သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားထိန်းသိမ်းရေးစခန်းက မြန်မာ ၁,၀၀၀ ကျော် နေရပ်ပြန်ခေါ်


မြန်မာနိုင်ငံကလာတဲ့ သင်္ဘောတွေနဲ့ နေရပ်ပြန်ကြတဲ့ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁)
မြန်မာနိုင်ငံကလာတဲ့ သင်္ဘောတွေနဲ့ နေရပ်ပြန်ကြတဲ့ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

မလေးရှားထိန်းသိမ်းရေးစခန်း ၁၃ ခုက လွတ်ရက်စေ့အကျဉ်းသား ၁,၁၀၀ ခန့် ပြည်တော်ပြန်တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံကလာတဲ့ သင်္ဘောတွေနဲ့ နေရပ်ပြန်ကြတဲ့ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁)
မြန်မာနိုင်ငံကလာတဲ့ သင်္ဘောတွေနဲ့ နေရပ်ပြန်ကြတဲ့ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁)

မလေးရှားထိန်းသိမ်းရေးစခန်း ၁၃ ခုက လွတ်ရက်စေ့အကျဉ်းသား ၁၁၀၀ ခန့်ဟာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီနဲ့ မလေးရှားအစိုးရ အစီအစဉ်အရ သင်္ဘော ၃ စီးနဲ့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒီလူတွေဟာ ထိန်းသိမ်းရေးစခန်းတွေမှာ တနှစ်နီးပါးကြာစောင့်နေရတဲ့ လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ကြောင်း မလေးရှားအခြေစိုက်မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့မှာ မလေးရှား နိုင်ငံကနေ ပြန်တဲ့ လူဦးရေ စာရင်းအားလုံးက ၁,၁၀၀ နီးပါးပြန်သွားတယ်။ သူတို့ ပြန်ဖို့က သတ်မှတ်ချက်က ၁,၂၀၀ လောက်ရှိပေမဲ့ ကိုဗစ် ၁၉ ကျန်းမာရေး အခြေအနေကြောင့် လူဦးရေလျော့သွားပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံက လာတဲ့ မုတ္တမ သင်္ဘောရယ်၊ ဆင်ဖြူရှင်သင်္ဘောရယ်၊ သံလျင်သင်္ဘောရယ်နဲ့ မလေးရှားစံတော်ချိန် ညနေ ၅ နာရီခန့်မှာ ရေကြောင်းခရီးစဉ်နဲ့ ထွက်ခွါမှာဖြစ်ပါတယ်။"

မလေးရှား ထိန်းသိမ်းရေးစခန်းထဲမှာ မြန်မာနိုင်ငံသား အကျဉ်းသား ၄,၀၀၀ ထက်မနည်း ရှိနေပြီး သူတို့ဟာ လွတ်ရက်စေ့နေတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ထဲက တချို့ဟာကျန်းမာရေးဆိုးဝါးနေတာကြောင့် အမြန်ဆုံးပြန်ဖို့ လိုအပ်နေတယ်လို့လည်း ဦးစန်းဝင်းကပြောပြပါတယ်။

"တချို့က ကျန်းမာရေး မကောင်းတဲ့သူ အများကြီးရှိနေတယ်။ အခုမှ သင်္ဘောနဲ့ ဆိုတော့ မြန်မြန်ထက်ထက်ပြန်လို့ရပါတယ်။"

မလေးရှားနိုင်ငံရဲ့ ထိန်းသိမ်းရေးစခန်း ၁၃ ခုက မြန်မာအကျဉ်းသားတွေအပါအဝင် ကိုဗစ်ကပ်ဘေးကာလ ပိတ်မိနေသူတွေကို NLD အစိုးရက တပတ် ၃ ကြိမ် လေယာဉ်ခရီးစဉ်နဲ့ ပြန်ပို့နေတာကို ဖေဖေါ်ဝါရီလကနေ စတင်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းလိုက်တဲ့ဖြစ်စဉ်ကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ပထမဦးဆုံးနေ့မှာ လေယာဉ်ခရီးစဉ်ဖျက်လိုက်ရပြီး နောက်ရက်တွေမှာတော့ ပုံမှန်ပို့ဆောင်ပေးနေတာပါ။

မလေးရှားမှာမြန်မာနိုင်ငံသား ၅၅၀,၀၀၀ ခန့် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ကိုဗစ်ကပ်ဘေးကာလမှာ အဖမ်းဆီးခံရတာတွေ ရှိသလို နေရပ်ပြန်ဖို့အရေး မြန်မာသံရုံးကို စာရင်းပေးသွင်းထားသူ တရားမဝင်မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်လည်းရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



မြန်မာနိုင်ငံကလာတဲ့ သင်္ဘောတွေနဲ့ နေရပ်ပြန်ကြတဲ့ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁)
မြန်မာနိုင်ငံကလာတဲ့ သင်္ဘောတွေနဲ့ နေရပ်ပြန်ကြတဲ့ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁)







XS
SM
MD
LG