သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများပြည်သူရုံးပိတ်ရက် ၉ ရက်တာ ပထမနေ့ ဒေသတချို့ ဆန္ဒပြပွဲများ ဆက်ရှိ


မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲ။ (ဇူလိုင် ၁၇၊ ၂၀၂၁။ ဓာတ်ပုံ - မုံရွာသပိတ်ကော်မတီ)
မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲ။ (ဇူလိုင် ၁၇၊ ၂၀၂၁။ ဓာတ်ပုံ - မုံရွာသပိတ်ကော်မတီ)

(Zawgyi / Unicode)

ဒီကနေ့ဟာ စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်အဖြစ် မလိုအပ်ရင် အပြင်မထွက်ဖို့ ကြေညာထားတဲ့ ၉ ရက်တာကာလ ပထမနေ့ ဖြစ်ပေမယ့်လည်း ဒေသတချို့မှာတော့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။

မုံရွာမြို့မှာ ပင်မသပိတ်စစ်ကြောင်းနဲ့ မြို့လယ်လမ်းမကြီးတခုပေါ်ထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့မှာ အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း၊ အောင်ပင်လယ် ပင်မသပိတ်စစ်ကြောင်းတွေ ထွက်ခဲ့သလို ညောင်ဦးမြို့၊ မဏိစည်သူဈေးထဲမှာ လူငယ်တစု ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ကလေးမြို့၊ ရွှေဘိုမြို့၊ ဆားလင်းကြီးမြို့တွေမှာ ဆန္ဒပြပွဲတွေ ရှိခဲ့တဲ့အပြင် ဒီပဲယင်းမှာ အမျိုးသမီးတွေဦးဆောင်ပြီး သပိတ်စစ်ကြောင်း ထွက်ခဲ့ပါတယ်။

တနင်္သာရီတိုင်းထဲက လောင်းလုံးမြို့နယ်၊ နတ်စင်ရှောင်ရွာမှာ လူငယ်တချို့က အရုဏ်ဦးသပိတ် ထွက်ခဲ့ကြပြီး ရေဖြူမြို့နယ်၊ ကန်ပေါက်ကျေးရွာမှာလည်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ဇူလိုင်လ ၁၆ ရက်နေ့အထိဆိုရင် ၉၁၂ ယောက် ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူပေါင်းက ၅,၂၇၇ ယောက်ရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ဒီအရေအတွက်ဟာ ချဲ့ကားထားတာဖြစ်ပြီး သေဆုံးသူ အဲဒီလောက်မရှိဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------

(Unicode)

အမြားပွညျသူရုံးပိတျရကျ ၉ ရကျတာ ပထမနေ့ ဒသေတခြို့ ဆန်ဒပွပှဲမြား ဆကျရှိ








XS
SM
MD
LG