သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်လေကြောင်းပိုင်နက်ထဲ တရုတ်တိုက်လေယာဉ် အများအပြား ဝင်ရောက်ခဲ့


လေကြောင်းစွမ်းရည် ပြသနေတဲ့ တရုတ်လေတပ် တိုက်လေယာဉ်တစီး။ (အောက်တိုဘာ ၁၇၊ ၂၀၁၉)
လေကြောင်းစွမ်းရည် ပြသနေတဲ့ တရုတ်လေတပ် တိုက်လေယာဉ်တစီး။ (အောက်တိုဘာ ၁၇၊ ၂၀၁၉)

(Zawgyi / Unicode)

ထိုင်ဝမ်ကာကွယ်ရေးဇုန်ထဲ စနေနေ့က ဝင်ရောက်လာတဲ့ တရုတ် စစ်လေယာဉ်တွေကို ဇုန်ထဲကနေ ထွက်ခွာဖို့ ထိုင်ဝမ်လေတပ်က သတိပေးခဲ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် ကြေညာထားတဲ့ တရုတ်နိုင်ငံက မကြာသေးမီ လတွေထဲ ထောက်လှမ်းရေး လေယာဉ်တစင်း ဒါမှမဟုတ် နှစ်စင်းလောက်ကို အဲဒီ ဧရိယာဇုန် နယ်မြေထဲ ပုံမှန်စေလွှတ် ပျံသန်းလေ့ရှိတာပါ။

ဒါပေမယ့် စနေနေ့ကတော့ နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ ဗုံးကြဲလေယာဉ် ၈ စင်းနဲ့ တိုက်လေယာဉ် ၄ စင်းက ထိုင်ဝမ်တောင်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ Pratas ကျွန်းအကြား ပင်လယ်ပြင်ပေါ် ဖြတ်ကျော် ပျံသန်းခဲ့တာပါ။

အဲဒီလေယာဉ်တွေကို လျှပ်တပြက်တိုက်ခိုက်ရေး လေကြောင်းချီ တပ်နဲ့အတူ ရေဒီယို သတိပေးချက်တွေအပြင် တရုတ်တို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ ချထားတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် အသုံးပြုပြီး ပြန်လည် တုံ့ပြန်ခဲ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်တို့ဘက်က နောက်ဆုံးဖြစ်ရပ်အပေါ် ဝေဖန်ပြောကြားတာ မရှိသေးပေမယ့် ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ လေ့ကျင့်မှုတွေ လုပ်ရတာလို့ ပြောထားဖူးပါတယ်။

အခုလို တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ် ကာကွယ်ရေးဇုန်ထဲ ဝင်ရောက်တာက အမေရိကန်နိုင်ငံမှာ Joe Biden သမ္မတဖြစ်လာပြီး ၃ ရက်အကြာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ် Trump လက်ထက်က ထိုင်ဝမ်ကို အမေရိကန်ရဲ့ ထောက်ခံမှုတွေ တိုးမြှင့်ပေးအပ်လာနေတဲ့အပေါ် တရုတ်တို့ဘက်က စိုးရိမ်မှုတွေ ပိုများလာနေခဲ့တာပါ။

အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ် သံအမတ်ကြီး Hsiao Bi-khim က ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သမ္မတ Joe Biden ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲ ပြီးတဲ့နောက် သမ္မတရဲ့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ Emily Horne က အမေရိကန်က ထိုင်ဝမ်ကိုပေးတဲ့ ထောက်ခံမှုက ကျောက်စိုင်ကျောက်သားလို ခိုင်မြဲတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG