သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှု စိုးရိမ်ဖွယ်တိုးလာ


ရန်ကုန်မြို့ ဧရာဝတီ ကိုဗစ်စင်တာမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)
ရန်ကုန်မြို့ ဧရာဝတီ ကိုဗစ်စင်တာမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း COVID-19 ရောဂါ ကူးစက်သူ အရေအတွက် သိသိသာသာ ထပ်တိုးလာနေတဲ့အတွက် ပြည်သူတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေအကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

ကျန်းမာရေးဌာနက မေလ ၂၉ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ မေလ ၂၈ ရက်နဲ့ ၂၉ ရက်အတွင်း ဓာတ်ခွဲနမူနာပေါင်း ၁,၀၃၄ ခုကို စမ်းသပ်ခဲ့တာမှာ COVID-19 အတည်ပြုလူနာ ၄၀ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ် မတိုင်ခင်အထိ ကိုဗစ်ကူးစက်မှုနှုန်း ခန့်မှန်းခြေအားဖြင့် ၃ ရာခိုင်နှုန်းလောက် ရှိနေခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ၂ ဆတိုးပြီး ၆ ရာခိုင်နှုန်းအထိ ရှိလာနေတာပါ။ လက်ရှိ ကူးစက်နေတဲ့ COVID-19 အမျိုးအစားဟာ အိန္ဒိယကလာတဲ့ ကူးစက်မြန် ရောဂါပိုးတမျိုး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောထားပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံခရိုင်အတွင်းက ကျီခါးမြို့မှာဆိုရင်လည်း COVID-19 ကူးစက်ခံထားရသူတွေ အသက်ဆက်ရှင်နိုင်ရေးအတွက် အောက်ဆီဂျင် လုံလောက်မှုမရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ဖြစ်ရပ်က မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ကျန်းမာရေးစနစ် ယိုယွင်း ပျက်စီးလာနေတာကို မီးမောင်းထိုးပြရာရောက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကျီခါးဆေးရုံမှာရောက်နေတဲ့ COVID-19 လူနာတွေကို နေ့ရောညပါ ကုသပေးဖို့အတွက် နာ့စ်မတဦး၊ ဓာတ်ခွဲခန်းဝန်ထမ်းတဦးနဲ့ ဆေးအရောင်းဝန်ထမ်း တဦးတို့သာ ရှိတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ လူနာတွေကို ကုသဖို့အတွက် ပါရာစီတမော အကိုက်အခဲပျောက်ဆေးတမျိုးသာ ရှိတာကြောင့် များသောအားဖြင့် လူနာတွေကို အားပေးစကားပြောတာလောက်သာ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်း ကူးစက်မှုတွေ အဖြစ်များလာနေတဲ့ အိန္ဒိယနယ်စပ် ချင်းပြည်နယ်က တွန်းဇံနဲ့ စစ်ကိုင်းတိုင်းက တမူးမြို့တွေမှာ Stay at Home အိမ်ထဲမှာနေကြဖို့ အသွားအလာ ကန့်သတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG