သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား COVID -19 အတည်ပြုလူနာ ၄ သန်းခွဲကျော်ပြီ


ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ စက်ရုံတခုတွင် လုပ်ငန်းခွင်ဝင်မည့်သူများအား ကျန်းမာရေး စစ်ဆေးနေသည့်မြင်ကွင်း။ (မေ ၁၅၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ စက်ရုံတခုတွင် လုပ်ငန်းခွင်ဝင်မည့်သူများအား ကျန်းမာရေး စစ်ဆေးနေသည့်မြင်ကွင်း။ (မေ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ စနေနေ့အထိဆိုရင် ကမ္ဘာတလွှား လူပေါင်း ၄ သန်း ၆ သိန်းနီးပါးကို ကူးစက်နေပြီး သေဆုံးရသူက ၃ သိန်း ၁ သောင်းကျော် ရှိနေပါပြီ။

ကူးစက်မှု အများဆုံးတွေ့ရတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ရုရှားနဲ့ ဗြိတိန်နိုင်ငံတွေ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ လူပေါင်း တသန်းခွဲနီးပါး ကူးစက်ခံနေရပြီး သေဆုံးရသူက ၈ သောင်း ၈ ထောင်ကျော်တယ်လို့ Johns Hopkins တက္ကသိုလ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ရုရှားမှာ ဒီရောဂါ ကူးစက်ခံရသူ ၂ သိန်း ၇ သောင်းကျော်နဲ့ ဗြိတိန်မှာတော့ ၂ သိန်း ၄ သောင်းကျော် ရှိနေတာပါ။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လေ့လာချက်အရဆိုရင် လူပေါင်း သန်း ၂၅၀ လောက်အထိ ဒီရောဂါ ကူးစက်ခံရနိုင်ချေ ရှိနေသလို ဒီအန္တရာယ်ကို အရေးတကြီး တုံ့ပြန်ဆောင်ရွက်မှု မလုပ်ရင် အာဖရိကဒေသက လူပေါင်း တသိန်းခွဲလောက် အသက်ဆုံးဖို့ ရှိနေကြောင်း သတိပေးပါတယ်။ ဒီဆန်းစစ်ချက်ကို သောကြာနေ့က ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ BMJ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

စပိန်နိုင်ငံက ဒီကပ်ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကို နောက်ထပ် သီတင်း ၄ ပတ် ထပ်တိုးဖို့ လွှတ်တော်ကို ပန်ကြားမယ်လို့ စပိန်ဝန်ကြီးချုပ်က စနေနေ့မှာ ပြောပါတယ်။

ဒီရောဂါဒဏ်ကြောင့် လူပေါင်း ၃ သောင်းကျော် သေဆုံးခဲ့ရတဲ့ အီတလီမှာတော့ ဇွန်လ ၃ ရက်မှာ နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပ ခရီးသွားခွင့်တွေ ပြန်ပေးတော့မှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် အမေရိကန်ကပေးမယ့် ရန်ပုံငွေတွေ ဆိုင်းငံ့ထားတာနဲ့ပတ်သက်ပြီး ပြန်လည် စဉ်းစားနေကြောင်း စနေနေ့မှာပဲ တွစ်တာမှာ ရေးပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)










XS
SM
MD
LG