သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေး စိုးရိမ်စရာ မရှိ


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - စက်တင်ဘာ ၀၂၊ ၂၀၂၀)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - စက်တင်ဘာ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ကိုဗစ်ရောဂါ ကူးစက်သူတဦး စစ်ဆေးတွေ့ရှိထားပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်ကြောင်း အစိုးရပြောခွင့်ရသူက ဒီကနေ့ပဲ အတည်ပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထာက်စုစုက တင်ဆက်ပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ထမ်းတဦး ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ အထူးကောင်းမွန်နေပြီး၊ လုပ်ငန်းတာဝန်တွေကိုလည်း ပုံမှန်ထမ်းဆောင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Facebook လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဧည့်သည်အဝင်အထွက်တွေကို အထူးတင်းကြပ်ထားပြီး အတည်ပြုလူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူ အားလုံးကို ဆေးစစ်ရာမှာလည်း ရောဂါပိုးကင်းရှင်းတာ တွေ့ရကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ တလအတွင်း ကိုဗစ်ရောဂါကြောင့် နောက်ထပ်သေဆုံးသူ ၂၆ ယောက်နဲ့ ကူးစက်သူ ၃,၀၀၀ လောက် တိုးလာရာမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်က ဌာနဆိုင်ရာ ဝန်ထမ်းတွေကြားမှာပါ ကူးစက်မှုတွေ ကြုံနေရတာပါ။

နေပြည်တော်မှာ ကူးစက်ခံရသူ ၄၀ ကျော်အနက် ထက်ဝက်ကျော်ဟာ ဝန်ထမ်းတွေ ဖြစ်နေတဲ့အတွက် ဝန်ထမ်းဦးရေ လျှော့ချပြီး လုပ်ငန်းတွေကို လည်ပတ်ဖို့နဲ့ ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားဖို့ စီစဉ်နေတယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Aung San Suu Kyi - မေ ၁၄၊ ၂၀၂၀)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Aung San Suu Kyi - မေ ၁၄၊ ၂၀၂၀)

“နေပြည်တော်မှာ အခုပိုးတွေ့လူနာက ၄၀ ကျော်ရှိသွားပြီ။ တဝက်ကျော်ကတော့ နိုင်ငံ့ဝန်ထမ်းတွေဖြစ်ပါတယ်။ ဝန်ထမ်းတွေဖြစ်တဲ့အတွက် ကူးစက်မှုကိုလျှော့ချဖို့ ရုံးတွေကို တဝက်တက် တဝက်နား၊ နှစ်ပတ်နားဖို့စနစ်နဲ့ ဆောင်ရွက်နေပါတယ်။ နောက်ပြီးတော့ ဒီဌာနဆိုင်ရာအကြီးအကဲတွေ၊ ညွှန်မှူးနဲ့ အထက်တွေကိုလည်း Swab ယူစစ်ဆေးသွားဖို့ အခုစတင်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဝန်ထမ်းတွေကိုလည်း မိမိတာဝန်ကျရာနေရာ မိမိနေအိမ်ထဲကနေ သိပ်အပြင်မထွက်ဖို့ အကြောင်းမရှိဘဲ အပြင်မသွားဖို့ လုပ်ငန်းများကို ကျနော်တို့ဆောင်ရွက်နေပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ အစောပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၂ ယောက်နဲ့ ရောဂါကူးစက်သူ ၃,၀၀၀ ကျော် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG