သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘိကၡဳနီသာသနာ ျပန္လည္ ထြန္းကားေရး ႀကိဳးပမ္းသူမ်ား (အပိုင္း-၂)


ဗုဒၶဘုရားရွင္ရဲ႕ ေမွ်ာ္မွန္းခ်က္၊ လမ္းစဥ္ေတြကို လက္ကိုင္ထားၿပီး ဘိကၡဳနီသာသနာ ထြန္းကားေရး ၾကိဳးပမ္းတာမွာ အဟန္႔အတား စိန္ေခၚမႈေတြ ရင္ဆိုင္ေနရဆဲပဲလုိ႔ အမ်ိဳးသမီးရဟန္း ဘိကၡဳနီေတြက မိန္႔ပါတယ္။ ဘိကၡဳနီသာသနာ ထြန္းကားေရး ေဆာင္ရြက္ေနသူေတြ အေၾကာင္း ဒုတိယပိုင္းကို အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြး တင္ဆက္ထားပါတယ္။

[Zawgyi/Unicode]
ဘိကၡဳနီသာသနာ ျပန္လည္ ထြန္းကားေရး ႀကိဳးပမ္းသူမ်ား (အပိုင္း-၂)

ဗုဒၶဘုရားရွင္ရဲ႕ ေမွ်ာ္မွန္းခ်က္၊ လမ္းစဥ္ေတြကို လက္ကိုင္ထားၿပီး ဘိကၡဳနီသာသနာ ထြန္းကားေရး ၾကိဳးပမ္းတာမွာ အဟန္႔အတား စိန္ေခၚမႈေတြ ရင္ဆိုင္ေနရဆဲပဲလုိ႔ အမ်ိဳးသမီးရဟန္း ဘိကၡဳနီေတြက မိန္႔ၾကား ၾကပါတယ္။ ဘိကၡဳနီသာသနာ ထြန္းကားေရး ေဆာင္ရြက္ေနသူေတြ အေၾကာင္း အပိုင္းခြဲ တင္ျပေပးေနတာမွာ ၿပီးခဲ့တဲ့သီတင္းပတ္က ပထမပိုင္း တင္ဆက္ေပးခဲ့ပါတယ္။ ဒီတပတ္ ဒုတိယပိုင္း မွာေတာ့ အမ်ိဳးသမီးရဟန္း ဘိကၡဳနီေတြ ရင္ဆိုင္ရတဲ့ အဓိက စိန္ေခၚမႈေတြ၊ စိန္ေခၚမႈေတြ ၾကား ကပဲ ဘိကၡဳနီသာသနာ ျပန္လည္ ထြန္းကားေရး ဘယ္လို ႀကိဳးပမ္း ေဆာင္ရြက္ေနၾကသလဲ ဆိုတာ အျပင္ ဘိကၡဳနီ သာသနာနဲ႔ ပတ္သက္လို႔ ဘိကၡဳရဟန္းတခ်ိဳ႕ရဲ႕ မတူညီတဲ့ တံု႔ျပန္မႈေတြ၊ သာမန္လူ၀တ္ေတြ ကေရာ ဘိကၡဳနီေတြကို ဘယ္လို သဘာထားၾကသလဲ ဆိုတာေတြကို ဒီတပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ေထရ၀ါဒ ဗုဒၶသာသနာ ထြန္းကားတဲ့ ႏုိင္ငံေတြမွာ အမ်ိဳးသားေတြ ရဟန္းခံဖို႔ လြယ္ေပမဲ့၊ အမ်ိဳးသမီး တေယာက္ ရဟန္းခံဖို႔ ကေတာ့ လြန္ခဲ့တဲ့ အႏွစ္ ၂၀ ေလာက္အထိ မျဖစ္ႏိုင္ခဲ့တဲ့အရာ တခုပါ။ ဒါေပမဲ့ လက္ရွိ အခ်ိန္မွာေတာ့ ဘိကၡဳနီ သာသနာကို တရား၀င္ အသိအမွတ္ျပဳ လက္မခံေသးတဲ့ ထိုင္းလို ႏုိင္ငံမ်ိဳးမွာေတာင္ ဘိကၡဳနီရဟန္း ၃၀၀ နီးပါး ရွိလာေနပါျပီ။ ဘိကၡဳနီ သာသနာနဲ႔ ပတ္သက္လုိ႔ ထိုင္းသံဃာေတြ ၾကားမွာ ဘယ္လို နားလည္ လက္ခံထားၾကပါလဲ။

ထိုင္းႏိုင္ငံ သာသနာ့ဥေသ ွ်ာင္ အဖြဲ႔၀င္ သံဃာ သမၼကိတၱိေမတီ က ခုလို မိန္႔ပါတယ္။

“ဘိကၡဳနီ ရဟန္းခံဖုိ႔ ဘိကၡဳနီ အသိုင္းအ၀ိုင္းက လက္ခံမွ ရပါတယ္။ ေရွ႕ေဆာင္ ညႊန္ၾကား ျပသေပးႏိုင္တဲ့ ဘိကၡနီဆရာေတာ္ ရွိရပါမယ္။ အဲ့ဒီလို မရွိဘဲ ဘိကၡဳနီ ရဟန္းခံလို႔ မရပါဘူး။ ျပႆနာ ရွိပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးတခ်ိဳ႕က ျပည္ပကိုသြားၿပီး ရဟန္းခံလာတယ္လို႔ ေျပာၾကတယ္။ ဒါေပမဲ့ ဘယ္မွာ ခံၾကတာလဲ။ သူတို႔ရဟန္းခံတယ္ ဆိုတာက လူသိရွင္ၾကား ေပၚေပၚထင္ထင္ လုပ္ၾကတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူတို႔ ဘိကၡဳနီ ရဟန္း၀တ္တယ္ ဆုိတာကို ဘယ္လိုမွ လက္မခံႏိုင္ပါဘူး။”

ဘိကၡဳနီရဟန္း ဓမံၼနႏၵ ကေတာ့ ထိုင္းသံဃာေတြၾကားမွာ ဘိကၡဳနီ သာသနာနဲ႔ ပတ္သက္လုိ႔ လြဲမွား ေကာက္ယူတာေတြ ရွိေနတယ္လုိ႔ ေထာက္ျပပါတယ္။

