သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမရွားသတၱဳနဲ႔ ျမန္မာႏိုင္ငံ - အပိုင္း (၂) တူးေဖၚေရး


ေျမရွားမိုင္း

တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

(Zawgyi)

ဒီတပတ္ေတာ့ ျမန္မာႏုိင္ငံမွာ ေျမရွားသတၱဳကို ဘယ္လို တူးေဖၚေနတယ္ ဆိုတာကို ဓါတ္သတၱဳရွာေဖြေရးနဲ႔ တူးေဖၚေရးပညာရွင္ ဦးေစာေနာင္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေမး။. ။“ျမန္မာႏိုင္ငံ ပန္ဝါေဒသက ေျမရွားသတၱဳထုတ္လုပ္ပံုကို နဲနဲ ရွင္းျပေပးပါဆရာ။ ဘယ္လိုပံုစံနဲ႔ ထုတ္ပါသလဲဆရာ။”

ဦးေစာေနာင္။. ။“ပန္ဝါမွာကေတာ့ ပင္ရင္းသိုက္အေနနဲ႔ တူးေနတာက မ်ားတယ္။ ဒါမ်ိဳး ပင္ရင္းသိုက္ကို တူးမယ္ဆိုရင္၊. ပထမေတာ့ သူက သတၱဳသိုက္ရွိတဲ့ေနရာရဲ့ ေျမေပၚေျမေအာက္ ေရစီးဆင္းပံု အေနအထားေတြ၊ ဒီ hydro geologic structure ေပါ့။ ေနာက္တခုက joint pattern ေတြ၊ ေက်ာက္ေတြရဲ့ အက္ၿပိဳင္စံနစ္ေတြကို ေလ့လာရမယ္။ ေနာက္ၿပီးရင္ ဒီသတၱဳသိုက္ရဲ့ တည္ေနပံု အေနအထားေတြကို ပထမ ေလ့လာဖုိ႔ လုိတယ္။ ဒါၿပီးမွ လိုအပ္သလို drill hole ေတြ တူးမယ္။ လိုအပ္သလို စိုက္က်င္းေတြ တူးေဖၚမယ္။ တူးေဖၚၿပီးလို႔ရွိရင္ ေအာက္မွာ ေရမစိမ့္ႏိုင္တဲ့ ကန္ေတြ၊ ကြန္ကရိကန္လိုမ်ိဳးေပါ့။ ကန္အဆင့္ဆင့္ကို ျပင္ဆင္ရမွာ။ အဲဒါေတြ အားလံုးကို ျပင္ဆင္ ၿပီးေတာ့က်မွ အမိုနီယမ္ ဆာလ္ဖိတ္ကို သူက ဖိအားနဲ႔ပန္းထည့္လိုက္တာ၊ ဒီတြင္းေတြ ထဲကို ေပါ့ေနာ္။ ဒီအမိုနီယမ္ဆာလ္ဖိတ္ေတြက ဒီအထဲမွာရွိတဲ့ သတၱဳေတြကို သြားၿပီးေတာ့ leaching လုပ္တယ္။”

ေမး။. ။“ေဖ်ာ္ထုတ္တာ ေပါ့ေနာ္။”

ဦးေစာေနာင္။ ။“ဟုတ္တယ္။ စားၿပီး ေပ်ာ္ဝင္ေစတာေပါ့။ ေပ်ာ္ဝင္ေစၿပီးရင္ သူက အညစ္အေၾကးေတြကို ဖယ္ထုတ္ေပးတယ္။ ဒီ ကယ္မီကယ္ေတြက စားၿပီးရင္ သူက အဆင့္ဆင့္နဲ႔ ေစာေစာက လုပ္ထားတဲ့ ကန္ေတြထဲကို သူ႔ဟာနဲ႔သူ စီးဝင္ၾကတာေပါ့။ သူက စီးဝင္ရင္း စီးဝင္ရင္းနဲ႔ တေျဖးေျဖးနဲ႔သန္႔စင္တဲ့ ေျမရွားေပ်ာ္ရည္ေတြ ရရွိလာတာေပါ့။ အဲေနာက္ဆံုးမွာ သူက ေျမရွားျပည့္ဝေပ်ာ္ရည္ေတြ အဆင့္ကို ေရာက္လာတာေပါ့။

