သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အဖြစ်နည်းတဲ့ ပြည်နယ် ၉ခု ပြန်ဖွင့်ဖို့ သမ္မတအိမ်ဖြူတော် စဉ်းစားနေ


 Dr. Deborah Birx မေးခွန်းများကိုဖြေဆိုနေစဉ်
Dr. Deborah Birx မေးခွန်းများကိုဖြေဆိုနေစဉ်

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူ အရေအတွက် အနည်းဆုံး ဖြစ်တဲ့ ပြည်နယ် ၉ ခုကို စီးပွားရေး ပြန်လည်လုပ်ဆောင်ခွင့် ပထမဆုံး ပေးဖို့ သမ္မတ အိမ်ဖြူတော်က စဉ်းစား နေပါတယ်။

သမ္မတအိမ်ဖြူတော်က ဒီရောဂါဆိုင်ရာ အလုပ်အဖွဲ့တာဝန်ခံ Dr. Deborah Birx က ဒီ ပြည်နယ် ၉ ခုမှာ ရောဂါအကူးစက်ခံရသူက ပြည်နယ်တခုကို လူတထောင်ထက်နည်း တာတွေ့ရသလို တရက်ကို နောက်ထပ် အကူးစက်ခံရသူက ၃၀ ထက်နည်းတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီရောဂါဒဏ်ကြောင့် ပြီးခဲ့တဲ့ သီတင်း ၄ ပတ်အတွင်း လူပေါင်း ၂၂ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ကုန်ပြီး နိုင်ငံ့စီးပွားရေးလည်း အခြေနေ ဆိုးသွားခဲ့တာပါ။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ စီးပွားရေး အမြန်ပြန် ဦးမော့လာဖို့ မေလ တရက်နေ့ကို ဦးတည်ချက် ထားပြီး လုပ်ငန်းတွေ ပြန်ဖွင့် နိုင်ဖို့ တွန်းအား ပေးနေတာပါ။ ဒါပေမယ့် နယူးရောက် ပြည်နယ်လို ဒီရောဂါ ဒဏ် ဆိုးဆိုးဝါးဝါး ခံရတဲ့ ဒေသတွေကတော့ အဆင်ပြေဖို့ မလွယ်ပါဘူး။

ပြန်ဖွင့်ဖို့ လုပ်နေတဲ့ ပြည်နယ် ၉ ခု ဟာ ဘယ်ပြည်နယ်တွေလဲ ဆိုတာကိုတော့ Birx ကထုတ်မပြောပါဘူး။

တိုက်ရိုက် လင့်ခ်


...................


(Unicode)






XS
SM
MD
LG