“ဟိုးအရင္ အစ ဘိကၡဳနီဆိုတာ မရွိေသးခင္မွာ အမ်ိဳးသား ရဟန္းေတြကပဲ အမ်ိဳးသမီးေတြကို သိမ္၀င္ ပုဥၨင္းတက္ေပးဖို႔ ဗုဒၶက ညႊန္ၾကားခဲ့ပါတယ္။ အဲ့ဒီအစဥ္အလာ ဟာ ေနာက္ပိုင္းမွာလည္း မေျပာင္းခဲ့ပါဘူး။ ဒါေပမဲ့ ထိုင္းသံဃာေတြ ကေတာ့ အမ်ိဳးသမီးေတြ ဘိကၡဳနီ ရဟန္း၀တ္မယ္ဆိုရင္ ဘိကၡဳနီ အသိုင္းအ၀ိုင္းက အရင္ လက္ခံ၊ ျပီးမွ ဘိကၡဳရဟန္းေတြက သိမ္၀င္ ရဟန္းခံေပးရတယ္လုိ႔ လက္ခံထားၾကပါတယ္။ ဒါက မွားယြင္း ယံုၾကည္္ေနတာပါ။”

၀ါစဥ္အလိုက္ ၀ါၾကီးသူကို ေနရာေပးရတဲ့ ဗုဒၶဘာသာ၀င္ေတြရဲ႕ အစဥ္အလာအရ၊ အထူးသျဖင့္ ဘာသာေရး အဖြဲ႔အစည္းေတြမွာ အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြနဲ႔ တန္းတူ လက္ခံ ဆက္ဆံဖို႔က အျငင္းပြားစရာ အျဖစ္ ရွိေနတုန္းပဲလို႔ ဗုဒၶဘာသာကို အထူးျပဳ ေလ့လာေနတဲ့ ပညာရွင္တခ်ိဳ႕က ေျပာပါတယ္။ အမ်ိဳးသားသံဃာ အမ်ားစုက ဘိကၡဳနီေတြကို လက္မခံလိုတာ ေတြ႔ရတယ္လို႔ ဟားဗက္ တကၠသိုလ္ ဘာသာေရးေလ့လာမႈ ဌာနက ဗုဒၶဘာသာ အထူးျပဳ ပါေမာကၡ Janet Gyatso က ေျပာပါတယ္။

“ဗုဒၶဘာသာ၀င္ေတြ ထဲမွာ သံဃာ အမ်ားစုက ေရွး႐ိုးဆန္တဲ့ သေဘာမ်ိဳး ေတြ႔ရပါတယ္။ သံဃာ အားလံုးလို႔ ေျပာတာေတာ့ မဟုတ္ပါဘူး။ ဒါကို အခိုင္အမာ နားလည္ လက္ခံတဲ့ အင္မတန္ေတာ္တဲ့ သံဃာေတြ အမ်ားၾကီး ရွိပါတယ္။ ဒါေပမဲ့ သူတို႔ ကိုယ္တိုင္လည္း ဒါကို စျပီး ေျပာတာ လုပ္တာ မေတြ႔ရပါဘူး။ ဘိကၡဳနီ ရဟန္း မ်ိဳးဆက္သစ္ ေပၚလာမွာကို အေလးမထားခ်င္ ၾကပါဘူး။”

ဘိကၡဳနီ သာသနာ ျပန္လည္ ထြန္းကားလာဖို႔အတြက္ အမ်ိဳးသမီးေတြကို ဘိကၡဳနီ သာသနာျပဳခြင့္ အခြင့္အလမ္းေတြ ျပန္လည္ တည္ေဆာက္ေပးတာမ်ိဳး သံဃာအမ်ားစုက စိတ္မ၀င္စားၾကဘူး လုိ႔ ပါေမာကၡ Gyatso က သံုးသပ္ ေ၀ဖန္ပါတယ္။ ဒကာ ဒကာမေတြရဲ႕ စိတ္မွာလည္း အမ်ိဳးသားရဟန္း ဘိကၡဳေတြက အမ်ိဳးသမီး ဘိကၡဳနီေတြ ထက္ ပိုျပီး ေတာ္သူတတ္သူ၊ ၾကံ့ခုိင္သူေတြ ျဖစ္တယ္လို႔ ယူဆလက္ခံ ေလ့ရွိတာ ေတြ႔ရတယ္လို႔ ေလ့လာသံုးသပ္သူေတြက ေျပာပါတယ္။

ေလာ့အိန္ဂ်ဲလိစ္ျမိဳ႕ က ဓမၼ၀ိဟာရ ဗုဒၶဘာသာ ဘုန္းၾကီးေက်ာင္းကို တည္ေထာင္ခဲ့သူ၊ ေက်ာင္းထိုင္ ဆရာေတာ္ ေ၀ပုလႅ ပိယနႏၵ ကလည္း ခုလို မိန္႔ပါတယ္။

“ဒီ အေမရိကားမွာ ဆရာေတာ္တို႔ သီတင္းသံုးတဲ့အခါ ဒီမွာရွိတဲ့ အာရွႏြယ္ဖြားေတြ၊ အထူးသျဖင့္ ထိုင္းနဲ႔ သီရိလကၤာ လို ေထရ၀ါဒ ႏုိင္ငံေတြက ဒကာ ဒကာမေတြက ေကာင္းေကာင္း ဂ႐ုစိုက္ၾကပါတယ္။ ဆြမ္း၊ သခၤမ္း နဲ႔ တျခား လိုအပ္တာေတြ ျဖည့္ဆည္းေပးၾကပါတယ္။ ဒါေပမဲ့ စိတ္မေကာင္းစရာ က ဘိကၡဳနီေတြကိုေတာ့ ဒီလို တေျပးညီ မလုပ္ေပးၾကပါဘူး။”

“ဆရာေတာ္တို႔ လူမႈအသိုင္းအ၀ိုင္းဟာ ဘိကၡဳနီေတြကို အေလးထား ကူညီေထာက္ပံ့တာ သိပ္ မရွိပါဘူး။ ဒါက အင္မတန္ စိတ္မေကာင္းစရာ ျဖစ္ပါတယ္။ သူတို႔ကို ကူညီ ပံ့ပိုးတာေတြ စလုပ္ေပးဖုိ႔ လိုပါတယ္။ တကယ္ေတာ့ ဘိကၡဳနီေတြဟာ ဒီကေန႔ ေခတ္ ကမၻာၾကီးအတြက္ အလြန္ အေရးပါ ပါတယ္။”