အဲဒီလို ျပည့္ဝေပ်ာ္ရည္ အဆင့္ကို ေရာက္လာတဲ့ အခါ က်ရင္ေတာ့ သူတို႔က အမိုနီယမ္ ကာဗြန္နိတ္ ဒါမွမဟုတ္ ေအာက္ဆာလိဒ္ အက္ဆစ္ကို သံုးၿပီးရင္၊ ဒီအထဲကို ထည့္ၿပီးရင္ သူက ဒီေျမရွား အရည္ကေန ခဲေစတာေပါ့။ ေျမရွား အခဲေလးေတြကို ျဖစ္ေစတယ္။ ဒီ rare earth precipitate အခဲေလးေတြကို ရရွိလာတာေပါ့။ အဲဒါကို သူတုိ႔က ခဲလာတဲ့အခ်ိန္မွာ စစ္ယူတယ္။ စစ္ယူၿပီးရင္ အပူေပးတယ္။ အပူေပးၿပီးတဲ့ အခ်ိန္မွာေတာ့ က်ေနာ္တို႔ rare earth ေအာက္ဆိုဒ္ကို ရရွိၿပီျဖစ္တယ္။ အဲလိုနည္းနဲ႔ပဲ ထုတ္တယ္။”

ဒီနည္းက ဘယ္ေလာက္အထိ recover ျဖစ္သလဲ ဆိုေတာ့ over 90 % အထိ ျဖစ္တယ္။ ၉ ၀ ရာခိုင္ႏႈန္း ေက်ာ္ေက်ာ္အထိ ဒီ ေျမရွား သတၱဳကို ဖမ္းယူႏိုင္တာေပါ့ေနာ္။ ဒါက တရုတ္ျပည္ က်န္စီျပည္နယ္ တေလ ွ်ာက္မွာ လုပ္ေနတဲ့ ေျမရွားမိုင္းေတြက ဒီ method နည္းကိုပဲ သံုးတယ္။ ဒီနည္းကေတာ့ Insitu leaching method ေပါ့ေနာ္။ ဒီဟာနဲ႔ အသံုးျပဳၿပီးေတာ့ ထုတ္ေနၾကတယ္။”

ေမး။ ။“ဟုတ္ကဲ့။ ဒီပန္ဝါေဒသမွာတူးတာေဖၚတာက ပတ္ဝန္းက်င္အတြက္ အႏၱရာယ္ရွိတဲ့ ဓါတု ပစၥည္းေတြ သံုးၿပီး ေဖ်ာ္ထုတ္ၿပီးေတာ့မွ ေျမရွားသတၱဳကို ရဖို႔သန္႔စင္ရတယ္ ဆိုေတာ့ ဒါဟာ ပတ္ဝန္းက်င္ အတြက္ ပ်က္စီးမႈေတြ ျဖစ္ေစပါလားဆရာ။”

ဦးေစာေနာင္။. ။“ဟုတ္ကဲ့။ ပတ္ဝန္းက်င္ပ်က္စီးမႈကေတာ့ ေတာ္ေတာ္ကို ျဖစ္ေစတယ္။ ေျပာမယ္ ဆိုရင္ တရုတ္ျပည္ ေတာင္ပိုင္း ဒီ ပန္ဝါနဲ႔ ဆက္ေနတဲ့ ေနရာေတြမွာ တရုတ္ေတြက ဒီ ေျမရွားကို တူးၾကတာေပါ့ေနာ္။ တရားမဝင္ပဲ တူးၾကတယ္။ တူးၾကရင္းကေနပဲ ၂၀၁၀ ခုႏွစ္ေရာက္တဲ့ အခ်ိန္မွာ ေတာ္ေတာ္ကို ပ်က္စီးသြားေတာ့၊ ပတ္ဝန္းက်င္ေတာ္ေတာ္ ပ်က္စီးသြားေတာ့ တရုတ္အစိုးရက ေနၿပီးေတာ့ ၂၀၁၀ မွာ ပိတ္ပင္လိုက္တယ္။ ပိတ္ပင္လိုက္ေတာ့ ဟိုမွာ လုပ္ေနတဲ့ တရုတ္ ေျမရွား လုပ္ဖူးတဲ့သူေတြက က်ေနာ္တို႔ နယ္စပ္ကို ျဖတ္ၿပီးရင္ ဒီပန္ဝါထဲကို ဝင္ေရာက္ၿပီးရင္ ခိုးတူးလာၾကတာေပါ့။ အဲလို ခိုးတူးလာတဲ့ အခ်ိန္မွာ ဘာမွ မၾကာဘူး။ ဒီပန္ဝါနားမွာ ရွိတဲ့ သူတုိ႔လုပ္ကြက္နားမွာရွိတဲ့ ေက်းရြာေတြ ၂၀ ေလာက္ မွာ ရွိတဲ့ လ ွ်ိဳေျမာင္စိမ့္စမ္းေတြေပါ့။ ဒီေရေတြဟာ ေတာ္ေတာ္ ပ်က္စီးသြားတယ္။ အခုအခ်ိန္မွာေတာ့ ဒီပန္ဝါေဒသ ဒီေျမရွားလုပ္တဲ့ ဝန္းက်င္တေလ ွ်ာက္မွာ ရွိတဲ့ ေရေဝေရလဲ ေတြက အေတာ္ပ်က္စီးေနၿပီလို႔ ကခ်င္ပတ္ဝန္းက်င္ထိန္းသိမ္းေရး အဖြဲ႔က ဆိုထားတယ္။ ပတ္ဝန္းက်င္ထိခိုက္တာေပါ့။”

ေမး။. ။“ဒီသန္႔စင္တဲ့ ေနရာကလည္း က်ယ္ျပန္႔တယ္ ထင္တယ္ဆရာ။ ဒီေရေဝေရလဲေတြ အကုန္ ထိခိုက္တယ္ ဆိုေတာ့။ သတၱဳေတြက ဒီအဆိပ္ ဓါတုပစၥည္းေတြ ျပန္႔ႏွံ႔တာက ေတာ္ေတာ္ ေနရာက်ယ္ျပန႔္ေနၿပီ ထင္တယ္ဆရာ။”

ဦးေစာေနာင္။. ။“ဒီပတ္ဝန္းက်င္ထိန္းသိမ္းေရး အဖြဲ႔က ေျပာတာကေတာ့ အေတာ္ပ်က္စီးသြားတယ္လုိ႔ ေျပာတယ္။ က်ေနာ့္မိတ္ေဆြေတြ ဆီက ၾကားရတာကလည္း ဟုတ္တယ္ ေရေတြက သံုးလို႔ မရေလာက္ေအာင္ကို ျဖစ္သြားတာ။ ဒီပတ္ဝန္းက်င္မွာ ရွိတဲ့ ေခ်ာင္းေတြက ေရေတြဟာ သံုးလို႔ မရေအာင္ ဒီ poison အဆိပ္ခ်ည္းပဲ။ ထိရင္ ဒီအေရခြံ- အေရျပားမွာ ထိရင္ အေရျပား တခုခု ျဖစ္တာေပါ့။ ဒီ skin disease အေရျပားေရာဂါပဲ။”

