

(Unicode)

အီရန်စစ်ဗိုလ်ချုပ် Qassem Soleimani ကို အမေရိကန်က သတ်ဖြတ်လိုက်တာဟာ နိုင်ငံတကာ တရားဥပဒေကို မျက်ကွယ်ပြုရာရောက်သလို ဒါဟာ စစ်ပွဲကြီးတွေ ဖြစ်ပွားတဲ့အထိ ကျယ်ပြန့်လာနိုင်တယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်သူတွေက ရှုမြင်သလို ဒါဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ တည်ငြိမ်ရေးနဲ့ စီးပွါးရေးကိုပါ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။ အမေရိကန် အီရန် အရေးနဲ့ ပတ်သက်ပြီး အမြင်တွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က စုစည်း တင်ပြထားပါတယ်။

အီရန်စစ်ဗိုလ်ချုပ် Qassem Soleimani ကို အမေရိကန်ကအဝေးထိန်း ဒရုန်းကနေ ဒုံးကျည်နဲ့ ဒီလ ၃ရက်နေ့က အီရတ်နိုင်ငံမှာ ပစ်ခတ် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီလို သတ်ဖြတ်တာနဲ့ပတ်သက်လို့ မြန်မာပြည်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒါဟာ နိုင်ငံတကာဥပဒေကို မလိုက်နာပဲ တရားလက်လွတ်သတ်ဖြတ်တဲ့ သဘော ဖြစ်သလို လိုအပ်တာထက် အင်အားကို ပိုမိုအသုံးချတာ ဖြစ်တဲ့ အတွက် နောက်ဆက်တွဲ ပြဿနာ အဖြစ်နဲ့ စစ်ပွဲကြီးတွေ ဖြစ်ပွားတဲ့ အထိ ကျယ်ကျယ် ပြန့်ပြန့် ရင်ဆိုင်ရဖို့ ရှိတယ်လို့ သုံးသပ်ပါတယ်။

“လူ့အခွင့်အရေးဆိုတဲ့ဟာကတော့ အသွင်မတူတဲ့ဟာကို လက်ခံပြီးတော့ တကယ်လို့ ကျူးလွန်မှုရှိရင်တောင် တရားဥပဒေဆောင်ကြဉ်းပြီးတော့ ထိုက်တန်သောလုပ်ဆောင်မှုဖြစ်အောင် လုပ်ဆောင်တာဖြစ်ပါတယ်။ အခုလိုမျိုးကိစ္စ သတ်ဖြတ်မှုဖြစ်သွားတယ်။ အင်အားသုံးပြီးသတ်ဖြတ်တယ်။ ပြီးတော့ တစ်ခြားနိုင်ငံမှာရှိတဲ့သူကို သတ်ဖြတ်ခြင်းကတော့ ငြိမ်းချမ်းစွာဖြေရှင်းပြီးတော့ တရားဥပဒေလမ်းကြောင်းကို ဘယ်လိုမှ မသွားနိုင်ပါဘူး။ အကျိုးဆက်က ဘာဖြစ်မလဲဆိုရင်တော့ နိုင်ငံတကာဥပဒေတွေကို မလေးစားမှုကို ရောက်လာမယ်။ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်ဆိုပြီးတော့ သွားတဲ့ပုံစံမျိုးဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ခံရတဲ့ဘက်ကလည်း ဘယ်လိုမှ ကျေနပ်မှာ မဟုတ်ပါဘူး။ အနိုင်ကျင့်ခံရတယ်။ စော်ကားခံရတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်ရင် ရန်ကိုရန်ချင်း တုံ့နှင်းတဲ့ပုံစံမျိုးဖြစ်ပြီးတော့ စစ်ပွဲအထိကို သွားနိုင်တယ်။ စစ်ပွဲထိ သွားမယ်ဆိုရင် သေဆုံးရမှာတော့ အပြစ်မဲ့ပြည်သူတွေ ဖြစ်ပါတယ်။”

