(Zawgyi/Unicode)
..........................
..........................
(Unicode)
မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးနိုင်ဖို့ စီစဉ်လုပ်ဆောင်ခဲ့တာမှာ မြန်မာနိုင်ငံသားတွေသာမက မြန်မာနိုင်ငံမှာ လက်ရှိရှိနေတဲ့ နိုင်ငံခြားသားတွေထဲ မှာပါ ဆေးထိုးချင်သူတွေရှိနေတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံ တရုတ်ကုန်သည် များအသင်းချုပ် (MCCOC) ရဲ့ ကိုယ်ထူကိုယ်ထ COVID-19 ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းကော်မတီ၊ ပြန်ကြားရေးတာဝန်ခံ ဦးသန်းထွဋ်အောင်က ဗွီအိုအေကို ပြောပါ တယ်။
COVID-19 ရောဂါကို ကာကွယ်နိုင်ဖို့ ဘယ်လိုကာကွယ်ဆေးကိုပဲဖြစ်ဖြစ် ထိုးကြပါလို့လည်း ဦးသန်းထွဋ်အောင်က တိုက်တွန်းပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။