ေမး။. ။“ဆရာ ဒီလိုမ်ိဳး ပတ္ဝန္းက်င္ ထိခိုက္ ပ်က္စီးေနတာေတြကို ဘယ္လို တားဆီးႏိုင္မယ္ ထင္ပါသလဲ ဆရာ။”
ဦးေစာေနာင္။. ။“အစိုးရ အေနနဲ႔ပဲ တာဝန္ယူလုပ္ရမွာပဲေလ။ ဒီအစိုးရအေနနဲ႔ အခုသတၱဳထုတ္လုပ္တာနဲ႔ ပတ္သက္ၿပီးရင္ နံမယ္ေကာင္းရွိတဲ့။ အစဥ္လာရွိတဲ့ mining သတၱဳတူးေဖၚေရး ကုမၸဏီေတြကို လိုင္စင္တုိ႔ ပါမစ္တုိ႔ ထုတ္ေပးၿပီး သတၱဳထုတ္ေစတာကေတာ့ အေကာင္းဆံုးပဲ။ ၿပီးရင္ေတာ့ သူတုိ႔ စာခ်ဳပ္ပါ စည္းကမ္း အတိုင္း လုပ္မလုပ္ ဆိုတာကို က်ေနာ္တို႔ သက္ဆိုင္ရာ သတၱဳတြင္းဌာန တာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြက အနီးကပ္၊ တခ်ိန္လံုး အနီးကပ္ ႀကီးၾကပ္ဖို႔ လိုတာေပါ့။ အဲဒီလိုမ်ိဳး လုပ္ႏိုင္မယ္ ဆိုရင္ေတာ့ အခုထက္ အ မ်ားႀကီး ပ်က္စီးတာ သက္သာမွာေတာ့ အေသအခ်ာပဲ။”

ေမး။ ။“ဆရာ အခု လက္ရွိမွာ ေျမရွားသတၱဳနဲ႔ပတ္သက္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ လုပ္ေနတဲ့ အေျခေနေပါ့ေနာ္။ ဆရာ ေစာေစာက ေျပာသလိုဆို တရုတ္ႏိုင္ငံကပဲ လာၿပီး တူးေဖၚေနၾကတယ္ ဆ္ိုေတာ့။ တကယ္ဆို ျမန္မာႏိုင္ငံမွာက တႏိုင္တပိုင္ လုပ္ေနတဲ့ သူေတြက အမ်ားႀကီးရွိတယ္။ တကယ္လို႔ တႏိုင္တပိုင္ လုပ္ေနတဲ့ ျမန္မာေတြ ဒီေျမရွား သတၱဳကို တူးခ်င္ ေဖၚခ်င္တယ္ ဆိုရင္ လုပ္လို႔ ရပါလား ဆရာ။”

ဦးေစာေနာင္။. ။“လုပ္မယ္ဆိုရင္ေတာ့ လုပ္လို႔ ရတာေပါ့။ လုပ္ဖို႔အတြက္ လုပ္ကြက္ ပါမစ္ ရဖို႔ လိုတယ္ေလ။ အခုကေတာ့ မရေတာ့ ခိုးလုပ္ေနၾကတာကိုး၊ ခိုးလုပ္ေတာ့ ပိုပ်က္စီးတာေပါ့။ လုပ္လို႔ ရပါတယ္။ မရစရာ မရွိဘူး။ ဒီ ဓါတုပစၥည္းေတြပဲ အမွန္ကေတာ့ လုိအပ္တာေပါ့။ အဓိက ကေတာ့ ဒီ အမိုနီယမ္ဆာလ္ဖိတ္ရယ္။. သူက leaching လုပ္ဖို႔အတြက္ လုိတယ္။ ေနာက္တခုက ေနာက္ဆံုး ျပည့္ဝေပ်ာ္ရည္ထဲမွာ ျမန္ျမန္ ခဲသြားေအာင္ အတြက္ကေတာ့ ဒီ အမိုနီယမ္ ကာဗြန္နိတ္ လိုတာေပါ့။

ေစာေစာပိုင္းကေတာ့ ဒီျမန္မာေတြထဲက ဒီေျမရွားေတြ႔တယ္ ဆိုတဲ့ေနရာမွာ ဒါေတြကေတာ့ residual (ကၽြင္းစုသိုက္) မ်ိဳးတို႔ clay (ေျမေစးအမ်ိုးအစား) သိုက္မ်ိဳးတို႔ ။ secondary ေတြေပါ့။ အဲဒါေတြမွာ က်ေတာ့ ေျမကလည္း ေပ်ာ့ေတာ့ ဒီ ဂဝံေက်ာက္ေျမမ်ိဳး ေျမေစးေျမမ်ိဳး တို႔က် သူက ဘက္ဟိုးေတြနဲ႔ ကုပ္ၿပီး ဒီထရပ္ကားေတြနဲ႔ တင္ၿပီး သူတို႔ ဒီတရုတ္ကလည္း ဝယ္တယ္ အရင္က။ ေနာက္ပိုင္းက်ေတာ့ ဒီလိုမဝယ္ေတာ့ဘူးေလ။ သူတို႔က သန္႔စင္ၿပီးမွ ဒါကိုပဲ ယူေတာ့တယ္။ သူတုိ႔ဆီမွာ ပတ္ဝန္းက်င္ အပ်က္မခံဘူး ထင္တာပဲေလ။