ဒီသတ်ဖြတ်တာကို ကန့်ကွက်တဲ့အနေနဲ့ အရှေ့အလယ်ပိုင်းအပါအဝင် နိုင်ငံအတော်များများမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သလို အမေရိကန်နဲ့ အီရန်အကြားမှာ စစ်ရေးအရ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တွေလည်း မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အခုလို တင်းမာမှုတွေ ဒီ့ထက်ပိုပြီး မြင့်တက်မလာစေဖို့ တခြား အင်အားကြီးနိုင်ငံတွေက ဝိုင်းဝန်းတားဆီး ကြမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ တင်းမာမှုတွေ ဘယ်လောက်ပဲ မြင့်မား မြင့်မား ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက်ကော၊ အရှေ့အလယ်ပိုင်း ဒေသငြိမ်းချမ်းရေးအတွက်ကော ပြန်ပြီးတော့ အာရုံစိုက်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ မြင်တယ်။ တဘက်ကလည်းပဲ Russia ဖက်ဒရေးရှင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ရဲ့ ဒီအီရန်နိုင်ငံနဲ့ အင်မတန်မှ နီးကပ်တဲ့ ဆက်ဆံရေး ရှိတဲ့အနေအထားတွေအရလည်း လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ပိုပြီးတော့ မဆိုးသွားအောင်၊ နောက်ပြီးတော့ တဖြည်းဖြည်းနဲ့ တည်ငြိမ်မှုရလာအောင် ဆောင်ရွက်လာနိုင်တယ်လို့ မြင်တယ်။ တကယ်လို့ တင်းမာမှုတွေ ပိုပြီးမြင့်မားလာမယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသတင်မကပဲနဲ့ ကမ္ဘာတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်တဲ့အနေအထားရှိတယ်။ အဲဒါကနေတဆင့် ကမ္ဘာ့ စီးပွားရေးကိုပါ လာပြီးတော့ သက်ရောက်လာနိုင်တဲ့အတွက်ကြောင့်မို့ ရုရှားဖက်ဒရေးရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင်ပေါ့လေ မဖြစ်အောင် ဝိုင်းပြီးတော့ ထိန်းကြလိမ့်မယ်လို့ ကျနော်က အဲလို သုံးသပ်ပါတယ်။ ”

အမေရိကန်နဲ့ အီရန်တို့ရဲ့ တင်းမာမှုတွေ ဆက်လက်မြင့်တက်လာမယ်ဆိုရင် ကမ္ဘာ့နဲ့ ဒေသတွင်း တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေးကို ထိခိုက်လာနိုင်သလို မြန်မာပြည်အပေါ်မှာလည်း သက်ရောက် မှုတွေ ရှိလာနိုင်တယ်လို့လည်း ဒေါက်တာရန်မျိုးသိမ်းက ဆက်ပြောပါတယ်။

“ ကျနော်တို့ နိုင်ငံလည်းပဲ အဲဒီဖြစ်စဉ်တွေရဲ့ သက်ရောက်မှုကို ကြီးကြီးမားမားခံရနိုင်တယ်လို့ မြင်တယ်။ အခုလတ်တလောပဲ ကျနော်တို့ နိုင်ငံထဲမှာဆိုရင် အခုဒါ စက်သုံးဆီဈေးတွေက အခုရက်ပိုင်းမှာကို တက်လာပြီ။ ရေရှည်မှာ ဒီတင်းမာမှုကြီးက မြင့်မားသထက် မြင့်မားပြီး စိုးရိမ်ကြောင့်ကြမှုတွေ၊ ပူပန်မှုတွေနဲ့ မတည်ငြိမ်မှုတွေ၊ မလုံခြုံမှုတွေ ပိုပြီးတော့ မြင့်တက်လာမယ်ဆိုရင် တစ်ကမ္ဘာလုံးရဲ့စီးပွားရေး၊ နောက်ကျနော်တို့ အာရှဒေသရဲ့ စီးပွားရေး ထိခိုက်သလို ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးမှုနဲ့ ရင်းနှီးမြုပ်နှံမှုအပိုင်းတွေကိုလည်း ထိခိုက်လာနိုင်တယ်လို့ အဲလို သုံးသပ်ပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့အမေရိကန်နိုင်ငံနဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်လာရင် အီရန်နိုင်ငံက ပစ်မှတ် ၅၀ကျော်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတက ပြောဆိုထားသလို အီရန်ဘက်ကလည်း အမေရိကန်ပစ်မှတ် ၃၀၀ကို လက်တ့ုံပြန်နိုင်ကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် အမေရိကန်ရဲ့ ဥရောပ မဟာမိတ်တွေကတော့ နှစ်နိုင်ငံအကြားတင်းမာမှုတွေ လျော့ချဖို့ နဲ့ နှစ်နိုင်ငံလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ သတိထား ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းထားကြပါတယ်။

XS
SM
MD
LG