ဆရာေတာ္ ပိယနႏၵ ဟာ သူ႔ရဲ႕ ေက်ာင္းမွာ ဘိကၡဳနီ အပါး ၄၀ ေလာက္ သိမ္၀င္ ရဟန္းျပဳေပးခဲ့သူပါ။ ဒီဘိကၡဳနီ အားလံုးဟာ ဘိကၡဳ ရဟန္းေတြလို မဟုတ္ဘဲ သူတို႔ဖာသာ ရပ္တည္ ၾကရျပီး တခ်ိဳ႕ ဘိကၡဳနီေတြ ဆိုရင္ ေက်ာင္းသခၤမ္း မရွိလို႔ ေတာစပ္ အနီး ေနရာေတြမွာ သီတင္းသံုးရသူေတြလည္း ရွိတယ္လုိ႔ ဆရာေတာ္က မိန္႔ပါတယ္။

“သူတို႔အတြက္ မလြယ္ကူပါဘူး။ လူသူ အလွမ္းေ၀းတဲ့ ေတာစပ္ေနရာေတြမွာ ေရ မီး ျပည့္ျပည့္စံုစံု မရွိဘဲ သီတင္းသံုးၾက ရပါတယ္။ သာသနာကို ျမတ္ႏိုး လြန္းလို႔၊ တရားက်င့္ၾကံ အားထုတ္ ခ်င္ၾကလို႔သာ သူတို႔ ခုလို ခက္ခက္ခဲခဲ ရပ္တည္ေနၾကတာပါ။”

ဒီလို အခက္အခဲေတြ ရွိေပမဲ့ သူ ရဟန္းတက္ေပးခဲ့တဲ့ ဘိကၡဳနီအမ်ားစုကေတာ့ ဘိကၡဳနီရဟန္းဘ၀နဲ႔ တရား အားထုတ္ေနၾကဆဲ ျဖစ္ျပီး၊ သာသနာ ျပန္႔ပြားေရးအတြက္ နည္းလမ္း မ်ိဳးစံုနဲ႔ ပါ၀င္ ေဆာင္ရြက္ေနၾကတယ္လို႔လည္း ဆရာေတာ္က မိန္႔ပါတယ္။

“တခ်ိဳ႕က စာေရးတယ္။ တခ်ိဳ႕က တရားထုိင္ တရားမွတ္နည္း ျပန္လည္ သင္ၾကားေပး ၾကတယ္။ တခ်ိဳ႕က ကိုယ္တိုင္ တရားက်င့္ၾကံရင္း လူမႈအသုိင္းအ၀ိုင္းထဲမွာ၊ ဘုရားေက်ာင္းကန္ေတြမွာ အမ်ားအက်ိဳး ေဆာင္ရြက္တာ၊ စိတ္ပိုင္းဆိုင္ရာ ေဆြးေႏြး အၾကံေပးတာေတြ လုပ္ၾကပါတယ္။ ဒီလို နည္းေတြနဲ႔ သာသနာအက်ိဳး သယ္ပိုးေနၾကပါတယ္။”

ဘိကၡဳနီေတြ အတြက္ အခက္အခဲ စိန္ေခၚမႈေတြ ရွိေပမဲ့၊ ဒါေတြကို ေက်ာ္လႊားႏိုင္တဲ့ အေျဖလည္း ရွိပါတယ္လို႔ က႐ုဏာ ဗုဒၶ၀ိဟာရ ေက်ာင္းကို တည္ေထာင္ခဲ့သူ ဘိကၡဳနီရဟန္းမ သႏၱဳႆိကာ လည္း မိန္႔ပါတယ္။

ဘ၀ ဆိုတာ ယံုၾကည္မႈတခုေပၚမွာ အေျခခံထားတာျဖစ္ျပီး ဒါကို ယံုယံုၾကည္ၾကည္နဲ႔ လက္ခံက်င့္ သံုးမယ္။ ခိုင္မာတဲ့စိတ္ဓာတ္နဲ႔ ေရွ႕ဆက္မယ္ဆုိရင္ ပံ့ပိုး ကူညီသူေတြလည္း ေပၚလာပါတယ္လို႔ ဘိကၡဳနီ သႏၱဳႆီက က မိန္႔ပါတယ္။

“ဘိကၡဳနီရဟန္းဘ၀ ခံယူလုိက္ခ်ိန္ကစလို႔ တျခား အမ်ိဳးသမီးေတြကိုလည္း - သူတို႔လည္း ဒီလို ဘိကၡဳနီ ဘ၀နဲ႔ တရားအားထုတ္ႏုိင္တယ္ ဆုိတာ သိျမင္သြားေစပါတယ္။ သူတို႔အတြက္ ဘိကၡဳနီရဟန္း ၀တ္လို႔ရတဲ့ ေနရာေတြလည္း ပိုျပီး ေထာက္ပံ့ေပး ႏုိင္ပါတယ္။”

လက္ရွိ သီတင္းသံုးေနတဲ့ San Francisco Bay ဧရိယာမွာ ဗုဒၶတရားေတာ္ကို စိတ္၀င္စားသူေတြ၊ ဒီသာသနာ ျပန္႔ပြားေအာင္ အမ်ိဳးသမီးေတြ ၾကိဳးစား စြမ္းေဆာင္ ေနတာကို စိတ္၀င္စားတဲ့သူေတြ အမ်ားအျပား ရွိလာတယ္လို႔လည္း ဘိကၡဳနီရဟန္း သႏၱဳႆီက က မိန္႔ပါတယ္။ ဒီလိုလူေတြကို တရားဓမၼရဲ႕ အနက္အဓိပၸါယ္ေတြ နားလည္ သိရွိလာေအာင္ သူက ရွင္းလင္းျပပါတယ္။
သူတုိ႔အတြက္ ခုလို ရွင္းလင္း လမ္းျပေပးႏုိင္တဲ့ ဘိကၡဳနီေတြ ရွိဖို႔ လိုအပ္တယ္လို႔ အေမရိကန္ အမ်ိဳးသမီး တဦးက ခုလို ေျပာပါတယ္။

“အမ်ိဳးသမီး သံဃာေတြ ရွိဖို႔ အေရးၾကီးတယ္လို႔ ထင္ပါတယ္။ ခုလို ေမးျမန္းႏုိင္တဲ့ ဘိကၡဳနီေတြ ရွိဖို႔ လိုပါတယ္။ က်မက အမ်ိဳးသားၾကီးစိုးတဲ့ ပတ္၀န္းက်င္မွာ ေနခဲ့ရသူပါ။ ဒီလို ပတ္၀န္းက်င္မွာ ၾကံဳရတဲ့အရာေတြ ထပ္ မၾကံဳခ်င္ေတာ့ပါဘူး။”

ဘိကၡဳရဟန္းေတြ ဆီမွာထက္ ဘိကၡဳနီရဟန္းမ ေတြထံမွာ တရားဓမၼ မွတ္သား နာယူရတာကို ပိုျပီး သက္ေတာင့္သက္သာ ျဖစ္တယ္လို႔ ေျပာၾကသူေတြထဲမွာ အမ်ိဳးသမီးေတြတင္ မဟုတ္ဘဲ အမ်ိဳးသားေတြလည္း ပါ ပါတယ္။ ဒီလို ဗုဒၶရဲ႕ တရားဓမၼေတြကို လမ္းညႊန္ ျပသေပးႏုိင္တဲ့ ဘိကၡဳနီေတြ ရွိလာတာက ဗုဒၶသာသနာ ပိုမို ျပန္႔ပြားေရးနဲ႔ လူမႈအသိုင္းအ၀ိုင္း အတြက္ ေကာင္းက်ိဳးျဖစ္ေစတယ္လို႔ ယူဆသူေတြ ရွိသလို၊ ဒါကို လက္မခံသူေတြလည္း ရွိပါတယ္။

“ဘိကၡဳနီေတြ ပိုမ်ားလာရင္ ဗုဒၶဘာသာကို လူေတြ ပိုသိလာေအာင္၊ ေနရာအႏွံ႔ ပိုျပီး ပ်ံ႕ႏွံ႔လာေအာင္ လုပ္ႏိုင္မယ္လို႔ ကိုယ္ေတာ္ကေတာ့ လံုး၀ မထင္ပါဘူး။ ဘိကၡဳနီေတြ လူေတြၾကား ေပါက္ ေရာက္ရင္ ထိန္းခ်ဳပ္ရ ခက္သြားပါလိမ့္မယ္။ အၾကီးအက်ယ္ မွားယြင္းျပီး လူေတြ ေ၀ဖန္တာ ခံရပါလိမ့္မယ္။”

ထိုင္း သံဃာ့ဥေသ ွ်ာင္ အဖြဲ႔၀င္ ဒီဆရာေတာ္ ကေတာ့ ဘိကၡဳနီ သာသနာျပန္႔ပြားေရး တြန္းအားေပး လုပ္ေဆာင္တာေတြကို လံုး၀ လက္မခံပါဘူး။ တရားစစ္ တရားမွန္ရဖို႔ ဘိကၡဳနီ ၀တ္စရာ မလိုဘူးလို႔လည္း သူက မိန္႔ပါတယ္။

ဒါကို ေမးခြန္း ျပန္ ထုတ္သူကေတာ့ ဘိကၡဳနီရဟန္း ဓမၼံနႏၵ ပါ။

“ဘိကၡဳနီ ရဟန္း၀တ္နဲ႔ ခုလိုေနထိုင္တဲ့ ပံုစံမ်ိဳး၊ ဒီလို ဘ၀မ်ိဳးကို မခံယူဖုိ႔ သံဃာေတြက ဘာေၾကာင့္ ေျပာရတာလဲ။ သူတို႔ကိုယ္တိုင္ေတာင္ ရဟန္းဘ၀ ခံယူေသးတာပဲ။ ခုလိုေျပာရင္ သူတို႔ေရာ ဘာလို႔ ရဟန္းခံၾက ေသးလဲ ျပန္ျပီး ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။”

ဘယ္လိုပဲ ျဖစ္ျဖစ္ တခ်ိန္က ထြန္းကားခဲ့တဲ့ ဘိကၡဳနီ သာသနာကို အခုအခ်ိန္မွာ ျပန္လည္ ေပၚထြန္း လာေအာင္ ၾကိဳးစားသူေတြ၊ ဘိကၡဳနီ ရဟန္း၀တ္သူေတြ ကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ၂ စုေလာက္အတြင္း သိသိသာသာ ပိုမ်ားလာပါတယ္။

ဘိကၡဳနီဘ၀နဲ႔ သာသနာျပန္႔ပြားေရး ေဆာင္ရြက္လာခဲ့တာ အႏွစ္ ၂၀ ေက်ာ္လာျပီျဖစ္တဲ့ ဘိကၡဳနီ သတၱေလာက မဟာသီရိ ဆိုရင္ လည္း လက္ရွိမွာ တျခား ဘိကၡဳနီေတြကို လမ္းညႊန္ ျပသေပးႏုိင္တဲ့၊ ဘိကၡဳနီရဟန္း ၀တ္ခ်င္တဲ့ အမ်ိဳးသမီးေတြကို သိမ္၀င္ ရဟန္းျပဳေပးႏိုင္တဲ့ ဆရာတပါး ျဖစ္ေနပါျပီ။

သူ႔ရဲ႕ သာသနာ သက္တမ္းအစမွာတုန္းကေတာ့ ေထရ၀ါဒ ဘိကၡဳနီ ၁၀ ပါး ၀န္းက်င္ေလာက္သာ ေတြ႔ခဲ့ရျပီး ေနာက္ပိုင္း ၁ ႏွစ္ ၂ ႏွစ္အတြင္း ဘိကၡဳနီ အပါး ၅၀၀ ေက်ာ္အထိ တိုးလာခဲ့တယ္လို႔ သူက မိန္႔ပါတယ္။ အခုေနာက္ဆံုး ၂၀၂၀ ခုႏွစ္အထိ စာရင္းအရ ဆိုရင္ ကမၻာမွာ ေထရ၀ါဒ ဘိကၡဳနီ ၅,၅၅၅ ပါးအထိ ရွိလာျပီလို႔ ဘိကၡဳနီဆရာေတာ္ မဟာသီရိက မိန္႔ပါတယ္။

“ဒီေျမ ဒီေနရာမွာ၊ အရွင္ဘုရားတို႔ရဲ႕ အရာညေဗာဒိ ေက်ာင္းသခၤမ္းမွာ ကိုပဲ အေမရိကန္ ဌာနတုိင္းရင္းသူ အမ်ိဳးသမီးတဦးကို ၂၀၁၀ ခုႏွစ္မွာ ပထမဆံုး ဌာနတိုင္းရင္းသူ ဘိကၡဳနီ အျဖစ္ သိမ္၀င္ ေပးခဲ့ပါတယ္။ ဒါက တကယ့္ကို ထူးျခားတဲ့ သမိုင္းမွတ္တိုင္တခုလို႔ ထင္ပါတယ္။”

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၅၀၀ တုန္းက ဗုဒၶျမတ္စြာဘုရားက အမ်ိဳးသားနဲ႔ အမ်ိဳးသမီး တန္းတူ ရဟန္း၀တ္ခြင့္ ျပဳခဲ့ေပမဲ့၊ လက္ရွိေခတ္မွာေတာ့ ဒါကို ဆန္႔က်င္သူ၊ ခြဲျခား ဆက္ဆံသူေတြ စိတ္မေကာင္းဖြယ္ရာ အမ်ားအျပား ရွိေနတယ္လို႔ ဘိကၡဳနီေတြက မိန္႔ပါတယ္။ တကယ္ေတာ့ ေျပာင္းလဲေနတဲ့ ကမၻာၾကီးမွာ အမ်ိဳးသမီးေတြ စြမ္းေဆာင္ႏုိင္တဲ့ အရာေတြအမ်ားၾကီး ရွိသလို၊ သာသနာ့တာ၀န္ကိုလည္း အမ်ိဳးသားေတြနဲ႔ တန္းတူ ထမ္းရြက္ႏုိ္င္ပါတယ္လုိ႔ သူတို႔က မိန္႔ဆိုၾကပါတယ္။ ဒါကို အမ်ား လက္ခံလာဖို႔ ဘယ္ေလာက္ အခ်ိန္ယူ ၾကိဳးပမ္းၾကရဦးမလဲ မသိႏိုင္ ေပမဲ့ ဘိကၡဳနီေတြကေတာ့ သူတို႔ယံုၾကည္ထားတဲ့ ဗုဒၶရဲ႕ လမ္းစဥ္အတိုင္း သာသနာ ျပန္႔ပြားေရး အတြက္ စိန္ေခၚမႈေတြၾကားကပဲ ဆက္လက္ ၾကိဳးပမ္း အားထုတ္ေနၾကတယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲရပ္နားခြင့္ ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

===========================
[Unicode]
ဘိက္ခုနီသာသနာ ပြန်လည် ထွန်းကားရေး ကြိုးပမ်းသူများ (အပိုင်း-၂)

ဗုဒ္ဓဘုရားရှင်ရဲ့ မျှော်မှန်းချက်၊ လမ်းစဉ်တွေကို လက်ကိုင်ထားပြီး ဘိက္ခုနီသာသနာ ထွန်းကားရေး ကြိုးပမ်းတာမှာ အဟန့်အတား စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲပဲလို့ အမျိုးသမီးရဟန်း ဘိက္ခုနီတွေက မိန့်ကြား ကြပါတယ်။ ဘိက္ခုနီသာသနာ ထွန်းကားရေး ဆောင်ရွက်နေသူတွေ အကြောင်း အပိုင်းခွဲ တင်ပြပေးနေတာမှာ ပြီးခဲ့တဲ့သီတင်းပတ်က ပထမပိုင်း တင်ဆက်ပေးခဲ့ပါတယ်။ ဒီတပတ် ဒုတိယပိုင်း မှာတော့ အမျိုးသမီးရဟန်း ဘိက္ခုနီတွေ ရင်ဆိုင်ရတဲ့ အဓိက စိန်ခေါ်မှုတွေ၊ စိန်ခေါ်မှုတွေ ကြား ကပဲ ဘိက္ခုနီသာသနာ ပြန်လည် ထွန်းကားရေး ဘယ်လို ကြိုးပမ်း ဆောင်ရွက်နေကြသလဲ ဆိုတာ အပြင် ဘိက္ခုနီ သာသနာနဲ့ ပတ်သက်လို့ ဘိက္ခုရဟန်းတချို့ရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေ၊ သာမန်လူဝတ်တွေ ကရော ဘိက္ခုနီတွေကို ဘယ်လို သဘာထားကြသလဲ ဆိုတာတွေကို ဒီတပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ နိုင်ငံတွေမှာ အမျိုးသားတွေ ရဟန်းခံဖို့ လွယ်ပေမဲ့၊ အမျိုးသမီး တယောက် ရဟန်းခံဖို့ ကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်အထိ မဖြစ်နိုင်ခဲ့တဲ့အရာ တခုပါ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ဘိက္ခုနီ သာသနာကို တရားဝင် အသိအမှတ်ပြု လက်မခံသေးတဲ့ ထိုင်းလို နိုင်ငံမျိုးမှာတောင် ဘိက္ခုနီရဟန်း ၃၀၀ နီးပါး ရှိလာနေပါပြီ။ ဘိက္ခုနီ သာသနာနဲ့ ပတ်သက်လို့ ထိုင်းသံဃာတွေ ကြားမှာ ဘယ်လို နားလည် လက်ခံထားကြပါလဲ။

ထိုင်းနိုင်ငံ သာသနာ့ဥသေ ျှာင် အဖွဲ့ဝင် သံဃာ သမ္မကိတ္တိမေတီ က ခုလို မိန့်ပါတယ်။

“ဘိက္ခုနီ ရဟန်းခံဖို့ ဘိက္ခုနီ အသိုင်းအဝိုင်းက လက်ခံမှ ရပါတယ်။ ရှေ့ဆောင် ညွှန်ကြား ပြသပေးနိုင်တဲ့ ဘိက္ခနီဆရာတော် ရှိရပါမယ်။ အဲ့ဒီလို မရှိဘဲ ဘိက္ခုနီ ရဟန်းခံလို့ မရပါဘူး။ ပြဿနာ ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတချို့က ပြည်ပကိုသွားပြီး ရဟန်းခံလာတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဘယ်မှာ ခံကြတာလဲ။ သူတို့ရဟန်းခံတယ် ဆိုတာက လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် လုပ်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ ဘိက္ခုနီ ရဟန်းဝတ်တယ် ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။”

ဘိက္ခုနီရဟန်း ဓမ္မံနန္ဒ ကတော့ ထိုင်းသံဃာတွေကြားမှာ ဘိက္ခုနီ သာသနာနဲ့ ပတ်သက်လို့ လွဲမှား ကောက်ယူတာတွေ ရှိနေတယ်လို့ ထောက်ပြပါတယ်။

“ဟိုးအရင် အစ ဘိက္ခုနီဆိုတာ မရှိသေးခင်မှာ အမျိုးသား ရဟန်းတွေကပဲ အမျိုးသမီးတွေကို သိမ်ဝင် ပုဉ္ဇင်းတက်ပေးဖို့ ဗုဒ္ဓက ညွှန်ကြားခဲ့ပါတယ်။ အဲ့ဒီအစဉ်အလာ ဟာ နောက်ပိုင်းမှာလည်း မပြောင်းခဲ့ပါဘူး။ ဒါပေမဲ့ ထိုင်းသံဃာတွေ ကတော့ အမျိုးသမီးတွေ ဘိက္ခုနီ ရဟန်းဝတ်မယ်ဆိုရင် ဘိက္ခုနီ အသိုင်းအဝိုင်းက အရင် လက်ခံ၊ ပြီးမှ ဘိက္ခုရဟန်းတွေက သိမ်ဝင် ရဟန်းခံပေးရတယ်လို့ လက်ခံထားကြပါတယ်။ ဒါက မှားယွင်း ယုံကြည်နေတာပါ။”

ဝါစဉ်အလိုက် ဝါကြီးသူကို နေရာပေးရတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အစဉ်အလာအရ၊ အထူးသဖြင့် ဘာသာရေး အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ လက်ခံ ဆက်ဆံဖို့က အငြင်းပွားစရာ အဖြစ် ရှိနေတုန်းပဲလို့ ဗုဒ္ဓဘာသာကို အထူးပြု လေ့လာနေတဲ့ ပညာရှင်တချို့က ပြောပါတယ်။ အမျိုးသားသံဃာ အများစုက ဘိက္ခုနီတွေကို လက်မခံလိုတာ တွေ့ရတယ်လို့ ဟားဗက် တက္ကသိုလ် ဘာသာရေးလေ့လာမှု ဌာနက ဗုဒ္ဓဘာသာ အထူးပြု ပါမောက္ခ Janet Gyatso က ပြောပါတယ်။

“ဗုဒ္ဓဘာသာဝင်တွေ ထဲမှာ သံဃာ အများစုက ရှေးရိုးဆန်တဲ့ သဘောမျိုး တွေ့ရပါတယ်။ သံဃာ အားလုံးလို့ ပြောတာတော့ မဟုတ်ပါဘူး။ ဒါကို အခိုင်အမာ နားလည် လက်ခံတဲ့ အင်မတန်တော်တဲ့ သံဃာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ်တိုင်လည်း ဒါကို စပြီး ပြောတာ လုပ်တာ မတွေ့ရပါဘူး။ ဘိက္ခုနီ ရဟန်း မျိုးဆက်သစ် ပေါ်လာမှာကို အလေးမထားချင် ကြပါဘူး။”

ဘိက္ခုနီ သာသနာ ပြန်လည် ထွန်းကားလာဖို့အတွက် အမျိုးသမီးတွေကို ဘိက္ခုနီ သာသနာပြုခွင့် အခွင့်အလမ်းတွေ ပြန်လည် တည်ဆောက်ပေးတာမျိုး သံဃာအများစုက စိတ်မဝင်စားကြဘူး လို့ ပါမောက္ခ Gyatso က သုံးသပ် ဝေဖန်ပါတယ်။ ဒကာ ဒကာမတွေရဲ့ စိတ်မှာလည်း အမျိုးသားရဟန်း ဘိက္ခုတွေက အမျိုးသမီး ဘိက္ခုနီတွေ ထက် ပိုပြီး တော်သူတတ်သူ၊ ကြံ့ခိုင်သူတွေ ဖြစ်တယ်လို့ ယူဆလက်ခံ လေ့ရှိတာ တွေ့ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

လော့အိန်ဂျဲလိစ်မြို့ က ဓမ္မဝိဟာရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို တည်ထောင်ခဲ့သူ၊ ကျောင်းထိုင် ဆရာတော် ဝေပုလ္လ ပိယနန္ဒ ကလည်း ခုလို မိန့်ပါတယ်။

“ဒီ အမေရိကားမှာ ဆရာတော်တို့ သီတင်းသုံးတဲ့အခါ ဒီမှာရှိတဲ့ အာရှနွယ်ဖွားတွေ၊ အထူးသဖြင့် ထိုင်းနဲ့ သီရိလင်္ကာ လို ထေရဝါဒ နိုင်ငံတွေက ဒကာ ဒကာမတွေက ကောင်းကောင်း ဂရုစိုက်ကြပါတယ်။ ဆွမ်း၊ သင်္ခမ်း နဲ့ တခြား လိုအပ်တာတွေ ဖြည့်ဆည်းပေးကြပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာ က ဘိက္ခုနီတွေကိုတော့ ဒီလို တပြေးညီ မလုပ်ပေးကြပါဘူး။”

“ဆရာတော်တို့ လူမှုအသိုင်းအဝိုင်းဟာ ဘိက္ခုနီတွေကို အလေးထား ကူညီထောက်ပံ့တာ သိပ် မရှိပါဘူး။ ဒါက အင်မတန် စိတ်မကောင်းစရာ ဖြစ်ပါတယ်။ သူတို့ကို ကူညီ ပံ့ပိုးတာတွေ စလုပ်ပေးဖို့ လိုပါတယ်။ တကယ်တော့ ဘိက္ခုနီတွေဟာ ဒီကနေ့ ခေတ် ကမ္ဘာကြီးအတွက် အလွန် အရေးပါ ပါတယ်။”

ဆရာတော် ပိယနန္ဒ ဟာ သူ့ရဲ့ ကျောင်းမှာ ဘိက္ခုနီ အပါး ၄၀ လောက် သိမ်ဝင် ရဟန်းပြုပေးခဲ့သူပါ။ ဒီဘိက္ခုနီ အားလုံးဟာ ဘိက္ခု ရဟန်းတွေလို မဟုတ်ဘဲ သူတို့ဖာသာ ရပ်တည် ကြရပြီး တချို့ ဘိက္ခုနီတွေ ဆိုရင် ကျောင်းသင်္ခမ်း မရှိလို့ တောစပ် အနီး နေရာတွေမှာ သီတင်းသုံးရသူတွေလည်း ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“သူတို့အတွက် မလွယ်ကူပါဘူး။ လူသူ အလှမ်းဝေးတဲ့ တောစပ်နေရာတွေမှာ ရေ မီး ပြည့်ပြည့်စုံစုံ မရှိဘဲ သီတင်းသုံးကြ ရပါတယ်။ သာသနာကို မြတ်နိုး လွန်းလို့၊ တရားကျင့်ကြံ အားထုတ် ချင်ကြလို့သာ သူတို့ ခုလို ခက်ခက်ခဲခဲ ရပ်တည်နေကြတာပါ။”

ဒီလို အခက်အခဲတွေ ရှိပေမဲ့ သူ ရဟန်းတက်ပေးခဲ့တဲ့ ဘိက္ခုနီအများစုကတော့ ဘိက္ခုနီရဟန်းဘဝနဲ့ တရား အားထုတ်နေကြဆဲ ဖြစ်ပြီး၊ သာသနာ ပြန့်ပွားရေးအတွက် နည်းလမ်း မျိုးစုံနဲ့ ပါဝင် ဆောင်ရွက်နေကြတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

“တချို့က စာရေးတယ်။ တချို့က တရားထိုင် တရားမှတ်နည်း ပြန်လည် သင်ကြားပေး ကြတယ်။ တချို့က ကိုယ်တိုင် တရားကျင့်ကြံရင်း လူမှုအသိုင်းအဝိုင်းထဲမှာ၊ ဘုရားကျောင်းကန်တွေမှာ အများအကျိုး ဆောင်ရွက်တာ၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေး အကြံပေးတာတွေ လုပ်ကြပါတယ်။ ဒီလို နည်းတွေနဲ့ သာသနာအကျိုး သယ်ပိုးနေကြပါတယ်။”

ဘိက္ခုနီတွေ အတွက် အခက်အခဲ စိန်ခေါ်မှုတွေ ရှိပေမဲ့၊ ဒါတွေကို ကျော်လွှားနိုင်တဲ့ အဖြေလည်း ရှိပါတယ်လို့ ကရုဏာ ဗုဒ္ဓဝိဟာရ ကျောင်းကို တည်ထောင်ခဲ့သူ ဘိက္ခုနီရဟန်းမ သန္တုဿိကာ လည်း မိန့်ပါတယ်။

ဘ၀ ဆိုတာ ယုံကြည်မှုတခုပေါ်မှာ အခြေခံထားတာဖြစ်ပြီး ဒါကို ယုံယုံကြည်ကြည်နဲ့ လက်ခံကျင့် သုံးမယ်။ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ရှေ့ဆက်မယ်ဆိုရင် ပံ့ပိုး ကူညီသူတွေလည်း ပေါ်လာပါတယ်လို့ ဘိက္ခုနီ သန္တုဿီက က မိန့်ပါတယ်။

“ဘိက္ခုနီရဟန်းဘ၀ ခံယူလိုက်ချိန်ကစလို့ တခြား အမျိုးသမီးတွေကိုလည်း - သူတို့လည်း ဒီလို ဘိက္ခုနီ ဘဝနဲ့ တရားအားထုတ်နိုင်တယ် ဆိုတာ သိမြင်သွားစေပါတယ်။ သူတို့အတွက် ဘိက္ခုနီရဟန်း ဝတ်လို့ရတဲ့ နေရာတွေလည်း ပိုပြီး ထောက်ပံ့ပေး နိုင်ပါတယ်။”

လက်ရှိ သီတင်းသုံးနေတဲ့ San Francisco Bay ဧရိယာမှာ ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားသူတွေ၊ ဒီသာသနာ ပြန့်ပွားအောင် အမျိုးသမီးတွေ ကြိုးစား စွမ်းဆောင် နေတာကို စိတ်ဝင်စားတဲ့သူတွေ အများအပြား ရှိလာတယ်လို့လည်း ဘိက္ခုနီရဟန်း သန္တုဿီက က မိန့်ပါတယ်။ ဒီလိုလူတွေကို တရားဓမ္မရဲ့ အနက်အဓိပ္ပါယ်တွေ နားလည် သိရှိလာအောင် သူက ရှင်းလင်းပြပါတယ်။

သူတို့အတွက် ခုလို ရှင်းလင်း လမ်းပြပေးနိုင်တဲ့ ဘိက္ခုနီတွေ ရှိဖို့ လိုအပ်တယ်လို့ အမေရိကန် အမျိုးသမီး တဦးက ခုလို ပြောပါတယ်။

“အမျိုးသမီး သံဃာတွေ ရှိဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ခုလို မေးမြန်းနိုင်တဲ့ ဘိက္ခုနီတွေ ရှိဖို့ လိုပါတယ်။ ကျမက အမျိုးသားကြီးစိုးတဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ရသူပါ။ ဒီလို ပတ်ဝန်းကျင်မှာ ကြုံရတဲ့အရာတွေ ထပ် မကြုံချင်တော့ပါဘူး။”

ဘိက္ခုရဟန်းတွေ ဆီမှာထက် ဘိက္ခုနီရဟန်းမ တွေထံမှာ တရားဓမ္မ မှတ်သား နာယူရတာကို ပိုပြီး သက်တောင့်သက်သာ ဖြစ်တယ်လို့ ပြောကြသူတွေထဲမှာ အမျိုးသမီးတွေတင် မဟုတ်ဘဲ အမျိုးသားတွေလည်း ပါ ပါတယ်။ ဒီလို ဗုဒ္ဓရဲ့ တရားဓမ္မတွေကို လမ်းညွှန် ပြသပေးနိုင်တဲ့ ဘိက္ခုနီတွေ ရှိလာတာက ဗုဒ္ဓသာသနာ ပိုမို ပြန့်ပွားရေးနဲ့ လူမှုအသိုင်းအဝိုင်း အတွက် ကောင်းကျိုးဖြစ်စေတယ်လို့ ယူဆသူတွေ ရှိသလို၊ ဒါကို လက်မခံသူတွေလည်း ရှိပါတယ်။

“ဘိက္ခုနီတွေ ပိုများလာရင် ဗုဒ္ဓဘာသာကို လူတွေ ပိုသိလာအောင်၊ နေရာအနှံ့ ပိုပြီး ပျံ့နှံ့လာအောင် လုပ်နိုင်မယ်လို့ ကိုယ်တော်ကတော့ လုံး၀ မထင်ပါဘူး။ ဘိက္ခုနီတွေ လူတွေကြား ပေါက် ရောက်ရင် ထိန်းချုပ်ရ ခက်သွားပါလိမ့်မယ်။ အကြီးအကျယ် မှားယွင်းပြီး လူတွေ ဝေဖန်တာ ခံရပါလိမ့်မယ်။”

ထိုင်း သံဃာ့ဥသေ ျှာင် အဖွဲ့ဝင် ဒီဆရာတော် ကတော့ ဘိက္ခုနီ သာသနာပြန့်ပွားရေး တွန်းအားပေး လုပ်ဆောင်တာတွေကို လုံး၀ လက်မခံပါဘူး။ တရားစစ် တရားမှန်ရဖို့ ဘိက္ခုနီ ဝတ်စရာ မလိုဘူးလို့လည်း သူက မိန့်ပါတယ်။

ဒါကို မေးခွန်း ပြန် ထုတ်သူကတော့ ဘိက္ခုနီရဟန်း ဓမ္မံနန္ဒ ပါ။

“ဘိက္ခုနီ ရဟန်းဝတ်နဲ့ ခုလိုနေထိုင်တဲ့ ပုံစံမျိုး၊ ဒီလို ဘဝမျိုးကို မခံယူဖို့ သံဃာတွေက ဘာကြောင့် ပြောရတာလဲ။ သူတို့ကိုယ်တိုင်တောင် ရဟန်းဘ၀ ခံယူသေးတာပဲ။ ခုလိုပြောရင် သူတို့ရော ဘာလို့ ရဟန်းခံကြ သေးလဲ ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။”

ဘယ်လိုပဲ ဖြစ်ဖြစ် တချိန်က ထွန်းကားခဲ့တဲ့ ဘိက္ခုနီ သာသနာကို အခုအချိန်မှာ ပြန်လည် ပေါ်ထွန်း လာအောင် ကြိုးစားသူတွေ၊ ဘိက္ခုနီ ရဟန်းဝတ်သူတွေ ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ စုလောက်အတွင်း သိသိသာသာ ပိုများလာပါတယ်။

ဘိက္ခုနီဘဝနဲ့ သာသနာပြန့်ပွားရေး ဆောင်ရွက်လာခဲ့တာ အနှစ် ၂၀ ကျော်လာပြီဖြစ်တဲ့ ဘိက္ခုနီ သတ္တလောက မဟာသီရိ ဆိုရင် လည်း လက်ရှိမှာ တခြား ဘိက္ခုနီတွေကို လမ်းညွှန် ပြသပေးနိုင်တဲ့၊ ဘိက္ခုနီရဟန်း ဝတ်ချင်တဲ့ အမျိုးသမီးတွေကို သိမ်ဝင် ရဟန်းပြုပေးနိုင်တဲ့ ဆရာတပါး ဖြစ်နေပါပြီ။

သူ့ရဲ့ သာသနာ သက်တမ်းအစမှာတုန်းကတော့ ထေရဝါဒ ဘိက္ခုနီ ၁၀ ပါး ဝန်းကျင်လောက်သာ တွေ့ခဲ့ရပြီး နောက်ပိုင်း ၁ နှစ် ၂ နှစ်အတွင်း ဘိက္ခုနီ အပါး ၅၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ သူက မိန့်ပါတယ်။ အခုနောက်ဆုံး ၂၀၂၀ ခုနှစ်အထိ စာရင်းအရ ဆိုရင် ကမ္ဘာမှာ ထေရဝါဒ ဘိက္ခုနီ ၅,၅၅၅ ပါးအထိ ရှိလာပြီလို့ ဘိက္ခုနီဆရာတော် မဟာသီရိက မိန့်ပါတယ်။

“ဒီမြေ ဒီနေရာမှာ၊ အရှင်ဘုရားတို့ရဲ့ အရာညဗောဒိ ကျောင်းသင်္ခမ်းမှာ ကိုပဲ အမေရိကန် ဌာနတိုင်းရင်းသူ အမျိုးသမီးတဦးကို ၂၀၁၀ ခုနှစ်မှာ ပထမဆုံး ဌာနတိုင်းရင်းသူ ဘိက္ခုနီ အဖြစ် သိမ်ဝင် ပေးခဲ့ပါတယ်။ ဒါက တကယ့်ကို ထူးခြားတဲ့ သမိုင်းမှတ်တိုင်တခုလို့ ထင်ပါတယ်။”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တုန်းက ဗုဒ္ဓမြတ်စွာဘုရားက အမျိုးသားနဲ့ အမျိုးသမီး တန်းတူ ရဟန်းဝတ်ခွင့် ပြုခဲ့ပေမဲ့၊ လက်ရှိခေတ်မှာတော့ ဒါကို ဆန့်ကျင်သူ၊ ခွဲခြား ဆက်ဆံသူတွေ စိတ်မကောင်းဖွယ်ရာ အများအပြား ရှိနေတယ်လို့ ဘိက္ခုနီတွေက မိန့်ပါတယ်။ တကယ်တော့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အမျိုးသမီးတွေ စွမ်းဆောင်နိုင်တဲ့ အရာတွေအများကြီး ရှိသလို၊ သာသနာ့တာဝန်ကိုလည်း အမျိုးသားတွေနဲ့ တန်းတူ ထမ်းရွက်နိုင်ပါတယ်လို့ သူတို့က မိန့်ဆိုကြပါတယ်။ ဒါကို အများ လက်ခံလာဖို့ ဘယ်လောက် အချိန်ယူ ကြိုးပမ်းကြရဦးမလဲ မသိနိုင် ပေမဲ့ ဘိက္ခုနီတွေကတော့ သူတို့ယုံကြည်ထားတဲ့ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်း သာသနာ ပြန့်ပွားရေး အတွက် စိန်ခေါ်မှုတွေကြားကပဲ ဆက်လက် ကြိုးပမ်း အားထုတ်နေကြတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။
XS
SM
MD
LG