ဘူမိပညာရွင္ ဦးေစာေနာင္ပါ။ ျမန္မာႏုိင္ငံက ေျမရွားသတၱဳ အလားအလာနဲ႔ ဒီသတၱဳဘယ္ေလာက္ အေရးပါတယ္ ဆိုတာေတြကို ဆက္ၿပီး တင္ျပေပးအံုးမွာပါ။

Unicode

မြေရှားသတ္တုနဲ့ မြန်မာနိုင်ငံ - အပိုင်း (၂) တူးဖေါ်ရေး

ဒီတပတ်တော့ မြန်မာနိုင်ငံမှာ မြေရှားသတ္တုကို ဘယ်လို တူးဖေါ်နေတယ် ဆိုတာကို ဓါတ်သတ္တုရှာဖွေရေးနဲ့ တူးဖေါ်ရေးပညာရှင် ဦးစောနောင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

မေး။. ။“မြန်မာနိုင်ငံ ပန်ဝါဒေသက မြေရှားသတ္တုထုတ်လုပ်ပုံကို နဲနဲ ရှင်းပြပေးပါဆရာ။ ဘယ်လိုပုံစံနဲ့ ထုတ်ပါသလဲဆရာ။”

ဦးစောနောင်။. ။“ပန်ဝါမှာကတော့ ပင်ရင်းသိုက်အနေနဲ့ တူးနေတာက များတယ်။ ဒါမျိုး ပင်ရင်းသိုက်ကို တူးမယ်ဆိုရင်၊. ပထမတော့ သူက သတ္တုသိုက်ရှိတဲ့နေရာရဲ့ မြေပေါ်မြေအောက် ရေစီးဆင်းပုံ အနေအထားတွေ၊ ဒီ hydro geologic structure ပေါ့။ နောက်တခုက joint pattern တွေ၊ ကျောက်တွေရဲ့ အက်ပြိုင်စံနစ်တွေကို လေ့လာရမယ်။ နောက်ပြီးရင် ဒီသတ္တုသိုက်ရဲ့ တည်နေပုံ အနေအထားတွေကို ပထမ လေ့လာဖို့ လိုတယ်။ ဒါပြီးမှ လိုအပ်သလို drill hole တွေ တူးမယ်။ လိုအပ်သလို စိုက်ကျင်းတွေ တူးဖေါ်မယ်။ တူးဖေါ်ပြီးလို့ရှိရင် အောက်မှာ ရေမစိမ့်နိုင်တဲ့ ကန်တွေ၊ ကွန်ကရိကန်လိုမျိုးပေါ့။ ကန်အဆင့်ဆင့်ကို ပြင်ဆင်ရမှာ။ အဲဒါတွေ အားလုံးကို ပြင်ဆင် ပြီးတော့ကျမှ အမိုနီယမ် ဆာလ်ဖိတ်ကို သူက ဖိအားနဲ့ပန်းထည့်လိုက်တာ၊ ဒီတွင်းတွေ ထဲကို ပေါ့နော်။ ဒီအမိုနီယမ်ဆာလ်ဖိတ်တွေက ဒီအထဲမှာရှိတဲ့ သတ္တုတွေကို သွားပြီးတော့ leaching လုပ်တယ်။”

မေး။. ။“ဖျော်ထုတ်တာ ပေါ့နော်။”

ဦးစောနောင်။ ။“ဟုတ်တယ်။ စားပြီး ပျော်ဝင်စေတာပေါ့။ ပျော်ဝင်စေပြီးရင် သူက အညစ်အကြေးတွေကို ဖယ်ထုတ်ပေးတယ်။ ဒီ ကယ်မီကယ်တွေက စားပြီးရင် သူက အဆင့်ဆင့်နဲ့ စောစောက လုပ်ထားတဲ့ ကန်တွေထဲကို သူ့ဟာနဲ့သူ စီးဝင်ကြတာပေါ့။ သူက စီးဝင်ရင်း စီးဝင်ရင်းနဲ့ တဖြေးဖြေးနဲ့သန့်စင်တဲ့ မြေရှားပျော်ရည်တွေ ရရှိလာတာပေါ့။ အဲနောက်ဆုံးမှာ သူက မြေရှားပြည့်ဝပျော်ရည်တွေ အဆင့်ကို ရောက်လာတာပေါ့။

အဲဒီလို ပြည့်ဝပျော်ရည် အဆင့်ကို ရောက်လာတဲ့ အခါ ကျရင်တော့ သူတို့က အမိုနီယမ် ကာဗွန်နိတ် ဒါမှမဟုတ် အောက်ဆာလိဒ် အက်ဆစ်ကို သုံးပြီးရင်၊ ဒီအထဲကို ထည့်ပြီးရင် သူက ဒီမြေရှား အရည်ကနေ ခဲစေတာပေါ့။ မြေရှား အခဲလေးတွေကို ဖြစ်စေတယ်။ ဒီ rare earth precipitate အခဲလေးတွေကို ရရှိလာတာပေါ့။ အဲဒါကို သူတို့က ခဲလာတဲ့အချိန်မှာ စစ်ယူတယ်။ စစ်ယူပြီးရင် အပူပေးတယ်။ အပူပေးပြီးတဲ့ အချိန်မှာတော့ ကျနော်တို့ rare earth အောက်ဆိုဒ်ကို ရရှိပြီဖြစ်တယ်။ အဲလိုနည်းနဲ့ပဲ ထုတ်တယ်။”

ဒီနည်းက ဘယ်လောက်အထိ recover ဖြစ်သလဲ ဆိုတော့ over 90 % အထိ ဖြစ်တယ်။ ၉ ၀ ရာခိုင်နှုန်း ကျော်ကျော်အထိ ဒီ မြေရှား သတ္တုကို ဖမ်းယူနိုင်တာပေါ့နော်။ ဒါက တရုတ်ပြည် ကျန်စီပြည်နယ် တလေ ျှာက်မှာ လုပ်နေတဲ့ မြေရှားမိုင်းတွေက ဒီ method နည်းကိုပဲ သုံးတယ်။ ဒီနည်းကတော့ Insitu leaching method ပေါ့နော်။ ဒီဟာနဲ့ အသုံးပြုပြီးတော့ ထုတ်နေကြတယ်။”

မေး။ ။“ဟုတ်ကဲ့။ ဒီပန်ဝါဒေသမှာတူးတာဖေါ်တာက ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိတဲ့ ဓါတု ပစ္စည်းတွေ သုံးပြီး ဖျော်ထုတ်ပြီးတော့မှ မြေရှားသတ္တုကို ရဖို့သန့်စင်ရတယ် ဆိုတော့ ဒါဟာ ပတ်ဝန်းကျင် အတွက် ပျက်စီးမှုတွေ ဖြစ်စေပါလားဆရာ။”

