သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် ရွှေလီမြို့ ဓါတ်ခွဲနမူနာ ၆ သောင်းယူ ရောဂါပိုးစစ်ဆေး


တရုတ် မြန်မာနယ်စပ် ရွှေလီမြို့မှာ COVID 19 ရှိ၊ မရှိ စစ်ဆေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၅၊ ၂၀၂၀)
တရုတ် မြန်မာနယ်စပ် ရွှေလီမြို့မှာ COVID 19 ရှိ၊ မရှိ စစ်ဆေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံနဲ့ နယ်စပ်တဘက်ခြမ်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရွှေလီမြို့မှာ အင်္ဂါနေ့က မြို့ပြဒေသတဝိုက်နေထိုင်သူတွေကို COVID-19 ရောဂါ စစ်ဆေးခဲ့ပြီး ရောဂါပိုးကူးစက်သူ တယောက်မှ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ ၂ ရက်က မြန်မာနိုင်ငံကနေ ရွှေလီမြို့ထဲကို တရားမဝင် ဝင်လာသူနှစ်ဦးမှာ ဒီရောဂါပိုးရှိနေတာ တွေ့ခဲ့ရပြီးတဲ့နောက် ဒေသခံတွေကို အခုလို စမ်းသပ် စစ်ဆေးခဲ့တာပါ။

အင်္ဂါနေ့မနက်ပိုင်းကစပြီး တမြို့လုံးအတိုင်းအတာနဲ့ ဓာတ်ခွဲနမူနာ ၆၀,၀၀၀ ကျော်ရယူ စစ်ဆေးခဲ့ပြီး အခုထိတော့ မြန်မာနိုင်ငံက ဝင်ရောက်လာသူ အတည်ပြုလူနာ ၂ ယောက်ကလွဲလို့ ဒေသတွင်း ရောဂါပိုးကူးစက်သူ မရှိဘူးလို့ COVID-19 တုံ့ပြန်ကိုင်တွယ်ဆောင်ရွက်ရေး အဖွဲ့ ညွှန်ကြားရေးမှူး Gong Yunzun က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သီးခြားခွဲစောင့်ကြည့်ထားသူ ၂၀၁ ဦးထဲက ၁၉၀ ကို စစ်ဆေးတာမှာလည်း ရောဂါပိုးမတွေ့ဘူးလို့ သူကပြောပါတယ်။ မြို့တွင်း အသွားအလာ ကန့်သတ်တားမြစ်ချက်တွေလည်း ချမှတ်ထားပြီး အင်္ဂါနေ့မနက်ပိုင်းက စလို့ မြို့ခံတွေကို နေအိမ်တွေမှာပဲနေကြဖို့ stay-at-home အမိန့်ချမှတ်ထားပါတယ်။ အထူးခွင့်ပြုချက်မပါဘဲ ဘယ်သူမှ မြို့တွင်း ဝင်ရောက်ခွင့်မပေးသလို မြို့ထဲကနေ မထွက်ခွာဖို့ကိုပါ ညွှန်ကြားချက်တွေ တင်းတင်းကြပ်ကြပ် ထုတ်ပြန်ထားပါတယ်။

တရုတ် မြန်မာနယ်စပ် ရွှေလီမြို့မှာ COVID 19 ရှိ၊ မရှိ စစ်ဆေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၅၊ ၂၀၂၀)
တရုတ် မြန်မာနယ်စပ် ရွှေလီမြို့မှာ COVID 19 ရှိ၊ မရှိ စစ်ဆေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၅၊ ၂၀၂၀)

ရောဂါပိုးရှိနေတဲ့ မြန်မာနှစ်ယောက်ကိုတော့ ဆေးရုံမှာ သီးခြား ခွဲ စောင့်ကြည့် ကုသပေးနေပြီး ဒီလူနှစ်ယောက်အနေနဲ့ နောက်ပိုင်းကျရင်တော့ တရားမဝင် ဝင်ရောက်မှုနဲ့ စစ်ဆေး မေးမြန်းခံရမှာ ဖြစ်တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တွင်းလူစုလူဝေးမပြုလုပ်ဖို့ တားမြစ်ထားပြီး ဆေးဆိုင်တွေ၊ စားသောက်ကုန်ဆိုင်တွေနဲ့ လယ်ထွက်ပစ္စည်း အရောင်းဆိုင်တွေကလွဲလို့ စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း အာဏာပိုင်တွေက ယာယီပိတ်ခိုင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG