သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့ ဆက်တိုက်ပြုလုပ်နေ


ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝါရှင်တန်ဒီစီရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ချင်း နဲ့ ကရင်တိုင်းရင်းသားတွေအများစုအပါအဝင် ဝါရှင်တန်ဒီစီဲဧရိယာတဝှိက်က လာရောက်ဆန္ဒပြကြတာဖြစ်ပါတယ်။ မအင်ကြင်းနိုင်နဲ့ ကိုခင်မောင်စိုးမင်းတို့က သွားရေက်ရိုက်ကူးတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူတွေလမ်းမတွေပေါ်ထွက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝါရှင်တန်ဒီစီ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာနွယ်ဖွားတွေ၊ ချင်းနဲ့ကရင် စတဲ့ တိုင်းရင်းသားတွေ ပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်။
ဒါအပြင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့၊ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရ NLD အစိုးရကို အာဏာပြန်လွှဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မအင်ကြင်းနိုင်နဲ့ ကိုခင်မောင်စိုးမင်းတို့က သွားရောက် ရိုက်ကူးတင်ဆက်ထားပါတယ်။
--------------------------------------------------

XS
SM
MD
LG