ဦးစောနောင်။. ။“ဟုတ်ကဲ့။ ပတ်ဝန်းကျင်ပျက်စီးမှုကတော့ တော်တော်ကို ဖြစ်စေတယ်။ ပြောမယ် ဆိုရင် တရုတ်ပြည် တောင်ပိုင်း ဒီ ပန်ဝါနဲ့ ဆက်နေတဲ့ နေရာတွေမှာ တရုတ်တွေက ဒီ မြေရှားကို တူးကြတာပေါ့နော်။ တရားမဝင်ပဲ တူးကြတယ်။ တူးကြရင်းကနေပဲ ၂၀၁၀ ခုနှစ်ရောက်တဲ့ အချိန်မှာ တော်တော်ကို ပျက်စီးသွားတော့၊ ပတ်ဝန်းကျင်တော်တော် ပျက်စီးသွားတော့ တရုတ်အစိုးရက နေပြီးတော့ ၂၀၁၀ မှာ ပိတ်ပင်လိုက်တယ်။ ပိတ်ပင်လိုက်တော့ ဟိုမှာ လုပ်နေတဲ့ တရုတ် မြေရှား လုပ်ဖူးတဲ့သူတွေက ကျနော်တို့ နယ်စပ်ကို ဖြတ်ပြီးရင် ဒီပန်ဝါထဲကို ဝင်ရောက်ပြီးရင် ခိုးတူးလာကြတာပေါ့။ အဲလို ခိုးတူးလာတဲ့ အချိန်မှာ ဘာမှ မကြာဘူး။ ဒီပန်ဝါနားမှာ ရှိတဲ့ သူတို့လုပ်ကွက်နားမှာရှိတဲ့ ကျေးရွာတွေ ၂၀ လောက် မှာ ရှိတဲ့ လ ျှိုမြောင်စိမ့်စမ်းတွေပေါ့။ ဒီရေတွေဟာ တော်တော် ပျက်စီးသွားတယ်။ အခုအချိန်မှာတော့ ဒီပန်ဝါဒေသ ဒီမြေရှားလုပ်တဲ့ ဝန်းကျင်တလေ ျှာက်မှာ ရှိတဲ့ ရေဝေရေလဲ တွေက အတော်ပျက်စီးနေပြီလို့ ကချင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က ဆိုထားတယ်။ ပတ်ဝန်းကျင်ထိခိုက်တာပေါ့။”

မေး။. ။“ဒီသန့်စင်တဲ့ နေရာကလည်း ကျယ်ပြန့်တယ် ထင်တယ်ဆရာ။ ဒီရေဝေရေလဲတွေ အကုန် ထိခိုက်တယ် ဆိုတော့။ သတ္တုတွေက ဒီအဆိပ် ဓါတုပစ္စည်းတွေ ပြန့်နှံ့တာက တော်တော် နေရာကျယ်ပြန့်နေပြီ ထင်တယ်ဆရာ။”

ဦးစောနောင်။. ။“ဒီပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က ပြောတာကတော့ အတော်ပျက်စီးသွားတယ်လို့ ပြောတယ်။ ကျနော့်မိတ်ဆွေတွေ ဆီက ကြားရတာကလည်း ဟုတ်တယ် ရေတွေက သုံးလို့ မရလောက်အောင်ကို ဖြစ်သွားတာ။ ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ ချောင်းတွေက ရေတွေဟာ သုံးလို့ မရအောင် ဒီ poison အဆိပ်ချည်းပဲ။ ထိရင် ဒီအရေခွံ- အရေပြားမှာ ထိရင် အရေပြား တခုခု ဖြစ်တာပေါ့။ ဒီ skin disease အရေပြားရောဂါပဲ။”

မေး။. ။“ဆရာ ဒီလိုမျိုး ပတ်ဝန်းကျင် ထိခိုက် ပျက်စီးနေတာတွေကို ဘယ်လို တားဆီးနိုင်မယ် ထင်ပါသလဲ ဆရာ။”
ဦးစောနောင်။. ။“အစိုးရ အနေနဲ့ပဲ တာဝန်ယူလုပ်ရမှာပဲလေ။ ဒီအစိုးရအနေနဲ့ အခုသတ္တုထုတ်လုပ်တာနဲ့ ပတ်သက်ပြီးရင် နံမယ်ကောင်းရှိတဲ့။ အစဉ်လာရှိတဲ့ mining သတ္တုတူးဖေါ်ရေး ကုမ္ပဏီတွေကို လိုင်စင်တို့ ပါမစ်တို့ ထုတ်ပေးပြီး သတ္တုထုတ်စေတာကတော့ အကောင်းဆုံးပဲ။ ပြီးရင်တော့ သူတို့ စာချုပ်ပါ စည်းကမ်း အတိုင်း လုပ်မလုပ် ဆိုတာကို ကျနော်တို့ သက်ဆိုင်ရာ သတ္တုတွင်းဌာန တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အနီးကပ်၊ တချိန်လုံး အနီးကပ် ကြီးကြပ်ဖို့ လိုတာပေါ့။ အဲဒီလိုမျိုး လုပ်နိုင်မယ် ဆိုရင်တော့ အခုထက် အ များကြီး ပျက်စီးတာ သက်သာမှာတော့ အသေအချာပဲ။”

မေး။ ။“ဆရာ အခု လက်ရှိမှာ မြေရှားသတ္တုနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ အခြေနေပေါ့နော်။ ဆရာ စောစောက ပြောသလိုဆို တရုတ်နိုင်ငံကပဲ လာပြီး တူးဖေါ်နေကြတယ် ဆိုတော့။ တကယ်ဆို မြန်မာနိုင်ငံမှာက တနိုင်တပိုင် လုပ်နေတဲ့ သူတွေက အများကြီးရှိတယ်။ တကယ်လို့ တနိုင်တပိုင် လုပ်နေတဲ့ မြန်မာတွေ ဒီမြေရှား သတ္တုကို တူးချင် ဖေါ်ချင်တယ် ဆိုရင် လုပ်လို့ ရပါလား ဆရာ။”

ဦးစောနောင်။. ။“လုပ်မယ်ဆိုရင်တော့ လုပ်လို့ ရတာပေါ့။ လုပ်ဖို့အတွက် လုပ်ကွက် ပါမစ် ရဖို့ လိုတယ်လေ။ အခုကတော့ မရတော့ ခိုးလုပ်နေကြတာကိုး၊ ခိုးလုပ်တော့ ပိုပျက်စီးတာပေါ့။ လုပ်လို့ ရပါတယ်။ မရစရာ မရှိဘူး။ ဒီ ဓါတုပစ္စည်းတွေပဲ အမှန်ကတော့ လိုအပ်တာပေါ့။ အဓိက ကတော့ ဒီ အမိုနီယမ်ဆာလ်ဖိတ်ရယ်။. သူက leaching လုပ်ဖို့အတွက် လိုတယ်။ နောက်တခုက နောက်ဆုံး ပြည့်ဝပျော်ရည်ထဲမှာ မြန်မြန် ခဲသွားအောင် အတွက်ကတော့ ဒီ အမိုနီယမ် ကာဗွန်နိတ် လိုတာပေါ့။

စောစောပိုင်းကတော့ ဒီမြန်မာတွေထဲက ဒီမြေရှားတွေ့တယ် ဆိုတဲ့နေရာမှာ ဒါတွေကတော့ residual (ကျွင်းစုသိုက်) မျိုးတို့ clay (မြေစေးအမျိုးအစား) သိုက်မျိုးတို့ ။ secondary တွေပေါ့။ အဲဒါတွေမှာ ကျတော့ မြေကလည်း ပျော့တော့ ဒီ ဂဝံကျောက်မြေမျိုး မြေစေးမြေမျိုး တို့ကျ သူက ဘက်ဟိုးတွေနဲ့ ကုပ်ပြီး ဒီထရပ်ကားတွေနဲ့ တင်ပြီး သူတို့ ဒီတရုတ်ကလည်း ဝယ်တယ် အရင်က။ နောက်ပိုင်းကျတော့ ဒီလိုမဝယ်တော့ဘူးလေ။ သူတို့က သန့်စင်ပြီးမှ ဒါကိုပဲ ယူတော့တယ်။ သူတို့ဆီမှာ ပတ်ဝန်းကျင် အပျက်မခံဘူး ထင်တာပဲလေ။

ဘူမိပညာရှင် ဦးစောနောင်ပါ။ မြန်မာနိုင်ငံက မြေရှားသတ္တု အလားအလာနဲ့ ဒီသတ္တုဘယ်လောက် အရေးပါတယ် ဆိုတာတွေကို ဆက်ပြီး တင်ပြပေးအုံးမှာပါ။

XS
SM
MD
LG