သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Joe Biden အနိုင်ရမှု ကန့်ကွက်တဲ့ Pennsylvania ပြည်နယ် ရီပတ်ဘလီကန်တွေရဲ့ ကြိုးပမ်းချက် ကန် တရားရုံးချုပ် ပယ်ချ

(Zawgyi/Unicode)

Pennsylvania ပြည်နယ်မှာ ဒီမိုကရက် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် အနိုင်ရမှုကို ပယ်ဖျက်ဖို့ ရီပါပလင်ကန်တွေရဲ့ ကြိုးပမ်းချက်ကို အမေရိကန်တရားရုံးချုပ်က အင်္ဂါနေ့မှာ ပယ်ချလိုက်ပါတယ်။

Trump မဟာမိတ် Pennsylvania ပြည်နယ်ရဲ့ ရီပါပလင်ကန် အမတ် Mike Kelly ကနေ ပြည်နယ်စာတိုက်ကနေပေးတဲ့ မဲအားလုံးနီးပါးဟာ တရားမဝင်ကြောင်း စွပ်စွဲပြီး ရေးသားထားတဲ့ အသနားခံလျှောက်ထားချက်ကို အမေရိကန် ဗဟိုတရားရုံးချုပ်က လက်မခံ ပယ်ချခဲ့တာပါ။ ဒါဟာ၂၀၂၀ပြည့်ရွေးကောက်ပွဲ ရလာဒ်တွေကို ပြောင်းလဲဖို့ သမ္မတ Donald Trump က ကြိုးပမ်းနေတဲ့ နောက်ဆုံးကျန်နေတဲ့ လမ်းတလမ်းကို ပိတ်လိုက်တာပါ။ ဒီအမှု ပယ်ချခံလိုက်ရပေမယ့် တခြား တရားရေးအရ ရင်ဆိုင်အငြင်းပွားနေဆဲ အမှုတချို့ ရှိနေပါသေးတယ်။

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်မယ့်သူမရှိ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အရေးပေါ်အခြေအနေမှာ ကိုင်တွယ်တဲ့ အမှုတွေအတွက် ပုံမှန်အားဖြင့် ဆုံးဖြတ်ချက် ချရာမှာ သဘောထားကွဲလွဲမှုမရှိ အမိန့်ထုတ်ပြန်လေ့ရှိတာပါ။ ဒီအမှုမှာ တရားသူကြီး Alito က ဦးဆောင်ကိုင်တွယ်ခဲ့ပြီး တရားရုံးချုပ် တရားသူကြီးတွေကိုယ်စား ထုတ်ပြန်တဲ့ သူရဲ့ သဘောထားထုတ်ပြန်ချက်မှာ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်အရ အသနားခံစာကို ငြင်းပယ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒီမိုကရက် ဒုသမ္မတဟောင်း ဘိုင်ဒန် ဟာ သမ္မတအဖြစ် ရွေးချယ်ခံရဖို့ သတ်မှတ်ထားတဲ့ Electoral Vote လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု မဲအရေအတွက် ၂၇၀ ထက် ကျော်လွန်ပြီး ၃၆၆ မဲနဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့ပေမဲ့ Trump က သူရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆန်နေဆဲဖြစ်ပါတယ်။

...............


(Unicode)





This item is part of
XS
SM
MD
LG