သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာလ သမ္မတ Trump ရဲ့ ပထမဆုံးမဲဆွယ်ပွဲ ဒီနေ့လုပ်မယ်


အမေရိကန်သမ္မတ Donald Trump ကို ထောက်ခံသူတဦး။ (ဇွန် ၁၉၊ ၂၀၂၀)
အမေရိကန်သမ္မတ Donald Trump ကို ထောက်ခံသူတဦး။ (ဇွန် ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားကတည်းက ပထမဆုံးအကြိမ် အနေနဲ့ သမ္မတ Trump ဒီကနေ့ စနေနေ့မှာ လူထုဟောပြောပွဲ ကျင်းပမှာဖြစ်ပါတယ်။ ဟောပြောပွဲကျင်းပရာ Oklahoma ပြည်နယ် Tulsa မြို့ကို သမ္မတ Trump ထောက်ခံသူတွေ ထောင်ပေါင်းများစွာ လာစုဝေးနေကြပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ ဒီ လူထုစုဝေးပွဲ လာတက်ရောက်ကြသူတွေ နှာခေါင်းစည်း မဖြစ်မနေတပ်ကြဖို့ တောင်းဆိုမှုကိုတော့ Oklahoma ပြည်နယ် တရားရုံးချုပ်က ပယ်ချခဲ့ပြီး ဒီတောင်းဆိုမှုလုပ်တဲ့ ဒေသခံတွေမှာ ဥပဒေကြောင်းအရ ဒီလိုလျှောက်ထားခွင့် မရှိဘူးလို့ ပြောပါတယ်။

တက်ရောက်လာသူတွေထဲက နှာခေါင်းစည်းတပ်ချင်သူတွေ လက်သန့်စင်ဆေး လိုချင်သူတွေကို ပွဲစီစဉ်သူတွေက ပေးမယ်လို့ သမ္မတ Trump မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။ ပြီးတော့ လာရောက်သူအားလုံးကို ကိုယ်အပူချိန်တိုင်းမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခမ်းအနားကျင်းပရာ The Bank of Oklahoma Center မိုးလုံလေလုံ ခန်းမမှာ ထိုင်ခုံပေါင်း ၁၉,၀၀၀ ရှိပြီး လက်မှတ်လိုချင်တဲ့သူက ၁ သန်းကျော်တယ်လို့ Trump မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။

Tulsa မြို့တော်ဝန် G.T. Bynam ကလည်း လူ ၁ သိန်းနဲ့အထက် လာရောက်ဖို့ မှန်းထားကြောင်း ပြောပါတယ်။

ဒီလူထုစုဝေးပွဲ ကျင်းပတဲ့ Tulsa မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ဒီရက်ပိုင်းအတွင်း မြင့်တက်လာတာမို့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအစဉ် အသေးစိတ်ကို ပွဲစီစဉ်သူတွေအနေနဲ့ ခန်းမတာဝန်ရှိသူတွေဆီ တင်ပြထားရပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)

COVID-19 ကာလ သမ်မတ Trump ရဲ့ ပထမဆုံးမဲဆှယျပှဲ ဒီနေ့လုပျမယျ







XS
SM
MD
LG