သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တဖဲြ႕ခ်င္းမေဆြးေႏြးေရးမူ ေျမာက္ပိုင္းမဟာမိတ္ဆက္ကိုင္ထား


TNLA တပ္ဖြဲ႔၀င္မ်ား

(Zawgyi/Unicode)

ဇန္နဝါရီ(၈)ရက္ေန႕ကက်င္းပခဲ့တဲ့ တစ္ႏုိင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္ေရး ညႇိႏွိုင္းအစည္းအေဝး (JICM) အဖြင့္မိန႔္ခြန္းမွာ NCAမေရးထိုးရေသးတဲ့တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ လိုအပ္ရင္တဖဲြ႕ခ်င္း သီးျခားေဆြးေႏြးႏုိင္ဖို႕ အစုိးရကေနတံခါးဖြင့္ထားတယ္လို႕ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာဆိုခဲ့ပါတယ္။ အစိုးရနဲ႕ေတြ႕ဆုံေဆြးေႏြးဖို႕ ရက္အတိအက်မသိရေသးေပမဲ့ လက္ရွိျမန္မာ စစ္တပ္နဲ႕ စစ္ေရးတင္းမာေနဆဲ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြအေနနဲ႕ကေတာ့ တဖြဲ႕ခ်င္းေဆြးေႏြးမွာမဟုတ္သလို မူလသေဘာထားအတိုင္း တပ္ေပါင္းစုအေနနဲ႔ပဲ ေဆြးေႏြးမယ္လို႕ သေဘာထားရွိေနၾကပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ေျမာက္ပုိင္းညီေနာင္မဟာမိတ္(၃)ဖြဲ႕မွာပါ၀င္တဲ့ အပစ္မရပ္ေသးတဲ့ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕ေတြအေနနဲ႕ အစိုးရနဲ႕တစ္ဖြဲ႕ခ်င္း ေဆြးေႏြးဖို႕အစီအစဥ္ မရွိဘူးလို႕ ရခိုင္လက္နက္ကိုင္ AAေျပာခြင့္ရခိုင္သုခကေျပာပါတယ္။

“အရင္လဲကြ်န္ေတာ္တို႕ ဒီေျမာက္ပိုင္းမဟာမိတ္အေနနဲ႕ ကြ်န္ေတာ္တို႕ထုတ္ျပန္ထားတဲ့ ထုတ္ျပန္ခ်က္ေတြရွိတယ္ဗ်။ ကြ်န္ေတာ္တို႕ေျမာက္ပိုင္းမဟာမိတ္အေနနဲ႕ကေတာ့ တဖြဲ႕ခ်င္းမေဆြးေႏြးဘူး။ တပ္ေပါင္းစုအေနနဲ႕ဘဲေဆြးေႏြးမယ္ဆိုတဲ့ ဥစၥာကိုကြ်န္ေတာ္တို႕ထုတ္ျပန္ထားတာရွိတယ္။ အခုခ်ိန္ထိလဲအဲဒီမူအတိုင္းပဲ ဆက္လက္ၿပီးေတာ့ရပ္တည္ သြားမယ္။”

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေန လိုအပ္ရင္တဖြဲ႔ခ်င္း သီးျခားေဆြးေႏြးႏုိင္ဖို႕ အစုိးရအေနနဲ႕တံခါးဖြင့္ထားတယ္လို႕(JICM) အဖြင့္မိန႔္ခြန္းမွာ ေျပာၾကားသြားခဲ့တာနဲ႔ ပတ္သက္ၿပီး AA က လက္မခံသလို ေျမာက္ပိုင္းညီေနာင္မဟာမိတ္အဖြဲ႕ ေနာက္တခုုုုျဖစ္တဲ့ တအာင္းပေလာင္တပ္ဖြဲ႕TNLAကလဲ တပ္ေပါင္းစုနဲ႕ပဲ ေဆြးေႏြးဖို႔ သေဘာထားရွိတယ္လို႔ TNLAျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးတာအိုက္ေက်ာ္ကဆိုပါတယ္။

“ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႕အတြက္ကေတာ့ နဂိုလ္ကကြ်န္ေတာ္တို႕ရပ္တည္ခ်က္ရွိပါတယ္။ အပစ္ခတ္ရပ္စဲဖို႕အတြက္ ကြ်န္ေတာ္တို႕ဒီဖက္ေပါ့ေနာ္၊ ကြ်န္ေတာ္တို႕အဖြဲ႕(၄)ဖြဲ႕ ေတာက္ေလွ်ာက္ေတြ႕ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္။ အစကတည္းကလဲ ကြ်န္ေတာ္တို႕ျပည္ေေထာင္စုျငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ဆိုတဲ့ ကြ်န္ေတာ္တို႕FPNCC အဖြဲ႕ေတြလဲရွိတယ္။ ဆိုေတာ့ အဲဒီရပ္တည္ခ်က္ဟာ အခုအထိ အဲဒီအတိုင္းပဲရွိပါေသးတယ္။ နိုင္ငံေရးေဆြးေႏြးဖို႕အတြက္ တကယ့္တကယ္ျဖစ္ခ်င္ရင္ေတာ့ ဘယ္အဖြဲ႕ ဘယ္လိုမ်ိဳး ဘယ္လိုမ်ိဳးပုံစံနဲ႕ေရြးခ်ယ္မေနဘဲနဲ႕ အားလုံးပါ၀င္ဖို႕ အတြက္ အားလုံးကိုဖိတ္ေခၚေဆြးေႏြးသြားလို႕ရွိရင္ ပိုၿပီးခရီးေရာက္မွာပါ။”

ကခ်င္လြတ္လပ္ေရးအဖြဲ႕KIO ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးၾကီးေနာ္ဘူကေတာ့ ခရီးလြန္ေနလို႕ ဗဟိုရဲ႕ဆုံးျဖတ္ခ်က္ကို မသိရွိေသးဘူးလို႕ေျပာပါတယ္။

NCAအပစ္ရပ္ လက္မွတ္မထိုးနိုင္ေသးတဲ့ လက္ရွိေျမာက္ပိုင္းမဟာမိတ္အဖြဲ႕၀င္ေတြျဖစ္တဲ့ ရခိုင္လက္နက္ကိုင္ AAတပ္ဖြဲ႕ တအာင္းပေလာင္တပ္ဖြဲ႕TNLA ကိုးကန္႕တပ္ဖြဲ႕MNDAAတို႕ဟာ ျမန္မာစစ္တပ္နဲ႕ စစ္ေရးတင္းမာေနဆဲျဖစ္ၿပီး၊ KIO ကခ်င္လြတ္လပ္ေရးအဖြဲ႕ကေတာ့ ျမန္မာစစ္တပ္နဲ႕ ရံဖန္ရံခါ တိုက္ပဲြေတြရွိခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ လက္နက္ကိုင္ပဋိပကၡေတြ မ်ားလာတာနဲ႔ ပတ္သက္လို႔ ေရရွည္မွာ ေပးဆပ္လိုက္ရတာက တိုင္းရင္းသားေတြနဲ႔ တိုင္းရင္းသားေဒသေတြမွာပဲ ျဖစ္တယ္ဆိုတာကို သိလာမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့သလို ဒီတိုက္ပြဲေတြေၾကာင့္ အျပစ္မဲ့ျပည္သူေတြ ဒုကၡသည္စခန္းမွာ ဆင္းဆင္းရဲရဲေနထိုင္ေနရေၾကာင္းနဲ႔ လက္နက္ကုိင္ၿပီး အားသာခ်က္ယူတာမ်ိဳးဟာ ႏုိင္ငံရဲ႕ ျပႆနာေတြကုိ ေျဖရွင္းႏုိင္မည္မဟုတ္လို႕လည္း ထည့္သြင္း ေျပာဆုိခဲ့ပါတယ္။

