သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်အရေးပေါ်အခြေအနေ ကြေညာ


လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့တော်မှာ အင်္ဂါနေ့ ညက ပေါက်ကွဲမှုကြီးကို စတင် စုံစမ်းစစ်ဆေးနေတဲ့ အခြေအနေတွေကို စုစည်း တင်ပြပေးပါမယ်။ ကျမ သိင်္ဂ ီထိုက်ပါ။ အင်္ဂါညက ပေါက်ကွဲမှုကြီးကြောင့် ဘေရွတ်မြို့တော် ဆိပ်ကမ်းနဲ့ အနီးဝန်းကျင် မိုင်ချီဝေးတဲ့ နေရာတွေက အဆောက်အအုံတွေပါ ပျက်စီးခဲ့ရတာပါ။ အခုတော့ ဆိပ်ကမ်းက ပေါက်ကွဲမှု အပျက်အစီးတွေကြားမှာ စုံစမ်းစစ်ဆေးရေးမှူးတွေ သဲလွန်စတွေကို စတင် ရှာဖွေနေပါပြီ။ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တဲ့ အမိုနီယမ် နိုက်ထရိတ် တန်ချိန် ၂,၇၅၀ ကို ဆိပ်ကမ်းမှာ ၆ နှစ်ကြာ သိုလှောင်ထားတဲ့ ကိစ္စကို အဓိကထား စစ်ဆေးနေကြတာပါ။

XS
SM
MD
LG