(Zawgyi/Unicode)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တမြို့လုံးကိုသာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ ဓာတ်ခွဲစစ်ဆေးလိုက်မယ်ဆိုရင် မြို့လူဦးရေရဲ့ ၈၀% လောက်ထိများ ပိုးကူးစက်နေမလား မသိဘူးလို့ ကလေးမြို့မှာ အကူအညီပေးနေတဲ့ ပရဟိတလုပ်သားတဦးက ဗွီအိုအေကို ပြောပါတယ်။
ကလေးမြို့ရဲ့လက်ရှိအခြေအနေဟာ ကိုဗစ်ကူးစက်မှု ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ရမယ့်အခြေအနေကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ကုသရေးပိုင်းကို အားစိုက်ရမှာဖြစ်ပြီးတော့ အဓိကကျတဲ့ အောက်ဆီဂျင် အလုံအလောက်ရဖို့က အရေးကြီးဆုံးဖြစ်တယ်လို့လည်း ကလေးမြို့အခြေစိုက် မေတ္တာထွဋ်ခေါင်အသင်းက အတွင်းရေးမှူး ကိုရာဇာအောင်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
.........................
ကိုဗဈကူးစကျမှုမွင့ျပွီး အောကျဆီဂငြျပွတျနတေဲ့ ကလေးမွို့
(Unicode)