ဒီေျပာဆိုခ်က္အေပၚ လက္မခံဘူးလို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ကြ်န္ေတာ္တို႕ဖက္ကေတာ့ လက္ခံနိုင္စရာမရွိဘူးဗ်။ ဘာေၾကာင့္လဲဆိုလို႕ရွိရင္ ရခိုင္မွာေနၿပီးေတာ့ ႏွစ္ေပါင္း(၇၀)လုံးလုံး ဘာတိုက္ပြဲမွ ႀကီးႀကီးမားမားျဖစ္ခဲ့တာမရွိဘူး။ ဒါေပမဲ့လို႕ ရခိုင္ေဒသက ဗမာျပည္မွာ ဒုတိယအဆင္းရဲဆုံး၊ ခ်င္း ၿပီးရင္ ရခိုင္ေပါ့ဗ်ာေနာ္။ ဆိုေတာ့ ေဒၚစုေျပာသလိုမ်ိဳး တိုက္ပြဲမရွိတဲ့အတြက္ေၾကာင့္မို႕ ခ်မ္းသာတယ္ဆိုတဲ့ ဥစၥာေတာ့ ကြ်န္ေတာ္တို႕လဲ ဒါမေတြ႕ရဘူးဗ်။ ၿငိမ္းခ်မ္းတဲ့နည္းနဲ တကယ္ေျဖရွင္းခ်င္တယ္ဆိုလို႕ရွိရင္ လက္ရွိ ရွိေနတဲ့ ဗမာလက္နက္ကိုင္တပ္ဖြဲ႕ကို ဘယ္လို ထိန္းသိမ္းၾကမလဲဆိုတဲ့ ဥစၥာက အေတာ္ေလး အဓိကက်တဲ့ ကိစၥျဖစ္တယ္။ ဗမာျပည္ နိုင္ငံေရးမွာေနာ္ ဘယ္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းကမွ ဖက္ဒရယ္ျပည္ေထာင္စုကိုျငင္းဆိုတာမရွိဘူး။ အခုလက္ရွွိရွိေနတဲ့ ဗမာစစ္တပ္ကေနၿပီးေတာ့ တိုင္းရင္းသားေဒသေတြမွာ သူတို႕က်ဴးေက်ာ္ေနတဲ့ျပႆနာျဖစ္တယ္။ ဒီေနရာမွာတခုေမးစရာရွိတာက အဲဒီအခ်က္ေတြကိုေဒၚစုအေနနဲ႕ တကယ္ဘဲ အေကာင္အထည္ေဖၚဖို႕အတြက္ သူ႕မွာ အာဏာရွိရဲ႕လား။ လုပ္ပိုင္ခြင့္ရွိရဲ႕လား။ တကယ္လုပ္နိုင္ရဲ႕ လားဆိုတဲ့ဥစၥာေလး ကြ်န္ေတာ္တို႔အေနနဲ႕ဒါ ေမးခြန္းထုတ္စရာ ရွိတယ္။”

ျငိမ္းခ်မ္းေရးေဆြးေႏြးဖို႕အတြက္ ဒီလိုဖိတ္ေခၚေနတာနဲ႕မျပီးဘဲ တိုင္းရင္းသားေဒသေတြမွာ တပ္မေတာ္ကေန ထိုးစစ္ကို ရပ္တန္႕ဖို႕လိုအပ္တယ္လို႕လည္း ခိုင္သုခက ေျပာပါတယ္။

တႏုိင္ငံလံုးပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)ကို သမၼတေဟာင္း ဦးသိန္းစိန္အစိုးရ လက္ထက္မွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ရွစ္ဖြဲ႕နဲ႕ လက္မွတ္ေရးနိုင္ခဲ့သလို ယခု ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရ လက္ထက္မွာ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕ႏွစ္ခုသာ ေနာက္ထပ္ လက္မွတ္ေရးထုိးနိုင္ခဲ့တာပါ။

ဒီလကုန္ပိုင္းမွာ အပစ္မရပ္နိုင္ေသးတဲ့ လက္နက္ကိုင္အဖြဲ႕ေတြနဲ႕ေတြ႕ဆုံသြားမယ္လို႕ သတင္းေတြ ေပၚထြက္ေနေပမဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြအေနနဲ႕က တဖြဲ႕ခ်င္းေတြ႕ဆုံေဆြးေႏြးမွာကိုေတာ့ လက္မခံနိုင္တဲ့အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

(Unicode)

ဇန်နဝါရီ(၈)ရက်နေ့ကကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်မိန့်ခွန်းမှာ NCAမရေးထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လိုအပ်ရင်တဖွဲ့ချင်း သီးခြားဆွေးနွေးနိုင်ဖို့ အစိုးရကနေတံခါးဖွင့်ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ပါတယ်။ အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့ ရက်အတိအကျမသိရသေးပေမဲ့ လက်ရှိမြန်မာ စစ်တပ်နဲ့ စစ်ရေးတင်းမာနေဆဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ကတော့ တဖွဲ့ချင်းဆွေးနွေးမှာမဟုတ်သလို မူလသဘောထားအတိုင်း တပ်ပေါင်းစုအနေနဲ့ပဲ ဆွေးနွေးမယ်လို့ သဘောထားရှိနေကြပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့မှာပါဝင်တဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အစိုးရနဲ့တစ်ဖွဲ့ချင်း ဆွေးနွေးဖို့အစီအစဉ် မရှိဘူးလို့ ရခိုင်လက်နက်ကိုင် AAပြောခွင့်ရခိုင်သုခကပြောပါတယ်။

“အရင်လဲကျွန်တော်တို့ ဒီမြောက်ပိုင်းမဟာမိတ်အနေနဲ့ ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေရှိတယ်ဗျ။ ကျွန်တော်တို့မြောက်ပိုင်းမဟာမိတ်အနေနဲ့ကတော့ တဖွဲ့ချင်းမဆွေးနွေးဘူး။ တပ်ပေါင်းစုအနေနဲ့ဘဲဆွေးနွေးမယ်ဆိုတဲ့ ဥစ္စာကိုကျွန်တော်တို့ထုတ်ပြန်ထားတာရှိတယ်။ အခုချိန်ထိလဲအဲဒီမူအတိုင်းပဲ ဆက်လက်ပြီးတော့ရပ်တည် သွားမယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ လိုအပ်ရင်တဖွဲ့ချင်း သီးခြားဆွေးနွေးနိုင်ဖို့ အစိုးရအနေနဲ့တံခါးဖွင့်ထားတယ်လို့(JICM) အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားခဲ့တာနဲ့ ပတ်သက်ပြီး AA က လက်မခံသလို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ နောက်တခုဖြစ်တဲ့ တအာင်းပလောင်တပ်ဖွဲ့TNLAကလဲ တပ်ပေါင်းစုနဲ့ပဲ ဆွေးနွေးဖို့ သဘောထားရှိတယ်လို့ TNLAပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်ကဆိုပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ကတော့ နဂိုလ်ကကျွန်တော်တို့ရပ်တည်ချက်ရှိပါတယ်။ အပစ်ခတ်ရပ်စဲဖို့အတွက် ကျွန်တော်တို့ဒီဖက်ပေါ့နော်၊ ကျွန်တော်တို့အဖွဲ့(၄)ဖွဲ့ တောက်လျှောက်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်။ အစကတည်းကလဲ ကျွန်တော်တို့ပြည်ေထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဆိုတဲ့ ကျွန်တော်တို့FPNCC အဖွဲ့တွေလဲရှိတယ်။ ဆိုတော့ အဲဒီရပ်တည်ချက်ဟာ အခုအထိ အဲဒီအတိုင်းပဲရှိပါသေးတယ်။ နိုင်ငံရေးဆွေးနွေးဖို့အတွက် တကယ့်တကယ်ဖြစ်ချင်ရင်တော့ ဘယ်အဖွဲ့ ဘယ်လိုမျိုး ဘယ်လိုမျိုးပုံစံနဲ့ရွေးချယ်မနေဘဲနဲ့ အားလုံးပါဝင်ဖို့ အတွက် အားလုံးကိုဖိတ်ခေါ်ဆွေးနွေးသွားလို့ရှိရင် ပိုပြီးခရီးရောက်မှာပါ။”

ကချင်လွတ်လပ်ရေးအဖွဲ့KIO ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူကတော့ ခရီးလွန်နေလို့ ဗဟိုရဲ့ဆုံးဖြတ်ချက်ကို မသိရှိသေးဘူးလို့ပြောပါတယ်။

NCAအပစ်ရပ် လက်မှတ်မထိုးနိုင်သေးတဲ့ လက်ရှိမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AAတပ်ဖွဲ့ တအာင်းပလောင်တပ်ဖွဲ့TNLA ကိုးကန့်တပ်ဖွဲ့MNDAAတို့ဟာ မြန်မာစစ်တပ်နဲ့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ KIO ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ မြန်မာစစ်တပ်နဲ့ ရံဖန်ရံခါ တိုက်ပွဲတွေရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်နက်ကိုင်ပဋိပက္ခတွေ များလာတာနဲ့ ပတ်သက်လို့ ရေရှည်မှာ ပေးဆပ်လိုက်ရတာက တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေမှာပဲ ဖြစ်တယ်ဆိုတာကို သိလာမှာဖြစ်တယ်လို့ ပြောဆိုခဲ့သလို ဒီတိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခသည်စခန်းမှာ ဆင်းဆင်းရဲရဲနေထိုင်နေရကြောင်းနဲ့ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုးဟာ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မည်မဟုတ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ် လက်မခံဘူးလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့ဖက်ကတော့ လက်ခံနိုင်စရာမရှိဘူးဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် ရခိုင်မှာနေပြီးတော့ နှစ်ပေါင်း(၇၀)လုံးလုံး ဘာတိုက်ပွဲမှ ကြီးကြီးမားမားဖြစ်ခဲ့တာမရှိဘူး။ ဒါပေမဲ့လို့ ရခိုင်ဒေသက ဗမာပြည်မှာ ဒုတိယအဆင်းရဲဆုံး၊ ချင်း ပြီးရင် ရခိုင်ပေါ့ဗျာနော်။ ဆိုတော့ ဒေါ်စုပြောသလိုမျိုး တိုက်ပွဲမရှိတဲ့အတွက်ကြောင့်မို့ ချမ်းသာတယ်ဆိုတဲ့ ဥစ္စာတော့ ကျွန်တော်တို့လဲ ဒါမတွေ့ရဘူးဗျ။ ငြိမ်းချမ်းတဲ့နည်းနဲ တကယ်ဖြေရှင်းချင်တယ်ဆိုလို့ရှိရင် လက်ရှိ ရှိနေတဲ့ ဗမာလက်နက်ကိုင်တပ်ဖွဲ့ကို ဘယ်လို ထိန်းသိမ်းကြမလဲဆိုတဲ့ ဥစ္စာက အတော်လေး အဓိကကျတဲ့ ကိစ္စဖြစ်တယ်။ ဗမာပြည် နိုင်ငံရေးမှာနော် ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကမှ ဖက်ဒရယ်ပြည်ထောင်စုကိုငြင်းဆိုတာမရှိဘူး။ အခုလက်ရှိရှိနေတဲ့ ဗမာစစ်တပ်ကနေပြီးတော့ တိုင်းရင်းသားဒေသတွေမှာ သူတို့ကျူးကျော်နေတဲ့ပြဿနာဖြစ်တယ်။ ဒီနေရာမှာတခုမေးစရာရှိတာက အဲဒီအချက်တွေကိုဒေါ်စုအနေနဲ့ တကယ်ဘဲ အကောင်အထည်ဖေါ်ဖို့အတွက် သူ့မှာ အာဏာရှိရဲ့လား။ လုပ်ပိုင်ခွင့်ရှိရဲ့လား။ တကယ်လုပ်နိုင်ရဲ့ လားဆိုတဲ့ဥစ္စာလေး ကျွန်တော်တို့အနေနဲ့ဒါ မေးခွန်းထုတ်စရာ ရှိတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဒီလိုဖိတ်ခေါ်နေတာနဲ့မပြီးဘဲ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ကနေ ထိုးစစ်ကို ရပ်တန့်ဖို့လိုအပ်တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နဲ့ လက်မှတ်ရေးနိုင်ခဲ့သလို ယခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုသာ နောက်ထပ် လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။

ဒီလကုန်ပိုင်းမှာ အပစ်မရပ်နိုင်သေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံသွားမယ်လို့ သတင်းတွေ ပေါ်ထွက်နေပေမဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့က တဖွဲ့ချင်းတွေ့ဆုံဆွေးနွေးမှာကိုတော့ လက်မခံနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။***

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG