(Zawgyi/Unicode)
ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ကမာၻတလႊား အကူးစက္ခံရသူ ၂ သန္းေက်ာ္လာေနခ်ိန္မွာပဲ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီး အတြက္ ေထာက္ပံ့ေငြေတြ ရပ္ဆိုင္းထားဖုိ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ဆံုးျဖတ္ခ်က္အတြက္ ကမာၻ႔ေခါင္းေဆာင္ေတြ က ေဝဖန္ေနၾကပါတယ္။
ဒီေရာဂါတိုက္ဖ်က္ေရးအတြက္ အဆိုးဆံုး အခ်ိန္ကို ကမာၻတလႊား ရင္ဆိုင္ ေက်ာ္ျဖတ္ေနရခ်ိန္မွာ သမၼတ ထရမ့္ရဲ႕ ဒီဆံုးျဖတ္ခ်က္ဟာ ႏုိင္ငံအားလံုးကို သက္ေရာက္မႈ ရွိေစႏိုင္ ေၾကာင္းနဲ႔ ဒါဟာ WHO ရဲ႕ လုပ္ကိုင္ႏိုင္စြမ္းကို အားနည္းေစၿပီး ႏုိင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈကို ထိခိုက္ေစတယ္လို႔ တရုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။
ကမာၻတလႊားႀကီးမားတဲ့ က်န္းမာေရး ျပႆနာႀကီး ျဖစ္ေနခ်ိန္မွာ WHO ရဲ့ ရန္ပံုေငြကို ျဖတ္ေတာက္တာဟာ ရလဒ္ေကာင္းထြက္မလာႏုိင္ဘူးလို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ေဝဖန္လိုက္ၿပီး ဒီအခ်ိန္ဟာ ႏိုင္ငံတကာအသိုင္းဝို္င္းအေနနဲ႔ စည္းစည္းလံုးလံုး လက္တြဲ ေဆာင္ရြက္ရမယ့္ အခ်ိန္ျဖစ္ေၾကာင္း ေျပာပါတယ္။
ဂ်ာမဏီႏုိင္ငံျခားေရး ဝန္ႀကီးကလည္း အခုလို WHO ကို အျပစ္တင္ေနလို႔ ျပႆနာက ေျပလည္မသြားေစႏုိင္ဘူးလို႔ ေျပာပါတယ္။
ကမာၻတလႊား ဒီေရာဂါ အကူးစက္ခံရသူက ၂ သန္းေက်ာ္သြားပါၿပီ။ ဒါေပမယ့္ ဒီေရာဂါ ရွိမရွိ စမ္းသပ္မႈမလုပ္ႏုိင္တဲ့ ေဒသ အမ်ားအျပား ရွိေနတာေၾကာင့္ အကူးစက္ခံရသူ အေရတြက္ ပိုမ်ားလာဖို႔ ရွိပါတယ္။
Johns Hopkins တကၠသိုလ္ရဲ႕ စစ္တမ္းအရ ကမာၻတလႊား ဒီေရာဂါေၾကာင့္ ေသဆံုးရသူက (၁၂၈,၈၀၀) တသိန္း ၃ ေသာင္းနီးပါး ရွိေနပါၿပီ။
................
WHO ကို သမ္မတ Trump ထောက်ပံ့ငွေဖြတ်တဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ ဝေဖန်
(Unicode)
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှား အကူးစက်ခံရသူ ၂ သန်းကျော်လာနေချိန်မှာပဲ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး အတွက် ထောက်ပံ့ငွေတွေ ရပ်ဆိုင်းထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ က ဝေဖန်နေကြပါတယ်။
ဒီရောဂါတိုက်ဖျက်ရေးအတွက် အဆိုးဆုံး အချိန်ကို ကမ္ဘာတလွှား ရင်ဆိုင် ကျော်ဖြတ်နေရချိန်မှာ သမ္မတ ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံအားလုံးကို သက်ရောက်မှု ရှိစေနိုင် ကြောင်းနဲ့ ဒါဟာ WHO ရဲ့ လုပ်ကိုင်နိုင်စွမ်းကို အားနည်းစေပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကမ္ဘာတလွှားကြီးမားတဲ့ ကျန်းမာရေး ပြဿနာကြီး ဖြစ်နေချိန်မှာ WHO ရဲ့ ရန်ပုံငွေကို ဖြတ်တောက်တာဟာ ရလဒ်ကောင်းထွက်မလာနိုင်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ဝေဖန်လိုက်ပြီး ဒီအချိန်ဟာ နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ စည်းစည်းလုံးလုံး လက်တွဲ ဆောင်ရွက်ရမယ့် အချိန်ဖြစ်ကြောင်း ပြောပါတယ်။
ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီးကလည်း အခုလို WHO ကို အပြစ်တင်နေလို့ ပြဿနာက ပြေလည်မသွားစေနိုင်ဘူးလို့ ပြောပါတယ်။
ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူက ၂ သန်းကျော်သွားပါပြီ။ ဒါပေမယ့် ဒီရောဂါ ရှိမရှိ စမ်းသပ်မှုမလုပ်နိုင်တဲ့ ဒေသ အများအပြား ရှိနေတာကြောင့် အကူးစက်ခံရသူ အရေတွက် ပိုများလာဖို့ ရှိပါတယ်။
Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းအရ ကမ္ဘာတလွှား ဒီရောဂါကြောင့် သေဆုံးရသူက (၁၂၈,၈၀၀) တသိန်း ၃ သောင်းနီးပါး ရှိနေပါပြီ။