သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိက္ခုနီသာသနာ ပြန်လည် ထွန်းကားရေး ကြိုးပမ်းသူများ (အပိုင်း-၂)


ဗုဒ္ဓဘုရားရှင်ရဲ့ မျှော်မှန်းချက်၊ လမ်းစဉ်တွေကို လက်ကိုင်ထားပြီး ဘိက္ခုနီသာသနာ ထွန်းကားရေး ကြိုးပမ်းတာမှာ အဟန့်အတား စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲပဲလို့ အမျိုးသမီးရဟန်း ဘိက္ခုနီတွေက မိန့်ပါတယ်။ ဘိက္ခုနီသာသနာ ထွန်းကားရေး ဆောင်ရွက်နေသူတွေ အကြောင်း ဒုတိယပိုင်းကို အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။

[Zawgyi/Unicode]
ဘိက္ခုနီသာသနာ ပြန်လည် ထွန်းကားရေး ကြိုးပမ်းသူများ (အပိုင်း-၂)

ဗုဒ္ဓဘုရားရှင်ရဲ့ မျှော်မှန်းချက်၊ လမ်းစဉ်တွေကို လက်ကိုင်ထားပြီး ဘိက္ခုနီသာသနာ ထွန်းကားရေး ကြိုးပမ်းတာမှာ အဟန့်အတား စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲပဲလို့ အမျိုးသမီးရဟန်း ဘိက္ခုနီတွေက မိန့်ကြား ကြပါတယ်။ ဘိက္ခုနီသာသနာ ထွန်းကားရေး ဆောင်ရွက်နေသူတွေ အကြောင်း အပိုင်းခွဲ တင်ပြပေးနေတာမှာ ပြီးခဲ့တဲ့သီတင်းပတ်က ပထမပိုင်း တင်ဆက်ပေးခဲ့ပါတယ်။ ဒီတပတ် ဒုတိယပိုင်း မှာတော့ အမျိုးသမီးရဟန်း ဘိက္ခုနီတွေ ရင်ဆိုင်ရတဲ့ အဓိက စိန်ခေါ်မှုတွေ၊ စိန်ခေါ်မှုတွေ ကြား ကပဲ ဘိက္ခုနီသာသနာ ပြန်လည် ထွန်းကားရေး ဘယ်လို ကြိုးပမ်း ဆောင်ရွက်နေကြသလဲ ဆိုတာ အပြင် ဘိက္ခုနီ သာသနာနဲ့ ပတ်သက်လို့ ဘိက္ခုရဟန်းတချို့ရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေ၊ သာမန်လူဝတ်တွေ ကရော ဘိက္ခုနီတွေကို ဘယ်လို သဘာထားကြသလဲ ဆိုတာတွေကို ဒီတပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ နိုင်ငံတွေမှာ အမျိုးသားတွေ ရဟန်းခံဖို့ လွယ်ပေမဲ့၊ အမျိုးသမီး တယောက် ရဟန်းခံဖို့ ကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်အထိ မဖြစ်နိုင်ခဲ့တဲ့အရာ တခုပါ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ဘိက္ခုနီ သာသနာကို တရားဝင် အသိအမှတ်ပြု လက်မခံသေးတဲ့ ထိုင်းလို နိုင်ငံမျိုးမှာတောင် ဘိက္ခုနီရဟန်း ၃၀၀ နီးပါး ရှိလာနေပါပြီ။ ဘိက္ခုနီ သာသနာနဲ့ ပတ်သက်လို့ ထိုင်းသံဃာတွေ ကြားမှာ ဘယ်လို နားလည် လက်ခံထားကြပါလဲ။

