သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းကျော် အင်ဒိုနီးရှားကိုရောက်


SinoVac ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး။ (စက်တင်ဘာ ၂၄၊ ၂၀၂၀)
SinoVac ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး။ (စက်တင်ဘာ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

အင်ဒိုနီရှားနိုင်ငံကို တရုတ်လုပ် COVID-19 ကာကွယ်ဆေး ၁.၂ သန်း တနင်္ဂနွေညနေပိုင်းမှာ ရောက်ရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ကြေညာပါတယ်။ အဲဒီကာကွယ်ဆေးကို ဘေဂျင်းမြို့အခြေစိုက် Sinovac Biotech ဇီဝဆေးဝါးဖော်စပ်ရေး ကုမ္ပဏီက ထုတ်လုပ်တာပါ။

ကိုဗစ်ကာကွယ်ဆေး နောက်ထပ် ၁.၈ သန်းဟာလည်း လာမယ့် ဇန္နဝါရီလထဲမှာ ထပ်ရောက်လာမယ်လို့ မျှော်လင့်ကြောင်း ရုပ်သံမိန့်ခွန်းမှာ အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြောကြားပါတယ်။

“ပြည်သူတွေအားလုံး ကာကွယ်ဆေးကို တပြိုင်နက်တည်း ထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတွေကို ကာကွယ်ဆေးထိုးပေးဖို့ လောလောဆယ် ပြင်ဆင်နေပြီး ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ကြေညာချက်ကို လိုက်နာကြဖို့ လိုပါတယ်။” လို့ သမ္မတက ပြောပါတယ်။

နောက်ထပ် သန်းနဲ့ချီတဲ့ ကိုဗစ်ကာကွယ်ဆေး ကုန်ကြမ်းဆေးရည်ကို စောင့်ဆိုင်းနေပြီး အင်ဒိုနီးရှားအစိုးရပိုင် PT Bio Farma ကုမ္ပဏီက နောက်ဆုံး ဖြန့်ဝေနိုင်တဲ့အဆင့်ထိ ရောက်အောင် အချောပြန်ထုတ်မှာ ဖြစ်ပါတယ်။

Sinovac ကထုတ်တဲ့ ကိုဗစ်ဆေး စမ်းသပ်မှုကို အဆင့် ၃ အထိ အင်ဒိုနီးရှား ဘန်ဒေါင်းမြို့မှာ စေတနာ့ဝန်ထမ်း ပူးပေါင်းဆောင်ရွက်သူ ၁,၆၀၀ ကျော်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လကစလို့ စမ်းသပ်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)







XS
SM
MD
LG