ထိုင်းနိုင်ငံ သာသနာ့ဥသေ ျှာင် အဖွဲ့ဝင် သံဃာ သမ္မကိတ္တိမေတီ က ခုလို မိန့်ပါတယ်။

“ဘိက္ခုနီ ရဟန်းခံဖို့ ဘိက္ခုနီ အသိုင်းအဝိုင်းက လက်ခံမှ ရပါတယ်။ ရှေ့ဆောင် ညွှန်ကြား ပြသပေးနိုင်တဲ့ ဘိက္ခနီဆရာတော် ရှိရပါမယ်။ အဲ့ဒီလို မရှိဘဲ ဘိက္ခုနီ ရဟန်းခံလို့ မရပါဘူး။ ပြဿနာ ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတချို့က ပြည်ပကိုသွားပြီး ရဟန်းခံလာတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဘယ်မှာ ခံကြတာလဲ။ သူတို့ရဟန်းခံတယ် ဆိုတာက လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် လုပ်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ ဘိက္ခုနီ ရဟန်းဝတ်တယ် ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။”

ဘိက္ခုနီရဟန်း ဓမ္မံနန္ဒ ကတော့ ထိုင်းသံဃာတွေကြားမှာ ဘိက္ခုနီ သာသနာနဲ့ ပတ်သက်လို့ လွဲမှား ကောက်ယူတာတွေ ရှိနေတယ်လို့ ထောက်ပြပါတယ်။

“ဟိုးအရင် အစ ဘိက္ခုနီဆိုတာ မရှိသေးခင်မှာ အမျိုးသား ရဟန်းတွေကပဲ အမျိုးသမီးတွေကို သိမ်ဝင် ပုဉ္ဇင်းတက်ပေးဖို့ ဗုဒ္ဓက ညွှန်ကြားခဲ့ပါတယ်။ အဲ့ဒီအစဉ်အလာ ဟာ နောက်ပိုင်းမှာလည်း မပြောင်းခဲ့ပါဘူး။ ဒါပေမဲ့ ထိုင်းသံဃာတွေ ကတော့ အမျိုးသမီးတွေ ဘိက္ခုနီ ရဟန်းဝတ်မယ်ဆိုရင် ဘိက္ခုနီ အသိုင်းအဝိုင်းက အရင် လက်ခံ၊ ပြီးမှ ဘိက္ခုရဟန်းတွေက သိမ်ဝင် ရဟန်းခံပေးရတယ်လို့ လက်ခံထားကြပါတယ်။ ဒါက မှားယွင်း ယုံကြည်နေတာပါ။”

ဝါစဉ်အလိုက် ဝါကြီးသူကို နေရာပေးရတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အစဉ်အလာအရ၊ အထူးသဖြင့် ဘာသာရေး အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ လက်ခံ ဆက်ဆံဖို့က အငြင်းပွားစရာ အဖြစ် ရှိနေတုန်းပဲလို့ ဗုဒ္ဓဘာသာကို အထူးပြု လေ့လာနေတဲ့ ပညာရှင်တချို့က ပြောပါတယ်။ အမျိုးသားသံဃာ အများစုက ဘိက္ခုနီတွေကို လက်မခံလိုတာ တွေ့ရတယ်လို့ ဟားဗက် တက္ကသိုလ် ဘာသာရေးလေ့လာမှု ဌာနက ဗုဒ္ဓဘာသာ အထူးပြု ပါမောက္ခ Janet Gyatso က ပြောပါတယ်။

“ဗုဒ္ဓဘာသာဝင်တွေ ထဲမှာ သံဃာ အများစုက ရှေးရိုးဆန်တဲ့ သဘောမျိုး တွေ့ရပါတယ်။ သံဃာ အားလုံးလို့ ပြောတာတော့ မဟုတ်ပါဘူး။ ဒါကို အခိုင်အမာ နားလည် လက်ခံတဲ့ အင်မတန်တော်တဲ့ သံဃာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ်တိုင်လည်း ဒါကို စပြီး ပြောတာ လုပ်တာ မတွေ့ရပါဘူး။ ဘိက္ခုနီ ရဟန်း မျိုးဆက်သစ် ပေါ်လာမှာကို အလေးမထားချင် ကြပါဘူး။”

ဘိက္ခုနီ သာသနာ ပြန်လည် ထွန်းကားလာဖို့အတွက် အမျိုးသမီးတွေကို ဘိက္ခုနီ သာသနာပြုခွင့် အခွင့်အလမ်းတွေ ပြန်လည် တည်ဆောက်ပေးတာမျိုး သံဃာအများစုက စိတ်မဝင်စားကြဘူး လို့ ပါမောက္ခ Gyatso က သုံးသပ် ဝေဖန်ပါတယ်။ ဒကာ ဒကာမတွေရဲ့ စိတ်မှာလည်း အမျိုးသားရဟန်း ဘိက္ခုတွေက အမျိုးသမီး ဘိက္ခုနီတွေ ထက် ပိုပြီး တော်သူတတ်သူ၊ ကြံ့ခိုင်သူတွေ ဖြစ်တယ်လို့ ယူဆလက်ခံ လေ့ရှိတာ တွေ့ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

လော့အိန်ဂျဲလိစ်မြို့ က ဓမ္မဝိဟာရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို တည်ထောင်ခဲ့သူ၊ ကျောင်းထိုင် ဆရာတော် ဝေပုလ္လ ပိယနန္ဒ ကလည်း ခုလို မိန့်ပါတယ်။

“ဒီ အမေရိကားမှာ ဆရာတော်တို့ သီတင်းသုံးတဲ့အခါ ဒီမှာရှိတဲ့ အာရှနွယ်ဖွားတွေ၊ အထူးသဖြင့် ထိုင်းနဲ့ သီရိလင်္ကာ လို ထေရဝါဒ နိုင်ငံတွေက ဒကာ ဒကာမတွေက ကောင်းကောင်း ဂရုစိုက်ကြပါတယ်။ ဆွမ်း၊ သင်္ခမ်း နဲ့ တခြား လိုအပ်တာတွေ ဖြည့်ဆည်းပေးကြပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာ က ဘိက္ခုနီတွေကိုတော့ ဒီလို တပြေးညီ မလုပ်ပေးကြပါဘူး။”

“ဆရာတော်တို့ လူမှုအသိုင်းအဝိုင်းဟာ ဘိက္ခုနီတွေကို အလေးထား ကူညီထောက်ပံ့တာ သိပ် မရှိပါဘူး။ ဒါက အင်မတန် စိတ်မကောင်းစရာ ဖြစ်ပါတယ်။ သူတို့ကို ကူညီ ပံ့ပိုးတာတွေ စလုပ်ပေးဖို့ လိုပါတယ်။ တကယ်တော့ ဘိက္ခုနီတွေဟာ ဒီကနေ့ ခေတ် ကမ္ဘာကြီးအတွက် အလွန် အရေးပါ ပါတယ်။”

ဆရာတော် ပိယနန္ဒ ဟာ သူ့ရဲ့ ကျောင်းမှာ ဘိက္ခုနီ အပါး ၄၀ လောက် သိမ်ဝင် ရဟန်းပြုပေးခဲ့သူပါ။ ဒီဘိက္ခုနီ အားလုံးဟာ ဘိက္ခု ရဟန်းတွေလို မဟုတ်ဘဲ သူတို့ဖာသာ ရပ်တည် ကြရပြီး တချို့ ဘိက္ခုနီတွေ ဆိုရင် ကျောင်းသင်္ခမ်း မရှိလို့ တောစပ် အနီး နေရာတွေမှာ သီတင်းသုံးရသူတွေလည်း ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“သူတို့အတွက် မလွယ်ကူပါဘူး။ လူသူ အလှမ်းဝေးတဲ့ တောစပ်နေရာတွေမှာ ရေ မီး ပြည့်ပြည့်စုံစုံ မရှိဘဲ သီတင်းသုံးကြ ရပါတယ်။ သာသနာကို မြတ်နိုး လွန်းလို့၊ တရားကျင့်ကြံ အားထုတ် ချင်ကြလို့သာ သူတို့ ခုလို ခက်ခက်ခဲခဲ ရပ်တည်နေကြတာပါ။”

ဒီလို အခက်အခဲတွေ ရှိပေမဲ့ သူ ရဟန်းတက်ပေးခဲ့တဲ့ ဘိက္ခုနီအများစုကတော့ ဘိက္ခုနီရဟန်းဘဝနဲ့ တရား အားထုတ်နေကြဆဲ ဖြစ်ပြီး၊ သာသနာ ပြန့်ပွားရေးအတွက် နည်းလမ်း မျိုးစုံနဲ့ ပါဝင် ဆောင်ရွက်နေကြတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

“တချို့က စာရေးတယ်။ တချို့က တရားထိုင် တရားမှတ်နည်း ပြန်လည် သင်ကြားပေး ကြတယ်။ တချို့က ကိုယ်တိုင် တရားကျင့်ကြံရင်း လူမှုအသိုင်းအဝိုင်းထဲမှာ၊ ဘုရားကျောင်းကန်တွေမှာ အများအကျိုး ဆောင်ရွက်တာ၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေး အကြံပေးတာတွေ လုပ်ကြပါတယ်။ ဒီလို နည်းတွေနဲ့ သာသနာအကျိုး သယ်ပိုးနေကြပါတယ်။”

ဘိက္ခုနီတွေ အတွက် အခက်အခဲ စိန်ခေါ်မှုတွေ ရှိပေမဲ့၊ ဒါတွေကို ကျော်လွှားနိုင်တဲ့ အဖြေလည်း ရှိပါတယ်လို့ ကရုဏာ ဗုဒ္ဓဝိဟာရ ကျောင်းကို တည်ထောင်ခဲ့သူ ဘိက္ခုနီရဟန်းမ သန္တုဿိကာ လည်း မိန့်ပါတယ်။

ဘ၀ ဆိုတာ ယုံကြည်မှုတခုပေါ်မှာ အခြေခံထားတာဖြစ်ပြီး ဒါကို ယုံယုံကြည်ကြည်နဲ့ လက်ခံကျင့် သုံးမယ်။ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ရှေ့ဆက်မယ်ဆိုရင် ပံ့ပိုး ကူညီသူတွေလည်း ပေါ်လာပါတယ်လို့ ဘိက္ခုနီ သန္တုဿီက က မိန့်ပါတယ်။

“ဘိက္ခုနီရဟန်းဘ၀ ခံယူလိုက်ချိန်ကစလို့ တခြား အမျိုးသမီးတွေကိုလည်း - သူတို့လည်း ဒီလို ဘိက္ခုနီ ဘဝနဲ့ တရားအားထုတ်နိုင်တယ် ဆိုတာ သိမြင်သွားစေပါတယ်။ သူတို့အတွက် ဘိက္ခုနီရဟန်း ဝတ်လို့ရတဲ့ နေရာတွေလည်း ပိုပြီး ထောက်ပံ့ပေး နိုင်ပါတယ်။”

လက်ရှိ သီတင်းသုံးနေတဲ့ San Francisco Bay ဧရိယာမှာ ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားသူတွေ၊ ဒီသာသနာ ပြန့်ပွားအောင် အမျိုးသမီးတွေ ကြိုးစား စွမ်းဆောင် နေတာကို စိတ်ဝင်စားတဲ့သူတွေ အများအပြား ရှိလာတယ်လို့လည်း ဘိက္ခုနီရဟန်း သန္တုဿီက က မိန့်ပါတယ်။ ဒီလိုလူတွေကို တရားဓမ္မရဲ့ အနက်အဓိပ္ပါယ်တွေ နားလည် သိရှိလာအောင် သူက ရှင်းလင်းပြပါတယ်။
သူတို့အတွက် ခုလို ရှင်းလင်း လမ်းပြပေးနိုင်တဲ့ ဘိက္ခုနီတွေ ရှိဖို့ လိုအပ်တယ်လို့ အမေရိကန် အမျိုးသမီး တဦးက ခုလို ပြောပါတယ်။

“အမျိုးသမီး သံဃာတွေ ရှိဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ခုလို မေးမြန်းနိုင်တဲ့ ဘိက္ခုနီတွေ ရှိဖို့ လိုပါတယ်။ ကျမက အမျိုးသားကြီးစိုးတဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ရသူပါ။ ဒီလို ပတ်ဝန်းကျင်မှာ ကြုံရတဲ့အရာတွေ ထပ် မကြုံချင်တော့ပါဘူး။”

ဘိက္ခုရဟန်းတွေ ဆီမှာထက် ဘိက္ခုနီရဟန်းမ တွေထံမှာ တရားဓမ္မ မှတ်သား နာယူရတာကို ပိုပြီး သက်တောင့်သက်သာ ဖြစ်တယ်လို့ ပြောကြသူတွေထဲမှာ အမျိုးသမီးတွေတင် မဟုတ်ဘဲ အမျိုးသားတွေလည်း ပါ ပါတယ်။ ဒီလို ဗုဒ္ဓရဲ့ တရားဓမ္မတွေကို လမ်းညွှန် ပြသပေးနိုင်တဲ့ ဘိက္ခုနီတွေ ရှိလာတာက ဗုဒ္ဓသာသနာ ပိုမို ပြန့်ပွားရေးနဲ့ လူမှုအသိုင်းအဝိုင်း အတွက် ကောင်းကျိုးဖြစ်စေတယ်လို့ ယူဆသူတွေ ရှိသလို၊ ဒါကို လက်မခံသူတွေလည်း ရှိပါတယ်။

“ဘိက္ခုနီတွေ ပိုများလာရင် ဗုဒ္ဓဘာသာကို လူတွေ ပိုသိလာအောင်၊ နေရာအနှံ့ ပိုပြီး ပျံ့နှံ့လာအောင် လုပ်နိုင်မယ်လို့ ကိုယ်တော်ကတော့ လုံး၀ မထင်ပါဘူး။ ဘိက္ခုနီတွေ လူတွေကြား ပေါက် ရောက်ရင် ထိန်းချုပ်ရ ခက်သွားပါလိမ့်မယ်။ အကြီးအကျယ် မှားယွင်းပြီး လူတွေ ဝေဖန်တာ ခံရပါလိမ့်မယ်။”

ထိုင်း သံဃာ့ဥသေ ျှာင် အဖွဲ့ဝင် ဒီဆရာတော် ကတော့ ဘိက္ခုနီ သာသနာပြန့်ပွားရေး တွန်းအားပေး လုပ်ဆောင်တာတွေကို လုံး၀ လက်မခံပါဘူး။ တရားစစ် တရားမှန်ရဖို့ ဘိက္ခုနီ ဝတ်စရာ မလိုဘူးလို့လည်း သူက မိန့်ပါတယ်။

ဒါကို မေးခွန်း ပြန် ထုတ်သူကတော့ ဘိက္ခုနီရဟန်း ဓမ္မံနန္ဒ ပါ။

“ဘိက္ခုနီ ရဟန်းဝတ်နဲ့ ခုလိုနေထိုင်တဲ့ ပုံစံမျိုး၊ ဒီလို ဘဝမျိုးကို မခံယူဖို့ သံဃာတွေက ဘာကြောင့် ပြောရတာလဲ။ သူတို့ကိုယ်တိုင်တောင် ရဟန်းဘ၀ ခံယူသေးတာပဲ။ ခုလိုပြောရင် သူတို့ရော ဘာလို့ ရဟန်းခံကြ သေးလဲ ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။”

ဘယ်လိုပဲ ဖြစ်ဖြစ် တချိန်က ထွန်းကားခဲ့တဲ့ ဘိက္ခုနီ သာသနာကို အခုအချိန်မှာ ပြန်လည် ပေါ်ထွန်း လာအောင် ကြိုးစားသူတွေ၊ ဘိက္ခုနီ ရဟန်းဝတ်သူတွေ ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ စုလောက်အတွင်း သိသိသာသာ ပိုများလာပါတယ်။

ဘိက္ခုနီဘဝနဲ့ သာသနာပြန့်ပွားရေး ဆောင်ရွက်လာခဲ့တာ အနှစ် ၂၀ ကျော်လာပြီဖြစ်တဲ့ ဘိက္ခုနီ သတ္တလောက မဟာသီရိ ဆိုရင် လည်း လက်ရှိမှာ တခြား ဘိက္ခုနီတွေကို လမ်းညွှန် ပြသပေးနိုင်တဲ့၊ ဘိက္ခုနီရဟန်း ဝတ်ချင်တဲ့ အမျိုးသမီးတွေကို သိမ်ဝင် ရဟန်းပြုပေးနိုင်တဲ့ ဆရာတပါး ဖြစ်နေပါပြီ။

သူ့ရဲ့ သာသနာ သက်တမ်းအစမှာတုန်းကတော့ ထေရဝါဒ ဘိက္ခုနီ ၁၀ ပါး ဝန်းကျင်လောက်သာ တွေ့ခဲ့ရပြီး နောက်ပိုင်း ၁ နှစ် ၂ နှစ်အတွင်း ဘိက္ခုနီ အပါး ၅၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ သူက မိန့်ပါတယ်။ အခုနောက်ဆုံး ၂၀၂၀ ခုနှစ်အထိ စာရင်းအရ ဆိုရင် ကမ္ဘာမှာ ထေရဝါဒ ဘိက္ခုနီ ၅,၅၅၅ ပါးအထိ ရှိလာပြီလို့ ဘိက္ခုနီဆရာတော် မဟာသီရိက မိန့်ပါတယ်။

“ဒီမြေ ဒီနေရာမှာ၊ အရှင်ဘုရားတို့ရဲ့ အရာညဗောဒိ ကျောင်းသင်္ခမ်းမှာ ကိုပဲ အမေရိကန် ဌာနတိုင်းရင်းသူ အမျိုးသမီးတဦးကို ၂၀၁၀ ခုနှစ်မှာ ပထမဆုံး ဌာနတိုင်းရင်းသူ ဘိက္ခုနီ အဖြစ် သိမ်ဝင် ပေးခဲ့ပါတယ်။ ဒါက တကယ့်ကို ထူးခြားတဲ့ သမိုင်းမှတ်တိုင်တခုလို့ ထင်ပါတယ်။”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တုန်းက ဗုဒ္ဓမြတ်စွာဘုရားက အမျိုးသားနဲ့ အမျိုးသမီး တန်းတူ ရဟန်းဝတ်ခွင့် ပြုခဲ့ပေမဲ့၊ လက်ရှိခေတ်မှာတော့ ဒါကို ဆန့်ကျင်သူ၊ ခွဲခြား ဆက်ဆံသူတွေ စိတ်မကောင်းဖွယ်ရာ အများအပြား ရှိနေတယ်လို့ ဘိက္ခုနီတွေက မိန့်ပါတယ်။ တကယ်တော့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အမျိုးသမီးတွေ စွမ်းဆောင်နိုင်တဲ့ အရာတွေအများကြီး ရှိသလို၊ သာသနာ့တာဝန်ကိုလည်း အမျိုးသားတွေနဲ့ တန်းတူ ထမ်းရွက်နိုင်ပါတယ်လို့ သူတို့က မိန့်ဆိုကြပါတယ်။ ဒါကို အများ လက်ခံလာဖို့ ဘယ်လောက် အချိန်ယူ ကြိုးပမ်းကြရဦးမလဲ မသိနိုင် ပေမဲ့ ဘိက္ခုနီတွေကတော့ သူတို့ယုံကြည်ထားတဲ့ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်း သာသနာ ပြန့်ပွားရေး အတွက် စိန်ခေါ်မှုတွေကြားကပဲ ဆက်လက် ကြိုးပမ်း အားထုတ်နေကြတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

===========================
[Unicode]





ဘိက်ခုနီရဟနျး ဓမ်မံနန်ဒ ကတော့ ထိုငျးသံဃာတှကွေားမှာ ဘိက်ခုနီ သာသနာနဲ့ ပတျသကျလို့ လှဲမှား ကောကျယူတာတှေ ရှိနတေယျလို့ ထောကျပွပါတယျ။





















ဒါကို မေးခှနျး ပွနျ ထုတျသူကတော့ ဘိက်ခုနီရဟနျး ဓမ်မံနန်ဒ ပါ။







ဗွီဒီယို ကြည့်ရှုရန်

အစီအစဉ်တွဲများအားလုံးကြည့်ရှုရန်
XS
SM
MD
LG